• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲကို No Vote လှုပ်ရှားမှုဖြင့် သပိတ်မှောက်မည်ဟု ဗကသများအဖွဲ့ချုပ်ပြော

by ထွန်းထွန်း
8 August 2020
in သတင်း
A A
ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ  / ဇော်ဇော် / ဧရာဝတီ

ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ / ဇော်ဇော် / ဧရာဝတီ

50.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား No Vote (မဲမပေးရေး) လှုပ်ရှား မှုဖြင့် သပိတ်မှောက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယနေ့ဩဂုတ် ၈ ရက်နေ့တွင် ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

သပိတ်မှောက်မှုမှာ ၂၀၀၈ အခြေခံဥပဒေအောက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများသည် ပြည်သူလူထုအတွက် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်မလာနိုင်သည့်အချက်အား မီးမောင်းထိုးပြခြင်းသာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟိုဦးဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့် သော်က ပြောသည်။

RelatedPosts

ဆူဒန်သို့ ပြည်နှင်ခံရသည့် ရွှေ့ပြောင်းများ အမေရိကန် ဆက်ထိန်းချုပ်ရန် တရားသူကြီး အမိန့်ချ

ဆူဒန်သို့ ပြည်နှင်ခံရသည့် ရွှေ့ပြောင်းများ အမေရိကန် ဆက်ထိန်းချုပ်ရန် တရားသူကြီး အမိန့်ချ

21 May 2025
93
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
2
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
104

ကိုထူးခန့်သော်က “နောင်လာမယ့် ၅ နှစ်အတွင်းမှာ ကိုယ့်လက်သန်းကိုယ်ကြည့်ပြီးတော့ နောင်တရနေစရာ အကြောင်းမရှိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပသမျှ ရွေးကောက်ပွဲမှန်သမျှဟာ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အစိုးရတွေတင်ပေးဖို့ပဲဖြစ်တယ်။ ပြည်သူလူထုအတွက် ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေမှာမဟုတ်ဘူး။ အဲ့ဒီအတွက် သပိတ်မှောက်တာဖြစ်တယ်” ဟု ပြောသည်။

လှုပ်ရှားမှုအတွင်း ပြည်သူအများစုပါဝင်လာပါက ရွေးကောက်ပွဲပျက်ကာ အခြေခံဥပဒေအကြပ်အတည်း ပေါ်ပေါက်လာမည်ဖြစ်ပြီး ယင်အကြပ်အတည်းကတဆင့် ဖျက်သိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ အကြပ်အတည်းပေါ်ချိန်တွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် မှာ ထပ်ဆွဲသည့် အခြေခံဥပဒေအကြပ်အတည်းပေါ်ချိန်တွင် ၁၉၈၈ ခုနှစ် အရေးတော်ပုံဖြစ်ခဲ့ပြီး ဆက်လက်ဆွဲ ကိုင်ထားသည့် နဝတ/နအဖ အစိုးရ အကြပ်အတည်းပေါ်ချိန်တွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပေါ် ပေါက်လာခဲ့ကြောင်း၊ အခြေခံဥပဒေတွင် အကြပ်အတည်းပေါ်ပေါက်ပါက မဖြစ်မနေလူထုအရေးတော်ပုံ ဖြစ်ပေါ် လာမည်ဖြစ်ပြီး  ဖြစ်ပေါ်တိုးပွားလာမည်ဟုလည်း ထင်မြင်မိကြောင်းလည်း ၎င်းတို့က ပြောသည်။

ကိုထူးခန့်သော်က “စစ်အစိုးရ အာဏာသိမ်းဖို့ဆိုတာက ကြေညာချက်လေးတစောင်ထုတ်ပြီး ဖုန်းဒိုင်းဆို လုပ် သွားလို့ရမှာမဟုတ်ဘူး။ ရွေးကောက်ပွဲပျက်လည်း အခြေခံဥပဒေအရ သူတို့လုပ်စရာလုပ်ငန်းစဉ်တချို့ကျန် သေးတယ်၊ အဲ့ဒီလုပ်ငန်းစဉ်တွေလုပ်နေတုန်းမှာ ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ပြည်သူလူထုကို မြန်မြန်စည်း ရုံးသွားနိုင်မယ်ဆိုရင်တော့ အစဉ်ပြေမယ်လို့ထင်တယ်” ဟု ရှင်းပြသည်။

၎င်းကဆက်၍ “အာဏာသိမ်းမယ်ဆိုရင်လည်း ရှင်းပါတယ်၊ ဗကသ အနေနဲ့ကတော့ ပိုကြိုက်တယ်။ အခုကလည်း သူတို့က အာဏာသိမ်းစရာမလိုဘူး၊ သမ္မတပေးတဲ့အာဏာကို ဒူးနန့်ယူယုံပဲ။ ခုလောလောဆယ်မှာကို ဦးသိန်းစိန်အစိုးရလည်းမဟုတ်ဘူး၊ NLD အစိုးရလည်းမဟုတ်ဘူး၊ စစ်အစိုးရ။ စစ်အစိုးရက အာဏာထပ်သိမ်းရင် ဘုံရန်သူ ပြတ်ပြတ်သားသားမြင်ရတာပေါ့ဗျာ” ဟု ပြောသည်။

ဗကသများအဖွဲ့ချုပ်၏ သတ္တမအကြိမ်မြောက် ညီလာခံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးမူကို တက်ရောက်လာတဲ့သူများက ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောခဲ့သည်။

No Vote လှုပ်ရှားမှုအား ကြေညာချက်ထုတ်ပြန်သည့် ယနေ့အချိန်မှ စတင်ပြီဖြစ်ကြောင်းနှင့် လှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ငြိစွန်မှုများ ရှိလာမည်ဆိုပါကလည်း ဂရုစိုက်စရာမရှိကြောင်း ၎င်းတို့က ကိုထူးခန့်သော်က ထပ်မံပြောကြားခဲ့သည်။

မဲမပေးဘဲ စနစ်ကို မကြိုက်ကြောင်းပြောခြင်းက တာဝန်မဲ့ခြင်းဖြစ်ပြီး ၅ နှစ်တွင်မှ တရက်သာ ပေးခွင့်ရသော တာဝန်ကို ကျေပွန်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ထို့အတူ ၈၈ အရေးတော်ပုံတွင် ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားခေါင်းများကလည်း အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရန်ကျိုးပမ်းမှုသည် ဒီမိုကရေစီရရှိရေး ဖြစ်သဖြင့် ယခုကဲ့သို့ မဲပေးရွေးချယ်ခွင့် ရရှိသည့် အခွင့် အရေးကို မဲပေးခြင်းဖြင့် ကိုယ်ကြိုက်သည့် ပါတီကို ရွေးချယ်ကြရန် မီဒီယာများမှတဆင့် တိုက်တွန်းထားသည်။

You may also like these stories:

၂၀၂၀ နိုင်ငံရေး တောခြောက်ပွဲ

လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်

မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

Your Thoughts …
Tags: No Voteဗကသရွေးကောက်ပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.6k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.3k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

Next Post
No Vote လုပ်ပြီဆိုကတည်းက ဒီအစိုးရ အသုံးမကျလို့ ကျနော်တို့ လုပ်ရတာ

No Vote လုပ်ပြီဆိုကတည်းက ဒီအစိုးရ အသုံးမကျလို့ ကျနော်တို့ လုပ်ရတာ

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်း  / မျိုးမင်းစိုး / ဧရာဝတီ

အရောင်တခုတည်းက လွှမ်းတဲ့လွှတ်တော်ကြီး ဖြစ်အောင် မလုပ်ကြပါနဲ့

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.1k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate