သတင်း

ဝန်းသိုမြို့နယ်တွင် ဆယ်တန်း ကျောင်းသား ၁ ဦး သတ်သေမှုဖြစ်

Want create site? Find Free WordPress Themes and plugins.

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှ ကျောင်းသား ၁ ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဝန်သို့မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းဦးက “သူတို့အိမ် အနောက်မှာ ရှိတဲ့ အိမ် အဟောင်းမှာ ကြိုးဆွဲချသေတာ။ ဖြစ်တာက ညဦးပိုင်း ၁ နာရီခွဲလောက်မှာ သေသွားတယ်လို့ ခန့်မှန်းရတာပေါ့။ ဒါပေ မယ့် သိတာက မနက် ၈ နာရီလောက်မှ သူ့အိမ်ကသိတာ။ မထလာလို့ သွားကြည့်မှ သိရတာ” ဟု ဧရာဝတီ သို့ ပြောသည်။

သေဆုံးသူသည် အသက် ၁၈ နှစ်အရွယ်ရှိ မောင်လှဇော်ထွန်း ဆိုသူ ဖြစ်ပြီး ယခု တကြိမ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တတိယအကြိမ် ဖြေဆိုခြင်း ဖြစ်ကြောင်း၊ အောင်မြင်လိုသည့် စိတ်ဓာတ် ပြင်းပြနေသော်လည်း ကျရှုံးသဖြင့် သတ်သေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

၎င်းသည် ငယ်စဉ်ကပင် မိဘများ မရှိတော့သည့်အတွက် အဒေါ်ဖြစ်သူက ၎င်းတို့ မောင်နှမ ၃ ဦးကို စောင့်ရှောက်ထားခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းနှင့် တရွာတည်းနေသူ ကိုဘိုဘိုကလည်း “အောင်စာရင်းထွက်မယ်ဆိုလို့ မအိပ်ပဲ စောင့်နေသေးတယ်ဆိုတော့ အောင်စာရင်းထွက်ပြီး နောက်ပိုင်း သူ လုပ်လိုက်တာ ဖြစ်မယ်” ဟု ပြောသည်။

ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဇေယျာလင်းက “ဝန်းသိုမှာတော့ သေမှုသေခင်းတွေကတော့ နှစ်တိုင်း ဖြစ်တယ်။ ကြိုးဆွဲချတာတို့၊ ရေနစ်သေတာတို့ နှစ်တိုင်းဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေကတော့ ဒီနှစ်ထဲမှာ ၁၂ မှု ရှိသွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဝန်းသိုမြို့နယ် ရဲစခန်းက မောင်လှဇော်ထွန်း သေဆုံးမှုနှင့် ပတ်သက်ပြီး သေမှုသေခင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မန္တလေးတိုင်း ဒေသကြီးက အောင်ချက် ၃၇ ဒဿမ ၅၁ ရာခိုင်နှုန်းဖြင့် ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးက ၃၅ ဒဿမ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မွန်ပြည်နယ်က ၃၄ ဒဿမ ၇၁ ရာခိုင်နှုန်းဖြင့် တတိယ ရရှိခဲ့သည်။

You may also like these stories:

ဖီလာဒဲလ်ဖီးယားမှာ ပျမ်းမျှ တပတ်ကို ကလေး ၃ ယောက်နှုန်း သေနတ်ပစ်ခံရ

တပ်မတော် နည်းပညာ တက္ကသိုလ် ပစ်ခတ်မှု ကျူးလွန်သူ ၄ ဦး ထောင် ၃၅ နှစ်စီ ချမှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading