သတင်း

ငြိမ်းချမ်းရေး ညီလာခံသို့ AA ကို ဖိတ်ကြားမည် မဟုတ်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံသို့ အပစ်မရပ်ရသေးသည့် အဖွဲ့ ၇ ဖွဲ့ ကို ဖိတ်ကြားမည် ဖြစ်သော် လည်း အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ခံထားရသည့် ရက္ခိုင့် စစ်တပ် (AA)ကို ဖိတ်ကြားမည် မဟုတ်ကြောင်း သိရ သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ မှ ထိပ်သီးခေါင်းဆောင် ၂ ဦးဆီကို အစိုးရက ၂၁ ပင်လုံ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

“လက်မှတ်မထိုးတဲ့ အဖွဲ့ တွေ ၇ ဖွဲ့ ဖိတ်မယ်။ တချို့ အဖွဲ့ အစည်းတွေကျရင် ဥပဒေအရ ဖိတ်ကြားဖို့ အကန့်အသတ် ရှိ တယ်။ ဒါမျိုးတွေကျတော့ ဖိတ်ကြားနိုင်မှာ မဟုတ်ဘူး”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် လည်း ဖြစ်သူ ဦးဇော်ဌေးက ပြောသည်။

အပစ်ရပ် လက်မှတ်မထိုးရသေးသည့် ၇ ဖွဲ့ မှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တပ်မတော်/တောင်ပိုင်း (SSPP/SSA)၊ UWSA ‘ဝ’ အဖွဲ့ ၊ NDAA – မိုင်းလားအဖွဲ့ ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ဖြစ်သည်။

ယင်းအထဲတွင် TNLA နှင့် MNDAA တို့သည် ရက္ခိုင့် စစ်တပ် (AA) နှင့် စစ်ရေးအရ မဟာမိတ် ဖွဲ့ ထားသည့် အဖွဲ့ များ ဖြစ်ပြီး အစိုးရက AA ကို ညီလာခံ တက်ရောက်ရန် ဖိတ်ကြားမှု မရှိပါက ကျန်အဖွဲ့ များလည်း နေပြည်တော်သို့ သွားမည် မဟုတ်ကြောင်း TNLA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“အစိုးရဘက်ကနေ ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားမယ်ဆိုရင် ကျနော်တို့ ညီနောင်တွေ အနေနဲ့ အ တူ တက်ရောက်ဖို့ ဆန္ဒရှိတယ်။ တက်ရောက်ရမယ်ဆိုရင်တော့ ကျနော်တို့ ၃ ဖွဲ့ စလုံး အတူတူ တက်မှ ရတယ်။ အဲဒါက ကျနော်တို့ ၃ ဖွဲ့ စလုံးရဲ့ သဘောထားဆန္ဒပဲ”ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

အစိုးရ အနေဖြင့် AA အဖွဲ့ ကို ၂၁ ပင်လုံ ညီလာခံသို့ ဖိတ်ကြားသင့်ကြောင်း ရခိုင်အရေး၊ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။

“AA ကိုလည်း ဖိတ်သင့်တယ်။ အကြမ်းဖက် ကြေညာထားလို့ မဖိတ်ဘူးဆိုတာ အကြောင်းပြချက်အရတော့ ဟုတ်တယ်။ ဒါပေမယ့် AA အဖွဲ့ နဲ့ဆွေးနွေး ညှိနှိုင်းမှု မလုပ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ် ပြဿနာက အေးချမ်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဖိတ်ပြီးတော့ ဆွေးနွေးပြီး စစ်ရှိန်လျော့ချဖို့ လုပ်စေချင်တာပါ”ဟု နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုး နိုင်က ပြောသည်။

ရခိုင်အရေး သုတေသီ ဦးမောင်မောင်စိုးကလည်း မြောက်ပိုင်းအဖွဲ့ များအားလုံးကို ဖိတ်မည် ဆိုပါက AA ကိုလည်း မချန်ခဲ့ သင့်ကြောင်း၊ ကျန်အဖွဲ့ များကလည်း AA ကို မဖိတ်ပါက တက်ရောက်နိုင်ချေ နည်းပါကြောင်း ပြောသည်။

ဦးမောင်မောင်စိုးက“AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့ နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ အစိုးရက ပြောနေတာပဲ။ တက ယ်လို့ လမ်းဖွင့်ထားတယ်ဆိုရင် ဒီညီလာခံကို ဖိတ်ကြားပြီးတော့ ဒီညီလာခံမှာ သူတို့ ဝင်ရောက် ဆွေးနွေးခွင့် မရှိဘူးလို့ ဆိုပေမယ့်လည်း ဒီ ၄ ဖွဲ့ နဲ့ ဆွေးနွေးညှိနှိုင်းနိုင်မယ့် လမ်းစပွင့်သွားနိုင်တယ်”ဟု ပြောသည်။

အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရာတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ များထဲတွင် AA၊ TNLA နှင့် MNDAA တို့အပြင် က ချင် လွတ်လပ်ရေးတပ်မတော် (KIA) လည်း ပါဝင်သည်။

ဧရာဝတီက KIA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။ ထို့အတူ AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှာလည်း ဖုန်းကိုင်ခြင်း မရှိပေ။

AA ကို ငြိမ်းချမ်းရေး ညီလာခံသို့ အစိုးရက မဖိတ်ခေါ်ခြင်းမှာ အကြမ်းဖက် အဖွဲ့ ဖြင့် ကြေညာခံရ၍ ဖြစ်ကြောင်း၊ တပ် မတော် အနေဖြင့် ငြိမ်းချမ်းရေးအတွက် ကောင်းကျိုး ဖြစ်နိုင်သမျှကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောချင်ကြောင်း တပ် မတော်မှ ပြောရေးဆိုခွင့်သူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် မြန်မာပြည်ထဲရှိ အခြား လက်နက်ကိုင်အဖွဲ့ တခု ဖြစ်သည့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီနဲ့ ပတ်သက်၍ ဖိတ်ကြား ရန် မရှိကြောင်း သိရပြီး ယင်းအဖွဲ့ သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယ အကြိမ် ပင်လုံ ညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။

ဦးဇော်ဌေးက“ဖိတ်တဲ့အခါမှာလည်း ထိုးပြီးသား အဖွဲ့တွေကို ညီလာခံ တက်ရောက်ဖို့ ထိပ်သီးခေါင်းဆောင် ၂ ယောက် ဖိတ်တယ်။ အလားတူပဲ မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ထိပ်သီး ခေါင်းဆောင် ၂ ယောက် ဖိတ်မယ်။ ဖိတ်တဲ့အခါမှာ လည်း လူစားထိုး တက်ရောက်ခွင့် မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင်တက်ပေါ့နော်”ဟု သ တင်းထောက်များကို ပြောသည်။

အပစ်ရပ်ထားသည့် အဖွဲ့ များ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် နိုင်အောင်မငေးကလည်း အပစ်မရပ်ရသေးသည့် အဖွဲ့ များကို ဖိတ်ကြားရန် ၎င်းတို့က ယနေ့ အစည်းအဝေး တရားဝင် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အစိုးရက AA မှ လွဲ၍ ကျန်အဖွဲ့ များကို ဖတ်ကြားပေးမည်ဟု တုန့်ပြန်ခဲ့ကြောင်း ပြောသည်။

အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့ များမှာ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအို့ဝ် အ မျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ ဖြစ်သည်။

ထို့ပြင် ညီလာခံသို့ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ၂၁ ပါတီမှ ခေါင်းဆောင် ၂ ဦးစီကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့ အစည်းများဖိုရမ်မှ ကိုယ်စားလှယ် ၅ ဦးတို့ကိုလည်း ဖိတ်ကြားမည် ဖြစ်သော်လည်း လေ့လာသူများကိုမူ ကိုဗစ်ကာလတွင် ဖိတ်ကြားနိုင်မည် မဟုတ်ကြောင်း သိရသည်။

နေပြည်တော်တွင် သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် အစိုးရနှင့် အပစ်ရပ် အဖွဲ့ များကြား ညှိနှိုင်း အစည်းအဝေး ၂ ရက် ပြုလုပ်ခဲ့ပြီး NCA အကောင်အထည်ဖော်ရန် မူဘောင်သဘောတူညီချက်များ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့ ဆက် ရမည့် လုပ်ငန်းစဉ်များ၊ အခြေခံမူ သဘောတူညီချက်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ကျင်းပမည့် ညီလာခံ ပထမရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်း သား ခေါင်းဆောင်များက မူဝါဒဆိုင်ရာ မိန့်ခွန်း ပြောကြားခြင်း၊ နေ့လယ်ပိုင်းတွင် UPDJD အတွင်းရေးမှူး အစည်းအဝေး၊ ဒုတိယရက်တွင် UPDJC အစည်းအဝေး ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး နောက်ဆုံးရက်တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။

You may also like these stories:

ရခိုင်နှင့်ချင်းတွင် အင်တာနက် ပြန်ဖွင့်သော်လည်း အသုံးပြုမရ ဟုဆို

တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်သည့် ရသေ့တောင်တွင် တပ်၊ ရဲနှင့် လဝက အရာရှိများ ကျဆုံး

တန်းတူပညာသင်ခွင့် ရဖို့လိုအပ်နေတဲ့ တအန်းကလေးငယ်များ

Did you find apk for android? You can find new Free Android Games and apps.
Loading