• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံသား စိစစ်ရေးကတ် မရှိသေးလည်း မဲပေးခွင့် မဆုံးရှုံးနိုင်ဟု UEC ပြော

by ဇူးဇူး
12 August 2020
in သတင်း
A A
၂၀၁၅ ရွေးကောက်ပွဲကာလက မဲပေးနေသည့် ပြည်သူတဦး / ဧရာဝတီ

၂၀၁၅ ရွေးကောက်ပွဲကာလက မဲပေးနေသည့် ပြည်သူတဦး / ဧရာဝတီ

24.6k
VIEWS
Share on FacebookShare on Twitter

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည့် သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ် ရေးကတ်ပြား မရှိသော်လည်း အသက် ၁၈ နှစ်ပြည့်ပြီး မဲစာရင်းတွင် ပါဝင်သူတိုင်း မဲပေးခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧရာဝတီကို ပြောသည်။ 

“အဓိကကတော့ မဲစာရင်းထဲပါဖို့။ မဲစာရင်းထဲ ပါသွားရင်တော့ မဲပေးပိုင်ခွင့် ရှိသွားပြီ။ တကယ်လို့များ မှတ်ပုံတင်ရဖို့မှာ သူ ကြိုးစားမယ်။ ကြိုးစားလို့ မရသေးရင်လည်းပဲ မဲစာရင်းထဲမှာ ပါတဲ့သူ အမှန်ဖြစ်ကြောင်း သူ့ဓာတ်ပုံပါတဲ့ အစိုးရက တရား ဝင် အသိအမှတ်ပြုတဲ့ ကျောင်းသားကတ်တွေ ဘာတွေ ဒါမျိုးပြလည်း ရတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။ 

RelatedPosts

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

25 June 2025
20
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

25 June 2025
209
စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

25 June 2025
948

ထို့အပြင် အရန်မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မော်တော်ယာဉ်မောင်းလိုင်စင်များ စသည်ဖြင့် ပြနိုင်လျှင်လည်း ရ ကြောင်း၊ မှတ်ပုံတင်သည် မဲစာရင်းထဲ ပါဝင်သူ ဟုတ်၊ မဟုတ် အထောက်အထား တရပ်အနေဖြင့် တိုက်ဆိုင် စစ်ဆေးခြင်း သာဖြစ်ကြောင်း၊ မဲစာရင်းထဲ ပါဝင်ရေးသည် အဓိကဖြစ်ရာ မဲစာရင်း သွားကြည့်ကြစေချင်ကြောင်း ၎င်းက ရှင်းပြသည်။ 

အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရသေးသည့်သူများ မဲပေးနိုင်ရေးနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းရာတွင် ဦးမြင့် နိုင်က ထိုကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။  

ဦးမြင့်နိုင်က “ကတ်တခုခု မရှိရင်လည်း သူနေထိုင်တဲ့ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၊ ကော်မရှင်အဖွဲ့ဝင်တွေက ဒီလူကတော့ ဟုတ်ပါတယ်။ အမှန်ပါပဲ။ မဲစာရင်းထဲပါတဲ့သူပါ။ ဒီလူမှန်ပါတယ်လို့ ထောက်ခံရင်လည်း ဆန္ဒမဲပေးပိုင်ခွင့် မ ဆုံးရှုံးပါဘူး” ဟု ပြောသည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနကလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး သစ္စာစီမံချက် ဖြင့် မှတ်ပုံတင်များကို ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း လုပ်ဆောင်ပေးလျက်ရှိရာ မှတ်ပုံတင်များ သွားလုပ်ရန် လည်း ၎င်းက တိုက်တွန်းသည်။ 

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သည့် New Myanmar Foundation မှ မမြနန္ဒာသင်းက “မှတ်ပုံတင်ရှိ ရင်တော့ အကောင်းဆုံးပေါ့။ တခြားဟာကျ ဘာဖြစ်နိုင်လဲဆို သူက ဝန်ထမ်းကတ်ကို ပြတာပဲဖြစ်ဖြစ်၊ တခုခု ပြတယ်ဆိုပေ မယ့် ဒီလူက ဒီမဲဆန္ဒနယ်မှာ နေထိုင်တာ ဟုတ်၊ မဟုတ် ဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးပဲ ဖြစ်ဖြစ် အဲဒီလို ထောက်ခံ ချက်တွေက တခါပြန်ပြီးတော့ အတည်ပြုရတာ ခက်နေမှာပေါ့” ဟု ပြောသည်။ 

ရွေးကောက်ပွဲ ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသားဖြစ်သူတိုင်း မဲပေးခွင့် ရရမည်ဟုဆိုထားရာ ထိုသို့ မဲပေးခွင့်ရ ရန် ဆောင်ရွက်ပေးရေးသည် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၏ အလုပ်ဖြစ်ကြောင်း၊ အထောက်အထား တခုခုပြကာ မဲပေးနိုင်သည် ဆိုသော်လည်း ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မှတ်ပုံတင်များ ရရှိအောင် ဆောင်ရွက်ပေးသင့် သလို မဲပေးချင်သူ၊ မဲပေးခွင့်ရသူများ မဲစာရင်း၌ ပါဝင်ရေး လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။  

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးသည့်နေ့၌ မဲစာရင်းရှာရ လွယ်ကူစေရန် ကော်မရှင်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ မဲရုံ ကော် မရှင် အဖွဲ့ဝင်များ၏ တံဆိပ်တုံးနှင့် မဲစာရင်းပါ အချက်အလက်များ ပါဝင်သော စလစ်ပြားများ ကြိုတင်ပေးဝေထားရာ မှတ်ပုံ တင် မပါသူများအနေဖြင့် ထိုစလစ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးကာ မဲပေးနိုင်ကြောင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးထွန်းထွန်းလင်းက ရှင်းပြသည်။ 

“မှတ်ပုံတင် ပါလာရင်တော့ ပိုကောင်းတာပေါ့။ စလစ်ပြား ပါလာရင်လည်း အဆင်ပြေတယ်။ မဲစာရင်း အချက်အလက်နဲ့ တိုက် လို့ရတယ်။ အဓိကက မဲစာရင်းမှာပါရင် မဲပေးခွင့်ရမှာပဲ။ ဒီလူ ဒီလမ်းက မှန်လားဆိုတာ မဲရုံမှာရှိတဲ့ လမ်းမှူးတွေ၊ ဝင်ပြိုင် တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေ ရှိတယ်။ သူတို့နဲ့ သက်သေပြပြီးတော့ ပေးခွင့်ပြု လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော် ရှိကာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံး မဲပေးမည့် လူငယ် ၅ သန်းခန့် ရှိကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာထားသည်။ 

အခြေခံမဲဆန္ဒရှင်စာရင်းများကိုလည်း ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၈ ရက်ထိ၊ ထပ်တိုးအဖြစ် သြဂုတ် ၁၄ ရက်ထိ ထပ်မံတိုးမြှင့်ကာ ကြေညာပေးထားပြီး ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် သွားရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ မဲမပေးသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မိမိအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခြင်းတို့ကို မဲစာရင်းကြေညာထားစဉ် ကာလ အတွင်း ပြုလုပ်နိုင်မည် ဖြစ်သည်။  

ဆက်စပ်ဖတ်ရှုရန် –

နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေချင်ရင် မဲစာရင်း ပါ၊ မပါ သွားကြည့်ပါ

No Vote လှုံ့ဆော်မှု ပုဒ်မ ၆ ခုနှင့် ငြိစွန်းဟု UEC ပြော

အွန်လိုင်းမှ မဲမဆွယ်ရန် ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် သတိပေး
Your Thoughts …
Tags: မဲစာရင်းမဲဆန္ဒရှင်မှတ်ပုံတင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
4.1k

"ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်"

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ

နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ

by ဧရာဝတီ
3 April 2024
2.4k

နာမည်ကြီးရွှေဆိုင်များဖြစ်သည့် မောင်ကိန်း၊ နယူးတိုင်စင်ရွှေဆိုင်တို့ အပါအဝင် ရန်ကုန်မြို့ရှိ ရွှေဆိုင် ၃ ဆိုင်နှင့် မန္တလေးမြို့မှ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ရွှေဆိုင် ၇ ခုတို့ကို လုပ်ငန်းယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂ ရက်စွဲဖြင့်...

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

by ဧရာဝတီ
28 September 2023
1.6k

ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း

ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

by မိုးသောက်
25 August 2024
579

အဝေးပြေးကားဂိတ်တွေက ရခိုင်၊ ရှမ်း၊ ပလောင်နဲ့ ကိုးကန့်လူမျိုးတွေကို လက်မှတ်မရောင်းပေးတော့ဘူးလို့ ကြေညာထားပါတယ်။

ရန်ကုန်မှာ ရခိုင်လူမျိုးတွေကို စာရင်းကောက်ယူနေ (ရုပ်/သံ)

ရန်ကုန်မှာ ရခိုင်လူမျိုးတွေကို စာရင်းကောက်ယူနေ (ရုပ်/သံ)

by ဧရာဝတီ
15 January 2025
465

စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေတဆင့် ရန်ကုန်မြို့အတွင်းရောက်ရှိနေတဲ့ ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေကိုစာရင်းကောက်ခံမှုတွေ လုပ်နေတယ်လို့ ရန်ကုန်ကိုရောက်ရှိနေတဲ့ ရခိုင်လူမျိုးတွေကပြောပြပါတယ်။

Next Post
ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်း တာဝန်ရှိသူများ၏ ဆိုင်းဘုတ်တခုကို နေပြည်တော်ရှိ ၎င်းတို့ပါတီ ရုံးချုပ်ရှေ့တွင် တွေ့ ရစဉ် / သီဟလွင် / ဧရာဝတီ

ကြံ့ခိုင်ရေး ကိုယ်စားလှယ်စာရင်းတွင် အငြိမ်းစား ဝန်ကြီးနှင့် တပ်အရာရှိဟောင်း အနည်းသာ ပါဝင်

ပြီးခဲ့သည့် မတ်လအတွင်း COVID- 19 ကပ်ရောဂါကြောင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်လ်ိုက်ချိန် မူဆယ်မြို့တွင် ရောက်ရှိလာသည့် ဖရဲသီးကားများ / ဇော်ဇော် / ဧရာဝတီ

ကိုဗစ်ချေးငွေ ဒုတိယအသုတ်တွင် လျှောက်ထားသူ ၁ သောင်းခန့်ရှိ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate