• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်

by ထက်နိုင်ဇော်
8 August 2020
in သတင်း
A A
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း / ထက်နိုင်ဇော် / ဧရာဝတီ

21.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရ ဦးရွှေမန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ယနေ့ နေပြည်တော်ရှိ ၎င်း၏ ပါတီရုံးချုပ်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။

“ကောင်းကျိုးဆောင်ပါတီမှာ တာဝန်ရှိသူတယောက်အနေနဲ့ မိမိတယောက် အောင်နိုင်ရေးထက် ပါတီကို အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဥက္ကဌကြီး ပါဝင်ယှဉ်ပြိုင်လိုတဲ့နေရာတွေမှာ UBP က ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ခြေများလို့ အခုလို ပါဝင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားလိုပါတယ်”ဟု UBP ဥက္ကဌ သူရ ဦးရွှေမန်းက ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
136
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
128

၎င်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသည်မှာ အခြားစိုးရိမ်စရာများကြောင့် မဟုတ်ဘဲ ၎င်း၏ ဇာတိဖြစ်သည့် ဖြူးမြို့နယ်တွင် ပါဝင်ရန် စဉ်းစားခဲ့သေးကြောင်း၊ သို့သော် ယင်းမဲဆန္ဒနယ်တွင်ပါ UBP မှ ပါဝင်ယှဉ်ပြိုင်လိုသူ ရှိလာသဖြင့် မဝင်တော့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်မည် မဟုတ်သဖြင့် ပါတီအောင်နိုင်ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည့်လည်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်းက ပြောသည်။

UBP ပါတီအနေဖြင့် မြို့နယ်ပေါင်း ၂၆၁ မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၉၂၇ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် ၂၆၀ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၃၉ ဦး၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင် ၂၅၁ ဦး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများအတွက် ၂၅ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများထဲတွင် အငြိမ်းစား တပ်မတော် အရာရှိ ၁၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီဝင်ဟောင်းများဖြစ်သည့် ဦးဝင်းသန်း၊ ဦးတင်မောင်ဦး၊ ဦးစောလှထွန်းနှင့် ဒေါက်တာ ခင်မောင်ရွှေတို့လည်း ပါဝင်ကြောင်း သိရသည်။

“ပိုကောင်းအောင် ဆောင်ရွက်နိုင်မယ့် အစိုးရတရပ် လိုအပ်နေပါပြီ”ဟု သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲအဖွင့်တွင်ပြောဆိုခဲ့သည်။

၎င်းတည်ထောင်ခဲ့သည် UBP ပါတီသည် ၂၀၁၉ ဖေဖော်ဝါရီလတွင် မှတ်ပုံတင်ခဲ့ပြီး ဧပြီလကစ၍ ပါတီ တည်ထောင်ခွင့် ရရှိသည့်အခါ ၄ လ အတွင်း ပါတီ၏ မြို့နယ် ရုံးပေါင်း ၂၀၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့သည်။

သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ်အထိ ၄၅ နှစ်ကြာအောင် ဗိုလ်ချုပ်ကြီး အဆင့်အထိ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်း ဆောင်ခဲ့သူတဦး ဖြစ်သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝတွင် သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကို သာမန် ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။

သို့သော် NLD ပါတီ အာဏာရလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးသည့် ပြည်ထောင်စု လွှတ်တော်၊ ဥပ ဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်း၏ အထူးကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်က တနှစ်တခါ သက်တမ်းတိုးပေးလေ့ ရှိပြီး နောက်ဆုံး ၂၀၁၈ ခုနှစ်တွင်မူ NLD ပါတီ လွှမ်းမိုးထားသည့် လွှတ်တော်က ကန့်ကွက်ခဲ့သဖြင့် ကြိုတင်သိရှိခြင်း မရှိဘဲ ဖျက်သိမ်းပေးခဲ့ ရသည်။

ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်ဆက်ဆံရေးသာ ရှိတော့ကြောင်း သူရ ဦးရွှေမန်းက ပြီးခဲ့သည့် လပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

You may also like these stories:

ဒီမိုကရေစီ ရှေ့ဆက်တိုးနိုင်ရေး ယုံကြည်မှု တည်ဆောက်ကြရန် ဦးရွှေမန်း တိုက်တွန်း

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို သွားမတွေ့တော့ကြောင်း သူရ ဦးရွှေမန်း ပြော

သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဦးရွှေမန်း သဘောထား ကွဲလွဲမှုများ ရှိဟု ဆို

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲသူရ ဦးရွှေမန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော စစ်လက်နက်ပစ္စည်းများ  / AFP

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

by Bertil Lintner
11 May 2022
11.8k

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်သည် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ လက်နက်ဝယ်ယူရေး အစီအစဉ်ကို ပြဿနာများ ဖန်တီးပေးလိုက်သည်

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

by ကျော်စွာမိုး
2 September 2019
115.1k

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ

မတ်လ ၂၆ ရက်က ပြုလုပ်သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သူရဲကောင်း ဗိမာန် (နေပြည်တော်) ၌ အောင်ဆန်းသူရိယ ဘွဲ့ရရှိသူ ခြောက်ဦး၏ ရုပ်တုများ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာသော ဗိုလ်ချုပ်ကြီးများကို တွေ့ရစဉ်  / ကာကွယ်ရေး ဦးစီးချုပ်ရုံး  / Facebook

နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ

by ထက်နိုင်ဇော်
29 March 2019
67k

အဲဒီ အခမ်းအနားတွေမှာ တပ်မတော် အရာရှိဟောင်းတွေကို ပြန်တွေ့ရပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း ၂ ဦး ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့်တို့ မပါပါဘူး။

တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

by ထက်နိုင်ဇော်
4 October 2019
28.8k

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ပြောရေးဆိုခွင့် ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ ပြောဆိုမှုအရ တပ်ချုပ်မှာ နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံပါ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင် / ဧရာဝတီ

ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ

by ချစ်မင်းထွန်း
29 July 2019
28.6k

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့်လွင်ကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားသည်။

ရွေးကောက်ပွဲ အနိုင်ရ၍ အောင်ပွဲခံနေသော နေပြည်တော်ရှိ NLD ထောက်ခံသူများ/သီဟလွင်

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

by Bertil Lintner
14 November 2020
40.4k

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သောပါတီများကို ထောက်ခံခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံရေးအရှိတရား အသစ်တခုဖြစ်သည့် NLD ကို ရုတ်တရက် နားလည်လက်ခံသွားသည်။

Next Post
တရုတ်စတိုင် ငါးစွပ်ပြုတ်ရည်

ချဉ်ဖြုံးဖြုံးနဲ့ ခံတွင်းတွေ့စေမယ့် တရုတ်စတိုင် ငါးစွပ်ပြုတ်ရည်

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

တပ်မတော် နည်းပညာ တက္ကသိုလ် ပစ်ခတ်မှု ကျူးလွန်သူ ၄ ဦး ထောင် ၃၅ နှစ်စီ ချမှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate