သတင်း

AA နှင့် ဆက်နွယ်မှုဖြင့် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင်စစ်တပ် (AA) ကို ရိက္ခာပို့ပေးနေသည်ဟုဆိုကာ ကျောက်ဖြူမြို့နယ်ရှိ ရေနံတွန် ကျေးရွာမှ အမျိုးသမီး ၃ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)/၅၂ (က) ဖြင့် ဇူလိုင် ၂၄ ရက်နေ့က အမှုဖွင့်ကာ အရေးယူ ထားကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှ သတင်းရရှိသည်။

ကျောက်ဖြူ မြို့မရဲစခန်းမှ ဒု-ရဲမှူး ကျော်ဇောက “တပ်ကလာပြီး အမှုဖွင့်တော့ ကျနော်တို့က အမှုဖွင့်ပေးတာပေါ့။ တရားလို က တပ်ကပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်က ဖမ်းဆီးရမိထားသည့် ရေနံတွန်ကျေးရွာနေ AA အမာခံဟုဆိုသူ ညီညီထွန်းအား စစ်ဆေး မေးမြန်းပြီးနောက် ရေနံတွန် ကျေးရွာအတွင်း ဆက်လက် စိစစ်ရှာဖွေရာမှ ထိုအမျိုးသမီး ၃ ဦးကို ဇူလိုင် ၂၂ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်တွင် AA နှင့် ပတ်သက်ဆက်နွယ်ပြီး နယ်မြေအတွင်း လိုက်လံ စည်းရုံး ဟောပြောနေသူ ဒေါ်ခင်မျိုးဆွေ ၏ နေအိမ်မှ ပျောက်ကျား ဝတ်စုံ (လက်မောင်း တံဆိပ် မပါ) တစုံ၊ ရဲယူနီဖောင်းဝတ်စုံ (အဆင့်တံဆိပ်နှင့် လက်မောင်းတံဆိပ်ပါ) နှစ်စုံနှင့် AA အတွက် နယ်မြေအတွင်း ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံ ထောက်ပံ့ ပေးနေသူများဖြစ်သည့် ဒေါ်လှသန်းခင်နှင့် ဒေါ်ပြားမ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ခဏ ခဏ ပြောနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဆောင်ရွက်သွားပါလိမ့်မယ်။ ကျနော်တို့ ကတော့ ဘယ်ဟာနဲ့ အရေးယူမယ်ဆိုတာထက် သူတို့ကျူးလွန်ခဲ့တဲ့ ကျနော်တို့ စစ်ဆေးတွေ့ရှိရတဲ့ အကြောင်းအရာ တွေကိုပဲ ပြောတာပဲရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်ဖြူမြို့နယ်၊ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “သူတို့ကို ဖမ်းတာက ဘာသက်သေ အထောက်အထားမှ မရှိဘဲ ဘယ်သူမှလည်း မမေးဘဲ သူတို့ကို ခေါ်တွေ့ပြီး တခါထဲ စစ်ကြောင်း က ခေါ်သွားတယ်။ ကျနော်သိသလောက်က ဘာသက်သေမှ မရှိဘူး။ လူတယောက်က ပြောရုံလောက်နဲ့ ဖမ်းတယ်ဆိုတာက တော်တော်လေး  တရားဥပဒေစိုးမိုးမှု အားနည်းသွားပြီလို့ မြင်တယ်” ဟု ပြောသည်။

ထိုအမျိုးသမီးများသည် ကျေးရွာအတွင်းတွင် အကျိုးတော်ဆောင်များ ဖြစ်ကြပြီး လူမှုရေးကိစ္စများ တက်ကြွစွာ လုပ်ကိုင် ကြသူများ ဖြစ်သည့်အတွက် AA အဖွဲ့အား ရိက္ခာထောက်ပံ့သူများ မဖြစ်နိုင်ဟု ဦးကျော်လွင် က မှတ်ချက်ပေးသည်။

ဆက်စပ်လင့်-

မင်းပြား တိုက်ပွဲအတွင်း တပ်မတော်သား တချို့ဖမ်းဆီးရမိ ဟု AA ထုတ်ပြန်

ပြည်တွင်းစစ်မီး ရခိုင်မှာ ထပ်လောင်ပြီ

မလှဖြူအတွက် တရားမျှတမှု ရှာဖွေခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading