• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရဟတ်ယာဉ်တင် သင်္ဘောကို လေယာဉ်တင် သင်္ဘောအဖြစ် ဂျပန် ပြောင်းလဲ

by ဧရာဝတီ
18 July 2020
in သတင်း
A A
JS Izumo (ဝဲ) ကို အမေရိကန် လေယာဉ်တင်သင်္ဘော SS Ronald Reagan နှင့်အတူ မြင်ရစဉ် / Japan Maritime Self-Defense Force

JS Izumo (ဝဲ) ကို အမေရိကန် လေယာဉ်တင်သင်္ဘော SS Ronald Reagan နှင့်အတူ မြင်ရစဉ် / Japan Maritime Self-Defense Force

17.8k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ Japan Maritime United Isogo သင်္ဘောကျင်းတွင် JS Izumo DDH-183 သင်္ဘောကို လေယာဉ်တင် သင်္ဘောအဖြစ် ပြောင်းလဲပြုပြင်နေသည်။

မူလက ရဟတ်ယာဉ်တင် ဖျက်သင်္ဘောအဖြစ် ထုတ်လုပ်ထားသော JS Izumo DDH-183 သည် ကုန်းပတ်တွင် တောင်ပံအသေတပ်ဆင်ထားသည့် လေယာဉ်များ မောင်းနှင်နိုင်သည့် စွမ်းရည်မရှိပေ။ ထိုသို့ပြောင်းလဲခြင်းကို ပြုလုပ်သည့် အဓိက အဆင့် ၂ ဆင့်သည် ထိုသင်္ဘောကို ၅ နှစ်တကြိမ်ပြုပြင်စစ်ဆေးသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ JS Izumo DDH-183 ကို ဂျပန်နိုင်ငံ၏ F-35B Lightning II ဂျက်တိုက်လေယာဉ်သစ်များ တင်ဆောင်နိုင်အောင်ပြုပြင်မည်ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
93
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
886
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
19

ဒုတိယကမ္ဘာစစ်အပြီးတွင် လက်နက်ချပြီးနောက် တော်ဝင်ဂျပန်ရေတပ်တွင် လေယာဉ်တင် သင်္ဘော ၃ စင်းသာ ကျန်ရှိသည်။ Hōshō သည်လေ့ကျင့်ရေး လေယာဉ်သင်္ဘောအဖြစ် ကျန်ရှိသည်။ Junyō မှ ဖိလစ်ပိုင် ပင်လယ်စစ်ပွဲတွင် ထိခိုက်ပျက်စီးပြီး ပြုပြင်ရန် စောင့်ဆိုင်းနေရသည်။ Katsuragi ကို ၁၉၄၄ ခုနှစ်တွင် တည်ဆောက်ပြီးသောအခါ လုံလောက်သော လောင်စာ၊ လေယာဉ်နှင့် လေယာဉ်မှူးများ ဖြည့်တင်းနိုင်ခြင်း မရှိသေးပေ။

ဂျပန်စစ်သားများကို ဂျပန်သို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် Hōshō နှင့် Katsuragi တို့အား ၁၉၄၇ ခုနှစ်အထိသုံးခဲ့ပြီး နောက် ထိုလက်ကျန်လေယာဉ်တင်သင်္ဘောများနှင့် တည်ဆောက်ဆဲ လေယာဉ်တင် သင်္ဘောများကို ဖျက်ဆီးခဲ့သည်။

ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် အခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ပွဲကို နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်အဖြစ်နှင့် နိုင်ငံတကာပြဿနာများဖြေရှင်းရာတွင် အင်အားသုံးပြုသည့် သို့မဟုတ် ခြိမ်းခြောက်သည့် နည်းလမ်း အဖြစ် စွန့်လွှတ်ထားသည်။ ထို့ကြောင့် အာဏာထူထောင်ရန်အတွက် ဂျပန်ရေတပ်ကို စစ်ဖက်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်ခြင်းမရှိပေ။

ထို့ကြောင့် ဂျပန်နိုင်ငံသည် ရေကြောင်း နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ကို နိုင်ငံကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဂျပန်ကျွန်းများကို ကာကွယ်ရန်အတွက် ရေကြောင်းနိုင်ငံကာကွယ်ရေးတပ်ဖွဲ့ကို တာဝန်ပေးအပ်ထားသော်လည်း စစ်အေးတိုက်ပွဲအတွင်း ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများနှင့်မဟာမိတ်ဖြစ်သောကြောင့် ဆိုဗီယက် ရေတပ်ကို တိုက်ခိုက်ရန် ရေငုတ်သင်္ဘော စစ်ရေးစစ်ရာများကို အာရုံစိုက်သည်။

၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသည် Hyūga အတန်းအစား ရဟတ်ယာဉ်တင် ဖျက်သင်္ဘောနှစ်စင်းကို စတင်အသုံးပြုသည်။ ကုန်းပတ်မှာ ညီညာပြီး ထို သင်္ဘောနှစ်စင်းကို တခါတရံ ဂျပန်၏ ပထမဆုံး လေယာဉ် သင်္ဘောများဟု ခေါ်တတ်ကြသည်။ သို့သော် ၎င်းတို့သည် ထောင်လိုက်ဆင်းတက်သည့် လေယာဉ်များကိုသာ သယ်ဆောင်နိုင်သော စွမ်းရည်ရှိပြီး VTOL တောင်ပံသေ တပ်ဆင်ထားသော လေယာဉ်များပင် ဆင်းတက်နိုင်ခြင်းမရှိပေ။ သဘောတရားအရ ပြောရပါက Hyūgas အတန်းအစားသင်္ဘောများကို ရေငုတ်သင်္ဘောတိုက်ဖျက်ရေးအတွက် အသုံးပြုသည်။

၂၀၁၃ ခုနှစ်တွင် စတင်အသုံးပြုသည့် Izumo သည် ၎င်း၏ အတန်းအစားတွင် ထိပ်တန်းသင်္ဘောဖြစ်ပြီး Hyūgas အတန်းအစားသင်္ဘောများကို အစားထိုးခြင်းဖြစ်သည်။ တန်ချိန် ၂၇၀၀၀ ရှိသော Izumo နှင့် ၎င်း၏ ညီအမ သင်္ဘော Kaga DDH-184 တို့သည် ဂျပန် နိုင်ငံရေကြောင်းကာကွယ်ရေးတပ်ဖွဲ့အတွက် အကြီးမားဆုံး ထိုးစစ်သုံး သင်္ဘောများဖြစ်သည်။

ယခင် Hyūgas အတန်းအစား သင်္ဘောများကဲ့သို့ပင် Izumo သည် ရဟတ်ယာဉ်တင် ဖျက်သင်္ဘောဖြစ်ပြီး ရေငုတ်သင်္ဘောတိုက်ဖျက်ရန် အသုံးပြုသည်။ သို့သော် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကာကွယ်ရေးလမ်းညွုန်ချက် အသစ်များနှင့်အညီ Izumo ကို တောင်ပံသေ တတ်ဆင်ထားသော လေယာဉ်များ တင်ဆောင်နိုင်အောင်ပြုပြင်ပြောင်းလဲမည်ဟု ဂျပန်အစိုးရက ကြေညာသည်။

ဂျပန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒသစ်အရ တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ကျူးကျော်မှုနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် Shandong လေယာဉ်တင်သင်္ဘောတည်ဆောက်ပြီးစီးသွားခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပိုမိုကျစ်လစ်သိပ်သည်း ပြောင်းလဲနိုင်သော ဘက်စုံသုံးတပ်ဖွဲ့ကို ထူထောင်ရန် တောင်းဆိုလာသည်။

ဒေါ်လာ ၂၈ သန်းကုန်ကျမည်ဟု ခန့်မှန်းရသည့် Izumo ကို ပြုပြင်တိုးချဲ့မှုတွင် နောက်ထပ်အလေးချိန် ပိုမိုတင်နိုင်ရန် အားဖြည့်ထားသည့် ရှင်းလင်းသော ကုန်းပတ်ပါဝင်ပြီး လေယာဉ် လမ်းညွှန်မီးများနှင့် F-35Bs လေယာဉ်များဒေါင်လိုက် ဆင်းတက်နိုင်ရန် အပူဒဏ်ခံနိုင်သော ကုန်းပတ် အစိတ်အပိုင်းလည်း ပါဝင်သည်။ လေယာဉ်ပြေးလမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ပထမအဆင့် ပြုပြင်ပြောင်းလဲမှုများပြီးစီးသောအခါ စမ်းသပ်မှုအများအပြားနှင့် ပင်လယ်ပြင်တွင် စမ်းသပ်ခြင်းတို့ဖြင့် အကဲဖြတ်မည်ဖြစ်သည်။ အဆင့် ၂ နောက်ဆုံး ပြုပြင်ပြောင်းလဲမှုများကို နောက်တကြိမ် ပြုပြင်မည့် ၂၀၂၅ ဘာဏ္ဍာရေးနှစ်တွင် လုပ်ဆောင်မည်ဟု မျှော်လင့်ရပြီး ထိုအခါတွင် စမ်းသပ်အကဲဖြတ်မည်ဖြစ်သည်။ Izumo ၏ ညီအမ သင်္ဘောဖြစ်သော Kaga ကိုလည်း လေယာဉ်တင် သင်္ဘောအဖြစ် ပြုပြင်ပြောင်းလဲမည်ဖြစ်သော်လည်း အချိန်ဇယားကို ထုတ်ပြန်ခြင်းမရှိသေးပေ။

Izumo နှင့် Kaga လေယာဉ်တင် သင်္ဘောများအဖြစ် ပြောင်းလဲလိုက်သောကြောင့် မဟာမိတ်များနှင့် ပူးပေါင်း စစ်ဆင်နိုင်မည်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောများအဖြစ် ထိုသင်္ဘောများသည် ဂျပန်၏ F-35Bs များကိုသာမက အမေရိကန်၏ F-35Bs များနှင့် V-22 Ospreys များကိုလည်း လက်ခံနိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့က အမေရိကန် မရိန်းတပ်များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ရောဘတ် နဲလားနှင့် ပြုလုပ်သည့် အစည်းအဝေးတခုတွင် ဂျပန်အစိုးရက အနာဂတ်လေယာဉ်တင်သင်္ဘောများ၏ ကုန်းပါတ်တွင် F-35Bs များ မည်သို့ မောင်းနှင်ရမည်ကို အကြံဉာဏ်နှင့် လမ်းညွှန်ချက်တောင်းခံခဲ့သည်။ ဗိုလ်ချုပ်ကြီးနဲလားက သူအတတ်နိုင်ဆုံး ကူညီမည်ဟု အကြောင်းပြန်ခဲ့သည်။

ရဟတ်ယာဉ်တင် ဖျက်သင်္ဘောများကို လေယာဉ်တင်သင်္ဘောများအဖြစ် ပြောင်းလဲခြင်းကို ပြည်တွင်းပြည်ပမှ ဆန့်ကျင်မှုများလည်း ရှိသည်။ ထိုသို့သော စွမ်းရည်သစ်များရှိသောကြောင့် အနာဂတ်တွင် ဂျပန်နိုင်ငံ၏ စစ်ရေးကျူးကျော် ရန်စမှုများဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။

ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် တန်ချိန်အရ တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု ပြီးလျှင် အကြီးမားဆုံးရေတပ်ဖြစ်နေပြီးဖြစ်သည်။ သို့သော် ခေတ်မီရေးလုပ်ဆောင်ခြင်းသည် ကြီးထွားလာနေသော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုမှ မိမိနိုင်ငံကို မိမိကာကွယ်ရန် စွမ်းရည်မြှင့်တင်ရန်သာဖြစ်ကြောင်း ဂျပန်အစိုးရကပြောသည်။

ကိုးကား။ ။ Business Insider

You may also like these stories:

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်

အိန္ဒိယ-တရုတ် နယ်ခြားအငြင်းပွားမှု နှစ်ဘက်ထိပ်တိုက်တွေ့လာနေ

တရုတ်ဖိအားမြင့်လာချိန် သင်္ဘောဖျက်ဒုံးများ ထိုင်ဝမ်ဝယ်မည်

၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: F-35BJS Izumoဂျက်တိုက်လေယာဉ်သစ်များဂျပန်ရေတပ်တရုတ်လေယာဉ်တင် သင်္ဘောအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
Nissan Ariya လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကား

Nissan ရဲ့ ပထမဆုံးနည်းပညာမြင့် လျှပ်စစ်ကားကို ပြသ

BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင်တွေ့ရသည့် တရုတ်နိုင်ငံသားတချို့ / ထက်ဝေ / ဧရာဝတီ

ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate