• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သိန္နီမြို့နယ် ပိုင်ရှင်မဲ့ လက်နက်များအမှု ဆက်စပ်သူများဖမ်းမိ

by ထွန်းထွန်း
6 August 2020
in သတင်း
A A
ဖမ်းဆီးရမိထားသူများနှင့် လက်နက်များ  / CCDAC Myanmar

ဖမ်းဆီးရမိထားသူများနှင့် လက်နက်များ / CCDAC Myanmar

25.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင်ဩဂုတ် ၃ ရက်နေ့က ပိုင်ရှင်မဲ့ဖမ်းမိသည့် တရုတ်နိုင်ငံထုတ် TYPE 81 အမျိုးအစား မောင်း ပြန်ရိုင်ဖယ် ၁၀ လက်နက်နှင့် ဆက်စပ်သူ ၃ ဦးအား လက်နက်၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

၎င်းတို့သည် လက်နက်များသယ်ဆောင်လာသည့် မော်တော်ယာဉ်အား သန္နီမြို့အဝင်တိုးဂိတ်နှင့် ၂ မိုင်ခန့်အကွာ ဗြုန်း တောင်အနီး ကျောက်တောင်များအကြား မောင်းနှင်ထွက်ပြေးကာ ထားရစ်ခဲ့ကြခြင်းဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့တွင် မ မာကော့(ခ)လီကျွင်း(ခ)ဝါဝါဝင်းအား သန္နီမြို့ရှိ ၎င်းနေအိမ်တွင်ဖမ်းမိခဲ့ကာ နေအိမ်နှင့်ဂိုထောင်အတွင်းမှ ကျပ် ၄၁၄.၄ သိန်းတန်ဖိုးရှိ မူးယစ်ဆေးများ နှင့် မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်၊ ကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခုတို့ကိုလည်း ဖမ်းမိခဲ့သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
532
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
487
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
154

ယင်းအပြင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကွတ်ခိုင်မြို့နေသူ စိုးထိန်လင်းနှင့် တာမိုးညဲမြို့နေသူ မဂျော်ကျီးထိုက်(ခ) ရှောက်ယုံတို့အား ဩဂုတ် ၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် ၁ လမ်းတွင် မော်တော်ယာဉ် တစီးနှင့် အတူ ဖမ်းမိခဲ့ကြောင်းလည်း မူ/ယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဆိုထားသည်။

ဖမ်းမိသည့်လက်နက်များနှင့်ပတ်သက်ပြီး TYPE 81 မောင်းပြန်ရိုင်ဖယ်သေနတ် အမျိုးအစားမှာ ပြည်တွင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အချို့၏ လက်နက်စက်ရုံမှ ထုတ်လုပ်သည့် သေနတ်အမျိုးအစားဖြစ်ပြီး နိုင်ငံအနောက်ဖက် ဒေသသို့ပို့မည့်လက်နက်များဖြစ်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပုံစံ ၈၁ မောင်းပြန်ရိုင်ဖယ် ၁၀ လက်နဲ့ ကျည်အိမ် ၄၀ ခုမိထားတယ်။ သတင်းကွင်းဆက်က စစ်ဆေးနေဆဲပဲ၊ ပုံစံ ၈၁ ဆိုတဲ့ သေနတ်အမျိုးအစားတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က သူ တို့ရဲ့လက်နက်စက်ရုံတွေကနေ ထုတ်တဲ့ လက်နက်အမျိုးအစားတွေဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ လမ်းကြောင်းကတော့ အမျိုးမျိုးတော့ဖြစ်နိုင်တယ်။ အဖြစ်နိုင်ဆုံးလမ်းကြောင်းကတော့ အဓိကတော့ သိကြတဲ့အတိုင်းပဲ ပဋိပက္ခတွေဖြစ်ပွား နေတဲ့ နေရာတွေတော့သွားမှာပေါ့လေ။ အနောက်ဖက်ပဲ ဖြစ်ဖို့များပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

ရှမ်းပြည်နယ်အတွင်း လက်နက်များနှင့် မူးယစ်ဆေးဝါးများ မကြာခနဖမ်းမိလျှက်ရှိသော်လည်း သယ်ဆောင်သူနှင့် ဖမ်း မိသည့်အဆင့်မှာပင် သတင်းများပျောက်ကွယ်သွားလေ့ရှိပြီး ခိုင်းမာသည့်အချက်အလက်များ ဆက်လက်ရရှိလေ့မရှိ သည့်အတွက် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က အဓိကပိုင်ဆိုင်သူဖြစ်သည်ကို တထစ်ချမှတ်ချက်ပြောဆိုရန် ခက်ခဲ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုးက “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ လက်နက်စက်ရုံရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေတော့ရှိတာပေါ့ ဗျာ၊ ဥပမာ-KIA မှာရှိတယ်၊ “ဝ” မှာရှိတယ်တို့ပေါ့။ သူတို့ကလည်း မဝန်ခံဘူး၊ ကျနော်တို့ကလည်း ကိုယ်တိုင်မမြင်ဖူး တဲ့အခါကျတော့ ရှိတယ်၊ မရှိဘူးဆိုတာ သံသယအဆင့်မှာပဲလို့ထင်ပါတယ်” ဟု ပြောသည်။

 

၎င်းက ဆက်၍ “လက်နက်လမ်းကြောင်းကတော့ မြန်မာ ဖြတ်သယ်၊ ပင်လယ်လမ်းကြောင်းကနေ သယ်တယ်ဆိုတဲ့ အမျိုးမျိုး ခန့်မှန်းချက်တွေတော့ရှိတယ်၊ ဒါတွေကရှိနေ တော့ ဒီလက်နက်တွေက AA သွားမလား၊ မသွားဘူးလား ပြောဖို့ခက်ပါတယ်” ဟု ရှင်းပြသည်။

လက်ရှိတွင် လက်နက်များနှင့်အတူ ကွင်းဆက်ဖမ်းမိထားသူများအား သိန္နီမြို့မရဲစခန်းတွင် ရှမ်းလက်နက်ဥပဒေ၊ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့ဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဇွန်လ တတိယပတ်ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မြန်မာနိုင်ငံထဲကို ပို့မည့် တရုတ်နိုင်ငံလုပ်လက်နက်များကို ထိုင်းစစ်တပ်နှင့် ရဲအပါအဝင် ပူးပေါင်း အထူးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသော လက်နက်များထဲတွင် လက်နက်များထဲတွင် AK 47၊ စက်လတ်၊ တင့်ကားဖျက်မိုင်း၊ လက်ပစ်ဗုံးများနှင့် ကျည်များ ပါဝင်ပြီး မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရက္ခိုင်စစ်တပ် (AA) လက်နက်ကိုင် အဖွဲ့ထံ ပို့မည့် လက်နက်များဖြစ်ကြောင်းသိရသည်။

You may also like these stories:

ဖမ်းမိထားသည့် ထိုင်း ၈၁ ဦးတွင် မူးယစ်မှုဖြင့် ဆက်နွယ်နေသူ ပိုများဟု UWSA ပြော

Your Thoughts …
Tags: ရှမ်းပြည်နယ်လက်နက်သိန္နီ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

by ဧရာဝတီ
2 February 2024
21.6k

ရာထူးတဆင့်တိုးသွားသော ဗိုလ်ချုပ် နိုင်နိုင်ဦးသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်နှစ်ခုအား ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်တက္ကသိုလ်တပတ်စဉ်ထဲ တက်ရောက်ခဲ့သူ ဖြစ်သည်။

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

by အေးချမ်းဆု
8 December 2023
21.5k

တပ်အင်အား မလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓာတ်ကျဆင်းနေသည့် စစ်တပ်သည်လည်း ဦးကျိုးနေသည်သာ ဖြစ်၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် တွေ့ ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်

မြဝတီမြို့နယ် အာရှလမ်းမကြီးပေါ်တွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate