• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပိုဆိုးလာသည့် အွန်လိုင်းစုမဲ ငွေလိမ်မှုများ ထိန်းရခက်နေဟု ရဲတပ်ဖွဲ့ပြော

by လဲ့လဲ့
19 July 2020
in သတင်း
A A
ထိန်းရခက်လာသည့် တရားမဝင်အွန်လိုင်း စုမဲများ  / ကျော်ခ / ဧရာဝတီ

ထိန်းရခက်လာသည့် တရားမဝင်အွန်လိုင်း စုမဲများ / ကျော်ခ / ဧရာဝတီ

39.7k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက်ကို အသုံးချပြီး အွန်လိုင်းတွင် စုမဲ ငွေလိမ်လည်မှုများမှာ ပိုများလာပြီး ထိန်းသိမ်း ရခက်နေသည်ဟု နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေက ဧရာဝတီသို့ ပြောသည်။

နည်းပညာမှုခင်းဌာနသို့ ရောက်ရှိလာသည့် အွန်လိုင်းမှ တဆင့် စုမဲ ငွေလိမ်လည်သည့် အမှုပေါင်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁၁၀ ရှိပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ အမှုပေါင်း ၉၀ ရှိပြီဟု ပိုဆိုးလာသည့် အခြေအနေကို ထောက်ပြပြောဆိုသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
26
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
481
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
126

ရဲမှူးကြီး ညွန့်ဝေက “အွန်လိုင်းစုမဲ လိမ်လည်မှုတွေက အရမ်းများလွန်းတယ်။ တနှစ်ထက် တနှစ် ပိုတိုးလာတယ်။ အဲဒါက အတိုးများများရလိုမှုအပေါ်မှာ မြူဆွယ်တာပေါ့။ အတိုးများများနဲ့ မြူဆွယ်တော့ ဒီဟာက တားမနိုင်၊ ဆီးမရကို ဖြစ်နေတယ်။ အဓိကကတော့ လူတွေရဲ့လောဘကြောင့်ပေါ့။ ဒါတွေကို ပြည်သူလူထု သတိပြုဖို့ Facebook အကောင့်တွေကို အယုံမလွယ်ဖို့ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အွန်လိုင်းစုမဲ ဆိုသည်မှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် သိမြင်ပြီး ခင်မင်ကြရာမှ တဆင့် လူ ၁ ဦးက ဦးဆောင်ကာ သတ်မှတ်ငွေကို သတ်မှတ်လူဦးရေ အရေအတွက်လိုက် အဖွဲ့ဖွဲ့ကာ ရက်၊ လ သတ်မှတ်ပြီး ငွေစုကြခြင်း ဖြစ်သည်။

စုကြေးပါဝင်သူများက စုမဲတန်ကြေးကို ဦးဆောင်ကာ ငွေကိုင်ထားသူ၏ ဘဏ်အကောင့်အတွင်းသို့ လွှဲပေးရပြီး တလ ပြည့်ပါက စုကြေး ပါဝင်သူများ၏ ငွေပမာဏာကို ရာခိုင်နှုန်းအလိုက် တွက်ချက်ကာ ဘဏ်မှ ပြန်လည်လွှဲပေးခြင်း ဖြစ် သည်။ ထိုသို့ ငွေစုခြင်းသည် ယခင်က ရပ်ကွက်များအတွင်း စုသည့် စုမဲနှင့် သဘောသဘာဝ တူညီသည်ဟု သိရ သည်။

အွန်လိုင်းမှ တဆင့် ငွေကြေး လိမ်လည်ခံရသူတချို့က ငွေကိုင်သူကို အွန်လိုင်းပေါ်တွင်သာ သိရှိဖူးပြီး ပြင်ပတွင် သိကျွမ်းသူများ မဟုတ်သောကြောင့် ငွေလိမ်ရန် ပိုမိုလွယ်ကူနေခြင်းဖြစ်နိုင်သည်ဟု စုမဲထည့်ရင်း သိန်း ၇၀ အလိမ်ခံ လိုက်ရသည့် မစိုးစိုးဝေက ရှင်းပြသည်။

၎င်းက “သူငယ်ချင်းတယောက်နဲ့ သူ့အသိတယောက်က ခေါ်လို့ ကိုယ်လည်း တလ ၂ သိန်းလောက် ပြန်ရမယ်၊ အိမ်ထဲက အိမ်အပြင်ထွက်ပြီး အလုပ်လုပ်စရာလည်း မလိုတော့ ထည့်လိုက်တာ ကုန်တာပဲ။ တိုင်လည်း စိတ်ပင်ပန်း မယ်။ ငွေလည်း ထပ်ကုန်မှာစိုးလို့ တိုင်မနေတော့ဘူး။ တစုကို သိန်း ၂၀ မှာ ၅ လကြာပေမယ့် ၈ သိန်းပဲ ပြန်ရတော့ တယ်” ဟု ပြောသည်။

အလားတူ စုမဲ တစုကို သိန်း ၂၀ ဖြင့် မိတ်ဆွေများကို စည်းရုံးကာ စုမဲ ၆ မဲအတွက် သိန်း ၁၂၀ ပါဝင်ခဲ့သူ ဒေါ်သိန်း သိန်း ဆိုလျှင် စုငွေ ၂ လ အတွက် ငွေ ၁၂ သိန်းသာ ရခဲ့ပြီး လိမ်လည်သူက ယခင်ဆက်သွယ်နေကြ စာတိုများ၊ အကောင့်များကို ဖျက်ကာ ခြေရာလက်ရာ ဖျောက်၍ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

ငွေလိမ်သူက ဒေါ်သိန်းသိန်းကို အွန်လိုင်းကနေ ဆက်သွယ်လာခြင်းဖြစ်ပြီး သူ၏ လုပ်ငန်းဖြစ်သော ပိုးထည်ဆိုင်နှင့် ကျောက်စိမ်းရောင်းသည့် ဆိုင်များကို လာရောက်လေ့လာစေလိုကြောင်း၊ ငွေမည်မျှရင်းပါက အတိုးမည်မျှ ရနိုင်ကြောင်း စာတိုပို့ကာ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းက “ယောကျာၤးသိမှာစိုးလို့ ကိုယ့်တယောက်ထဲ ကြိတ်ဖြေရှင်းခဲ့ရတာ။ တိုင်လည်း တိုင်မနေတော့ဘူး။ ဘာလို့လည်း ဆိုတော့ နေ့တိုင်း စိတ်ဆင်းရဲနေရမှာ။ ဒီထဲ ယောကျာၤးနဲ့ပါ ကွဲမှာဆိုတော့ ကိုယ်အသုံးမကျလို့တော့ မိသားစု ပြိုကွဲ မခံနိုင်ဘူး။ ကိုယ်အမှားကို ကိုယ်တိုင်ခံမယ်ဆိုပြီး စက်ပြန်ချုပ်လိုက်တယ်” ဟု ပြောသည်။

အလိမ်ခံရသည့်သူ အများစုသည် အမျိုးသမီးများဖြစ်ပြီး အိမ်နေရင်း တဖက်တလမ်းမှ ဝင်ငွေရရန် လုပ်ဆောင်ကြရင်း ငွေကြေး လိမ်လည်ခံရခြင်း ဖြစ်သည်။ လိမ်လည်မှုများက အမျိုးမျိုးရှိနိုင်ကြောင်း၊ တချို့က အွန်လိုင်းမှ တဆင့် ဈေးရောင်းသည့် ပုံစံ ဟန်ဆောင်ကာ လိမ်လည်သလို စုမဲဖြင့် လိမ်လည်မှုများလည်း ရှိနေကြောင်း နည်းပညာမှုခင်း ဌာနမှ ဌာနစုမှူး ရဲမှူး မျိုးဇော်သိုက်ကလည်း ရှင်းပြသည်။

ရဲမှူး မျိုးဇော်သိုက်က “ဒီလိုအမှုတွေ ဖြစ်လာရင် တနိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ အမှု ဖွင့်ကြတယ်။ စခန်းတွေက အမှုမှန် ပေါ်ပေါက်ရေးအတွက် ကျနော်တို့ဆီကို နည်းပညာအရ စစ်ဆေးထင်မြင်ချက် တောင်းတယ်။ သူတို့ ဖုန်းထဲမှာ Facebook ဘာတွေ သုံးထားလဲ။ မက်ဆင်ဂျာက ဆက်သွယ်ထားသလားပေါ့။ ဖမ်းမိ၊ မမိ ဆိုတာကတော့ တိုင်တဲ့သူ အပေါ်မှာ မူတည်တယ်။ တချို့ကျတော့ Facebook အကောင့်လေးပဲ သိပြီးတော့ ဘာမှ မသိတဲ့ဟာတွေလည်းရှိတယ်။ အထောက်အထား မရှိတော့ ကျနော်တို့က ရှာဖို့ ခက်တာပေါ့” ဟု ရှင်းပြသည်။

လူသိများသော ဖြစ်ရပ်တခုမှာ မွန်ပြည်နယ်၊ လမိုင်းမြို့တွင်လည်း အွန်လိုင်း စုမဲတောင်းရာတွင် ပြန်ထုတ်မပေးသည့် မငြိမ်းချမ်း ဦးဆောင်သည့် (NCCC Group)ကို ငွေကြေး လိမ်လည်မှုဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အပြင် အွန်လိုင်းကို အသုံးပြု၍ ငွေလိမ်လည်ခြင်း ကြောင့် ၆၆ (ဂ) ဖြင့် ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဥပဒေ ပုဒ်မ ၆၆(ဂ)မှာ “ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည် ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း” တို့ကို ပြုလုပ်ပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဆက်စပ်လင့်

လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ

အွန်လိုင်း စုမဲ မသမာမှု စုမဲဒိုင်ကို အမှုပေါင်း ၃၀ ဖြင့် အမှုဖွင့် အရေးယူ

၆၆ (ဃ) ကို ပြင်မလား၊ ဖျက်မလား

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဒ်မ ၆၆ (ဃ)

Your Thoughts …
Tags: ၆၆ (ဃ)ငွေလိမ်လည်မှုအွန်လိုင်းစုမဲ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မြန်မာနိုင်ငံသား အများစုဟာ အွန်လိုင်းပေါ်ကနေ စုမဲပုံစံလုပ်တာ၊ အစုရှယ်ယာဆိုပြီး အတိုးနှုန်းကို ပုံစံအမျိုးမျိုးနဲ့ ရောင်းချတာ၊ ငွေချေးလုပ်ငန်းနဲ့ Forex Trading လို့ခေါ်တဲ့ ကမာ္ဘ့စီးပွားရေး ငွေကြေးဈေးကွက်မှာ ဝင်ရောက် ရင်းနှီးမြှပ်နှံ လာကြပါတယ်

အာဏာရှင်လက်ထက် တကျော့ပြန်ပေါ်လာတဲ့ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုများ

by ဧရာဝတီ
4 January 2023
4.8k

နိုင်ငံတကာမှာတော့ တရားဝင်လုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံကြပေမယ့် မြန်မာနိုင်ငံမှာတော့ တရားဝင်လုပ်ငန်း မဟုတ်သေး သလို အွန်လိုင်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေလည်း မရှိသေးတာကို အခွင့်ကောင်းယူကာ ငွေကြေး ဈေးကွက် နားလည်တတ်ကျွမ်းသူတွေက ကုမ္ပဏီထောင်ပြီး ပြည်တွင်းမှာ လုပ်ကိုင်ကြရာကနေ လိမ်လည်သူ အချို့လည်း...

အပြောခံရသူက တော်တော် ငတာက ကဲကဲဖြစ်နေသလား / သီဟ(စခန်းသစ်) / ဧရာဝတီ

ဆိုရှယ်မီဒီယာပေါ်က ခေတ်သစ် ငတာများ

by လင်းငယ်
23 November 2016
16.5k

ငတာဟာ ဘယ်ခေတ်ရောက်ရောက် ငတာသာ ဖြစ်နေပါတယ်။ ငတာချီးကျူးလိုက်တာက တကယ်ရော ဂုဏ်မြောက်ရဲ့လား

မေ ၂၂ ရက်ည လမိုင်း ဆေးရုံရောက်နေသည့် မိကျဲလာနှင့် ကိုတင်ဇော်ဦးတို့အား စောင့်ဆိုင်းနေသူများ  / ဉာဏ်စိုးဝင်း  / ဧရာဝတီ

လမိုင်းမြို့မှ အွန်လိုင်းစုမဲငွေ လိမ်လည်ပြီး တိမ်းရှောင်နေသူ ဖမ်းဆီးရမိ

by ဉာဏ်စိုးဝင်း
22 January 2020
49.7k

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သော အွန်လိုင်း လေလံစုမဲငွေ လိမ်လည်မှုနှင့် တဆက် တည်း အမှုဖွင့် တိုင်ကြားခံထားရသူ မငြိမ်းချမ်းကို လမိုင်းနယ်မြေ ရဲစခန်းက ဇန်နဝါရီ ၂၀ ရက်တွင် ဖမ်းဆီးရမိပြီ ဖြစ် ကြောင်း...

မအူပင်မြို့နယ် တရားရုံးသို့ ရုံးထုတ်လာသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင် / အောင်မြသန်း / မအူပင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်ကို တပ်မတော်က ထပ်မံတရားစွဲ

by ဆလိုင်းသန့်စင်
27 November 2020
7.6k

ထောင်ကျနေချိန် ကိုဇေယျာလွင်ကို သံချပ်ထိုးမှုအား လူမှုကွန်ရက် Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည် ဆိုကာ ဒု ဗိုလ်မှူးကြီး သက်နိုင်ဝင်းက တရားလို ပြုလုပ်၍ အီလက်ထရောနစ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် မအူပင်မြို့၌ ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း...

သတင်းစာနယ်ဇင်းသမားများအား ပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီးသည်ကို ကန့်ကွက်ဆန္ဒပြနေသူတဦး / Reuters

၆၆ (ဃ) ကို ထိရောက်အောင် ပြင်ဆင်ဖို့ ဘာတွေထပ်ဖြည့်သင့်လဲ

by မောင်ဆောင်းခ
14 August 2017
3.7k

၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေး ဥပဒေပါ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အခြားပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စဟာ မျှော်လင့်ချက် နည်းလာခဲ့ပါတယ်။

တံတားဦးမြို့နယ် တရားရုံး / ဧရာဝတီ

တံတားဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စွဲဆိုသည့် ၆၆(ဃ)အမှု စွဲချက်တင်

by ဒီလှိုင်းဝင်း
7 February 2020
5.5k

ကျနော်တို့ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သိက္ခာချတာဖြစ်တယ်၊ မဟုတ်မမှန်တာတွေကို စွပ်စွဲ ပြီးတော့ ဖေ့စ်ဘုတ် ပေါ်တင်တာပေါ့နော်၊ ကျနော်တို့လည်း မကျေနပ်ကြပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တရားစွဲတာပါ၊

Next Post
ပေါင် ၇၀၀ ရှိတဲ့ တူနာငါးကြီးကို ဖမ်းမိခဲ့တဲ့ ဆယ်ကျော်သက်အဖွဲ့

ပေါင် ၇၀၀ ရှိ တူနာငါးကြီးကို ဖမ်းမိခဲ့တဲ့ ဆယ်ကျော်သက်အဖွဲ့

ဇူလိုင်လ ၇ ရက် တောင်တရုတ်ပင်လယ်အတွင်း ပြုလုပ်သော အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် စစ်ဆင်ရေးမှူး Joseph "CAPS" Hubley အမိန့်ပေးကွပ်ကဲနေစဉ် /  US Navy

အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate