• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းနီ ကျောင်းသား ၂ ဦးကို KIA တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုဖြစ်

by ဇင်လင်းထက်
23 July 2020
in သတင်း
A A
KIA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော ရှမ်းနီကျောင်းသား ၂ ဦး

KIA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော ရှမ်းနီကျောင်းသား ၂ ဦး

46.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ပါဟုတ်ကြီးရွာမှ ရှမ်းနီလူမျိုး ကျောင်းသား လူငယ် ၂ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ်ဖွဲ့ဝင် ၅ ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါမှာ KIA ရဲ့တာဝန်ထမ်းဆောင်နေရင်းနဲ့ ဖြစ်တာ မဟုတ်ဘူးလို့ ကျနော် တို့ စစ်ဆေးလို့ရပါတယ်။ သဘောကတော့ ဒီလိုလုပ်ဖို့ KIO ကညွှန်ကြားတာလည်း မရှိပါဘူး။ သူတို့အချင်းချင်း သောက်ရင်းစားရင်း ရန်ဖြစ်ကြတယ်ဆိုတဲ့ စစ်ဆေးချက် ကျနော်တို့ရပါတယ်” ဟု ပြောသည်။

ကျူးလွန်သူများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်သဖြင့် ဖြစ်စဉ် အတိအကျကို မသိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုများ ပြီးစီးပါက ကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ပြီး သေဆုံးသွားသူ ၂ ဦး၏ မိဘများကိုလည်း တောင်းပန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသတ်ခံလိုက်ရသူများမှာ ပါဟုတ်ကြီးရွာမှ အသက် ၁၇ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်ဇော်မျိုးဦး နှင့် မုံရွာတက္ကသိုလ်တွင် အင်္ဂလိပ်စာပထမနှစ် အဝေးသင်တက်ရောက်မည့် မောင်သန့်ဇင်အောင်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူများဖြစ်ကြောင်း မောင်သန့်ဇင်အောင်၏ ဖခင် ဦးအိုက်ဆန်းက ဧရာဝတီသို့ ပြောသည်။

ဦးအိုက်ဆန်း က “မနေ့က (ဇူလိုင် ၂၂ ရက်) မှ ကျနော်တို့ ကြားလိုက်ရတယ်ဗျ။ KIA ဘက်က သူတို့ ဘာသာရေး ဆရာက တဆင့် လက်လွန်သွားပြီဆိုတာကို ချိတ်ဆက်ပြီး ကျနော်တို့ကို ပြောတယ်ဗျ” ဟု ပြောသည်။

မောင်သန့်ဇင်အောင်သည် အမေရိကန် သံရုံးတွင် အင်္ဂလိပ်စကားပြော သင်တန်းတက်ရောက်နေသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သင်တန်းများ ပိတ်ထားချိန်တွင် ၎င်း၏ ဇာတိဖြစ်သော ပါဟုတ်ကြီးရွာ နေအိမ်သို့ ပြန်ရောက်နေသူဖြစ်ပြီး ရန်ကုန်သို့ ဇူလိုင် ၇ ရက်တွင် ပြန်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ဇူလိုင်လ ၆ ရက်၌ KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၆ ရက် အကြာတွင်မှ KIA ဘက်က သားဖြစ်သူ၏ ဖြစ်ရပ်အပေါ် အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဦးအိုက်ဆန်းက ပြောသည်။

၎င်းက “ကျနော်တို့ ပါဟုတ်ကြီးရွာက ကုန်းပေါ်နဲ့ အောက်ကျင်းဆိုတာ ရှိတယ်ဗျ။ ကျနော်တို့က ကုန်းပေါ်မှာနေတာ။ ခါတိုင်းလည်း အောက်ကျင်းကို ဆင်းဆင်းသွားနေတာ။ အဲဒါ ခါတိုင်းလည်း ဆင်းနေတာဆိုတော့ ကျနော်လည်း ဘာမှ မပြောလိုက်တော့ဘူးလေ။ အဲဒီနေ့က ရန်ကုန်ပြန်သွားရတော့မယ်ဆိုတော့ သူတို့က နှုတ်ဆက်တဲ့ အနေ နဲ့ ပျော်ပွဲစားထွက်ကြတာပေါ့။ အဲဒီလိုအခါမှာ ဖြစ်တာပဲ” ဟု ပြောပြသည်။

ရှမ်းနီနိုင်ငံရေးပါတီများကမူ ပါဟုတ်ကြီးရွာ အနီးရှိ ဆယ်ဇင်းရွာတွင် KIA တပ်ဖွဲ့ဝင် ၅ ဦး စီးလာသည့်ကားကို ကျောင်းသားများ စီးလာသည့် ဆိုင်ကယ်က တိုက်မိရာမှ အချင်းများပြီး ရန်ပွဲဖြစ်ပွားကာ လူငယ် ၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဦးအိုက်ဆန်း က “တယောက်နဲ့ တယောက် စကားပြောကြဆိုကြရင်းနဲ့ သူတို့ကလည်း ယူနီဖောင်းနဲ့ မဟုတ်တဲ့ အခါကျတော့ အရပ်သား အချင်းချင်းလိုမျိုးဖြစ်တော့ ကလေးတွေက ထိုးလိုက်ကြိတ်လိုက်တာလိုမျိုး ဖြစ်တယ်ဗျ။ သူတို့ ကလည်း လူများတဲ့အခါမှာ ကျနော်သားကလည်း ၁ ယောက်၊ ၂ ယောက်နဲ့ဆိုတော့ မဖြစ်နိုင်ဘူးလေ။ အဲဒီနေ့ ကပဲ တခါတည်း ပွဲချင်းပြီး ဖြစ်သွားသလားတော့ မသိဘူး” ဟု ဆိုသည်။

KIA ဘက်ကမူ လူသတ်မှု ကျူးလွန်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး အမှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ အသတ်ခံရသူ မောင်သန့်ဇင်အောင်၏ ဖခင်ဖြစ်သူ ဦးအိုက်ဆန်း ကမူ သားဖြစ်သူ၏ အလောင်းကို ပြန်လိုချင်ကြောင်း ပြောသည်။ 

“ပထမအချက်က ကျနော့်သားရဲ့ အလောင်းကို ပြန်ရချင်တယ်ဗျ။ ပြီးရင်တော့ ဗုဒ္ဓဘာသာ အနေနဲ့ ကောင်းမှု ကုသိုလ် လုပ်ချင်တာပေါ့။ လက်ရှိကတော့ ကလေးရဲ့ အလောင်းကို မမြင်ရသေးဘူး။ မတွေ့ရသေးတဲ့ အခါ ကျတော့ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာမှကို မလုပ်နိုင်တာ” ဟု ဦးအိုက်ဆန်း က ဆိုသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ “ကျနော်တို့ မူအားဖြင့်တော့ အလောင်းပြန်ပေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်းမှာတော့ ကျနော်လည်း ပြောလို့မရဘူး။ သူတို့ အလောင်းကို ဘယ်လို လုပ်လိုက်တယ် ဆိုတာက ကျနော်လည်း သဲသဲကွဲကွဲမသိဘူး” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းနီနိုင်ငံရေးပါတီ ၂ ခုဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ (SSP) တို့က KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ဇူလိုင်လ၂၃ ရက်တွင် ကြေညာချက်များ အသီးသီး ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။

TNDP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း KIA တပ်ဖွဲ့ဝင်များသည် ရှမ်းနီလူမျိုးများအား အနိုင်ကျင့် သတ်ဖြတ်မှုများကို ယခုမှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ KIA တပ်ဖွဲ့ တည်ထောင်စဉ်ကတည်းကပင် ဆောင်ရွက် နေခြင်း ဖြစ်သည်ဟုဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
4
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
2
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
6

၎င်းက “ဒါမျိုးတွေ ဖြစ်နေရင် ပြဿနာက ပိုကြီးလာနိုင်တယ်လေ။ သူတို့ဘက်ကလည်း တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးကို ရှေးရှုပြီးတော့မှ လုပ်တဲ့သူကို နောင်ကျဉ်အောင် အရေးယူဖို့လိုသလို နောင်ကိုဘယ်တော့မှ မလုပ်ဖို့ကိုလည်း သူတို့အနေနဲ့ ဆင်ခြင်ဖို့လိုပါတယ်” ဟု ပြောသည်။

KIA ဘက်ကမူ ကျောင်းသားလူငယ် ၂ ဦး အသတ်ခံရမှုသည် ကျူးလွန်သူ လူတဦးချင်းနှင့်သာ ဆိုင်သည့် ပြဿနာဖြစ်ပြီး ရှမ်းနီနှင့် ကချင်လူမျိုးများအကြား ဖြစ်သည့် ပြဿနာမဟုတ်ဟု ပြောဆိုထားသည်။

You may also like these stories:

တပ်မတော်သား ၂ ဦးကို ထိရောက်စွာ အရေးယူရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း

ကွတ်ခိုင်တွင် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း KIA သတိပေး

Your Thoughts …
Tags: KIAကျောင်းသားတိုင်းရင်းသားရှမ်းနီ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသ မြင်ကွင်း  / မြတ်ပြည့်ဖြိုး  /  ဧရာဝတီ

ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ

အသတ်ခံလိုက်ရပြီဆိုသည့် ၃ ဦးအနက်မှ ခိုင်မောင်လုံးနှင့် ခိုင်မောင်ခင်ဝင်း

AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved