အိန္ဒိယနိုင်ငံ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့မှ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းသို့ တရားဝင်အကြောင်းကြားခြင်း မရှိဘဲ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ရှိနေသဖြင် ဒေသခံ ပြည်သူများ စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။
ကလေးမြို့အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် အထက်ချင်းတွင်း ဒေသ လူငယ်များကွန်ရက်မှ ဒါရိုက်တာ ကိုကျော်သက်ဝင်းက “ခိုးဝင်လာတာတွေက ခဏခဏပဲ။ အိန္ဒိယမှာ ရောဂါပိုး အရမ်းတွေ့နေတဲ့ ကာလဖြစ်တော့ ကျနော် တို့က ဒီဘက်မှာ Quarantine ဝင်ဖို့တွေ လုပ်ထားတယ်။ သူတို့က တရားဝင် မဝင်ဘဲ ခိုးဝင်ကြတယ်။ မြို့ထဲတို့၊ သက်ဆိုင် တဲ့ ဆွေမျိုးသားချင်းတွေဆီမှာ ပုန်းနေတာတို့ တော်တော်များများ ရှိတော့ ကျနော်တို့က စိုးရိမ်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဇူလိုင်လ၂၆ ရက်ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ခိုးဝင်လာသော မြန်မာနိုင်ငံသား၂၀ ဦး တီးတိန်မြို့နယ်မှ တ ဆင့် ကလေးမြို့သို့ ခိုးဝင်လာခဲ့ကြသည် ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်က သိရသည်။
အဆိုပါ တရားမဝင် ပြန်လည် ဝင်လာသည့် ကျား ၁၁ ဦးနှင့် မ ၉ ဦးသည် မုံရွာမြို့ရှိ ကျေးရွာများတွင် နေထိုင်ကြသူများ ဖြစ်ပြီး တီးတိန်မြို့ နယ်မှ တဆင့် ကလေးမြို့နယ်သို့ ကား၂ စီးဖြင့် ခိုးဝင်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများသည် အိန္ဒိယပြည်နယ်သို့ အခြေခံ အလုပ်များဖြစ်သည့် ရက်ကန်း၊ ဝပ်ရှော့၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေသူများ ဖြစ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ရေး ကာလအတွင်း အဆိုပါ လုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့်အတွက် ဝမ်းရေး ဖြေရှင်းရန် ခက်ခဲလာခြင်းကြောင့် ယခုကဲ့သို့ ခိုးပြန်လာကြခြင်း ဖြစ်ကြောင်း သိရ သည်။
ကိုကျော်သက်ဝင်းက “ကျနော်တို့ ဘက်မှာလည်း တရားမဝင် နယ်စပ် အပေါက်တွေက များတယ်။ မီဇိုရမ်ဘက်မှာ ကျနော် တို့ နိုင်ငံသားတွေက အခြေခံ အလုပ်တွေဖြစ်တဲ့ ရက်ကန်းအလုပ်တွေမှာ ဝင်လုပ်နေတဲ့သူတွေလည်း များတယ်။ ပြီးခဲ့တဲ့ ၃ ရက် အတွင်းမှာ တော်တော်လေး ဝင်လာတာ တွေ့ရတယ်။ မဏိပူရဘက်နဲ့ မီဇိုရမ်ဘက်ကပေါ့။ မဏိပူရဘက်က ပြန်လာ တဲ့ သူတယောက်ဆိုရင် တလောက တမူးဘက်မှာ ဖမ်းမိတယ်။ ဖမ်းမိလို့သာပေါ့။ တော်တော်များများက စနစ်မကျတဲ့ ဝင် လာမှုတွေများတော့ ကျနော်တို့က တော်တော် စိုးရိမ်တယ်” ဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာချင်သူများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ရန်နှင့် တရားဝင် ဝင်ရောက်လာကြရန် အထက်ချင်းတွင်း လူငယ်ကွန်ရက်က မေတ္တာရပ်ခံထားသည်။
အလားတူ ဇွန်လ ၁၃ ရက်ကလည်း အိန္ဒိယနိုင်ငံမှ မြန်မာဘက်ခြမ်း စစ်ကိုင်းတိုင်း တမူးမြို့နယ်သို့ အထောက်အထား မရှိဘဲ ခိုးဝင်လာသည့် ကျမ်းစာသင် ကျောင်းသား ၆ ဦးကို ကူးစက် ရောဂါကာကွယ် နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူခဲ့ ကြောင်း သိရသည်။
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ခိုးဝင်လာသဖြင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူခဲ့ရ သူ ၁၀ ဦး ရှိသည်ဟု တိုင်းအစိုးရအဖွဲ့က ဆိုသည်။
ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က အိန္ဒိယနှင့် ချင်းပြည်နယ် ဆက်စပ်နေသည့် တရားဝင်ဂိတ်များ ဖြစ်သော ရိဒ် ခေါ်ရ်ဒါနှင့် ကျီခါးမှ ဝင်ရောက်လာခြင်း မရှိပါက ဖမ်းဆီးအရေးယူရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးများကို ညွှန်ကြားထားပြီး ဖြစ်သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မိုးသူကလည်း “ကျနော်တို့ကတော့ ခိုး ဝင်လာရင်တော့ တောက်လျှောက် ဖမ်းနေတာပဲ။ ပြည်သူတွေက ပါးစပ်က ပြောမနေဘဲ သက်ဆိုင်ရာ ဌာနကို အကြောင်း ကြားပြီးတော့ အရေးယူလို့ ရပါတယ်” ဟု ပြောသည်။
ကလေး ဒေသခံတဦး ဖြစ်သည့် ဦးသန့်စင်လင်း ကလည်း “အရင်ကလည်း ဒီပမာဏလောက်တော့ ခိုးဝင်နေတာပဲ။ အရင် ကထက် ဆိုးလာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် စိုးရိမ်တာက ဘာလဲဆိုရင် အခု အိန္ဒိယက လူနာ သန်းဂဏန်းကျော် သွားတဲ့အတွက် ကမာ္ဘမှာ တတိယအဆင့် ဖြစ်နေတော့ ဖြစ်နိုင်ခြေများလို့ ကျနော်တို့က စိုးရိမ်တာ” ဟု ပြောဆိုသည်။
ကူးစက် ရောဂါကာကွယ် နှိမ်နင်းရေး ဥပဒေအရ ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်သော တားဆီးကာကွယ်ရေး အစီအမံ များကို မလိုက်နာသူသည် ငွေဒဏ် သို့မဟုတ် အများဆုံး ထောင်ဒဏ် ၆ လ အထိ ကျခံရနိုင်သည်။
You may also like these stories:
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ
တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသူ ၁၂၈ ဦးကို အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေး
ရန်ကုန်ရောက် တရားမဝင် နေထိုင်သည့် တရုတ် ၁၈ ဦးကို ပြည်နှင်ဒဏ်ပေး