• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၃ ရာခိုင်နှုန်းမြင့်တက်

by ဇင်လင်းထက်
11 August 2020
in သတင်း
A A
စစ်တွေမြို့ ၊ မော်လိပ်ရပ်ကွက်အထက်တန်းကျောင်း (ခွဲ )

စစ်တွေမြို့ ၊ မော်လိပ်ရပ်ကွက်အထက်တန်းကျောင်း (ခွဲ )

14k
VIEWS
Share on FacebookShare on Twitter

ရခိုင်စစ်တပ် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်နေသော ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်ကထက် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၃ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် အောင် ချက် ရာခိုင်နှုန်းမှာ ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိပြီး တနိုင်ငံလုံးအတိုင်းအတာအားဖြင့် အဆင့်သတ်မှတ်ချက် ၁၅ တွင် ရှိသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
16
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
626
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

“ကလေးတွေ ဖြေနိုင်လို့ အောင်ချက် တက်တာပေါ့။ ၂၀၁၉ တုန်းက လူ ၁၀၀ မှာ ၆ ဦးလောက် ပျက်တာပေါ့။ ဒီနှစ်မှာ ၈ ရာခိုင်နှုန်းပျက်တယ် ဆိုတော့ တိုးလာတဲ့ ပျက်ကွက် ၂ ရာနှုန်းက အောင်ချက်ဘက် ရောက်သွားပြီလေ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “အေးအေးချမ်းချမ်း စာသင်နိုင်တဲ့ ကျောင်းတွေက အောင်ချက်ကို ဆက်ထိန်းထားနိုင်တယ်လေ။ နောက်တခုက မေးခွန်းပေါ့။ ဒီမေးခွန်းကို ဖြေလိုက်ရတဲ့အတွက် ကလေးတွေက တော်တော်လေး အကျိုးရှိတယ်။ ဖြေနိုင်ကြတယ်ပေါ့။ ဒါကြောင့်ပါ” ဟု သုံးသပ်သည်။

ရခိုင်ပြည်နယ်ရှိ ကျောင်းသူ၊ ကျောင်းသားအများစုသည် ၂၀၂၀ ခုနှစ် မတ်လက ဖြေဆိုခဲ့ရသော တက္ကသိုလ်ဝင်စာမေးပွဲကို တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းများနှင့် တည်ငြိမ်သည့် မြို့ပေါ်စာသင်ကျောင်းများတွင် စာသင်ကြားခဲ့ရပြီး ယင်းစာစစ် ဌာနများ၌သာ ဖြေဆိုခဲ့ရကြောင်း၊ စာမေးပွဲ လာရောက် မဖြေဆိုသည့် ရာခိုင်နှုန်းကလည်း ၂၀၁၉ ခုနှစ်ကထက် ၂ ရာခိုင်နှုန်း တိုးခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် တက်လာရခြင်းသည် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာရခြင်း၏ အကျိုးဆက်အားဖြင့် ကျောင်းထွက်မှုများလာခြင်းနှင့် သက်ဆိုင်နိုင်ကြောင်း ပြောသည်။

“အရင်တုန်းကဆိုရင် အကုန်လုံးက အဆင်ပြေသလို သင်ကြတာပဲလေ။ ကျောင်းတက်တဲ့သူများတော့ များတာပေါ့။ တဖက်ကကျတော့ အောင်ချက်က ကျတာပေါ့။ အခုကကျတော့ အဆင်မပြေတဲ့ သူက ကျောင်းထွက်လိုက်ရတယ်။ အဆင်ပြေတဲ့သူက တိုက်ပွဲကင်းတဲ့နေရာမှာ စာသင်ခွင့်ရကြတယ်” ဟု ၎င်းက ထောက်ပြသည်။

ထို့ပြင် မိဘများနှင့် ဆရာ၊ ဆရာမများ၏ အားပေးပြောဆိုမှုသည်လည်း အောင်ချက်တက်လာစေသည့် အကြောင်းအရင်း ဖြစ်နိုင်ကြောင်း ကိုဇော်ဇော်ထွန်းက သုံးသပ်သည်။

“ရခိုင်ပြည်မှာ ပဋိပက္ခတွေများတယ်။ မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို အခက်အခဲ အကျပ်အတည်း အများကြီး ကြားထဲက ပညာသင်ကြားပေးလိုက်ရတာ ဖြစ်တယ်။ ဒီတော့ ကြိုးစားဖို့ လိုတယ်ပေါ့။ ဒီလိုပြောကြတာတွေရှိတယ်။ ဒီလိုမျိုးတွေကလည်း အထောက်အကူပြုမယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၆ ဘာသာဂုဏ်ထူးရရှိခဲ့သူ ၂၀ ဦးရှိပြီး ဝိဇ္ဇာဘာသာတွဲ တနိုင်ငံလုံး အမှတ်အများဆုံး ၁၂ ဦးစာရင်းတွင် ပါဝင်သူ ၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည့် အချက်အလက်များ အရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်နှင့်ချင်းတွင် အင်တာနက် ပြန်ဖွင့်သော်လည်း အသုံးပြုမရ ဟုဆို

စစ်ပဋိပက္ခကြောင့် ရသေ့တောင်တွင် လယ်ဧက ၁၃၀၀၀ ကျော် စပါးမစိုက်နိုင်

Your Thoughts …
Tags: တက္ကသိုလ်ဝင်တန်းပညာရေးဝန်ကြီးဌာနရခိုင်အောင်ချက်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

Next Post
မြောက်ဦးမြို့ အဝင် ဆိုင်းဘုတ် / ကိုအောင်အောင် / Fb

မြောက်ဦးက ဖမ်းဆီးခံ ရွာသား စစ်ကြောရေးတွင် သေဆုံး

ရေစင်မှတ်တိုင်အနီး ဖြစ်ပွားခဲ့သည့် ဖယ်ရီယာဉ် ၂ စီးတိုက်မှု / ဦးတေဇာအောင် / facebook

၆ ဦးသေဆုံးသည့် ယာဉ်တိုက်မှု၊ ယာဉ်မောင်းကို ပုဒ်မ ၄ခုဖြင့် အမှုဖွင့်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate