• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာတင်

by ဇူးဇူး
14 August 2020
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်ကနေ  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ် ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို တင်သွင်းနေစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ် ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာကို တင်သွင်းနေစဉ် / အောင်ကျော်ထက် / ဧရာဝတီ

44.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား နိုင်ငံခြား အထောက်အပံ့ယူသည် ဟုဆိုကာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဦးဌေးအောင်က ကန့် ကွက်လွှာ တင်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင် ပတ်သက်၍ ဧရာဝတီက တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်အား ဆက်သွယ် မေးမြန်းရာ “ကန့်ကွက်လွှာ တင်တာ ဟုတ်တယ်။ ကျနော်တို့ ကော်မရှင် အဖွဲ့ဝင်တွေက အစည်းအဝေးထိုင်ပြီး အဲဒါကို ဆုံးဖြတ်မယ်။ ဒီ ဥစ္စာက အကျုံးဝင်လား၊ မဝင်ဘူးလား။ တရားဝင်လား၊ မဝင်ဘူးလားပေါ့” ဟု အတည်ပြု ပြောဆို သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
0
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
119
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
149

စည်းဝေး ဆုံးဖြတ်ပြီးသည့်အခါ လာမည့် ရက်ပိုင်းအတွင်း ကာယကံရှင်ဖြစ်သူ ဦးဌေးအောင်ကို ခေါ်ယူကာ ၎င်း၏ ကန့် ကွက်လွှာအား လက်ခံသည်၊ မခံသည်ကို အကြောင်းပြန်မည် ဖြစ်ပြီး လိုအပ်ပါက အမိန့်စာပါ ထုတ်ပေးလိုက်မည် ဖြစ် ကြောင်း၊ ကန့်ကွက်လွှာကို လက်မခံဘူးဆိုပါက ဦးဌေးအောင် အနေဖြင့် တိုင်းရုံးသို့ အယူခံဝင်ခွင့် ရှိကြောင်း ၎င်းက ရှင်း ပြသည်။

ဦးသိန်းလှိုင်က “အကြမ်းဖျင်းကတော့ ပြည်ပအထောက်အပံ့ ယူတယ်၊ နိုင်ငံခြားက အထောက်အပံ့ယူတယ်လို့ သံသယရှိ တဲ့ ပုံစံ။ ဓာတ်ပုံတွေ ဘာတွေပါတယ်။ အဲဒါပါပဲ။ ကျနော်တို့ကတော့ ထုံးစံအတိုင်း၊ ဥပဒေအတိုင်းပဲ လုပ်သွားမယ်” ဟု ဆိုသည်။

Orchid Hotel ပိုင်ရှင် ဦးဌေးအောင်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်း၏ ကန့်ကွက်လွှာအား ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ တင်သွင်းခဲ့ပြီး သြဂုတ် ၁ရ ရက်တွင် အဆုံးအဖြတ် ပေးမည်ဟု ကော်မရှင် က ပြန်လည် ချိန်းလိုက်ကြောင်း ဦးဌေးအောင်က ပြောသည်။

“အခု နောက်ဆုံးရတဲ့ အထောက်အထားတွေပေါ့။ နိုင်ငံခြား အထောက်အပံ့ ရယူတဲ့ သူများနဲ့မတူတဲ့ အထောက်အထား တွေနဲ့ တင်ပြပြီးတော့ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ကြားစကားတွေ၊ သံယောင်ကြားနဲ့ လုပ်တာမျိုး မဟုတ်ပါဘူး။ ကျနော် က ပေးတဲ့သူတွေနဲ့ စကားပြောနိုင်၊ မေးမြန်းနိုင်တဲ့အဆင့် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စအား ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်မှတဆင့် အကြောင်းကြား၍ သိရှိပြီး ဖြစ်ကြောင်း၊ ကော်မရှင်က ကန့်ကွက်လွှာအား လက်ခံသည်ဆိုပါက ဖြေရှင်းရန်တာဝန်ရှိကြောင်း၊ သို့သော် အဆိုပါ ကန့်ကွက်လွှာအား ဖြေရှင်းရန် ကော်မရှင်ဘက်မှ အကြောင်းကြားလာခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့်က ပြောသည်။

“ကျနော်တို့ ပါတီက ငွေကြေးသုံးစွဲမှုဟာ ပြည်တွင်းသုံးရော၊ နိုင်ငံခြားသုံးရော အထူးဂရုစိုက်တဲ့ ပါတီ ဖြစ်ပါတယ်။ အထူး သဖြင့် ဒီနိုင်ငံခြားငွေကြေးကို ကျနော်တို့ပါတီကနေပြီး လက်ခံရယူခြင်း မရှိဘူး။ တင်းကျပ်တဲ့ စည်းကမ်းတွေ ချထားပါ တယ်။ အဲဒီတော့ ဒါဟာ လုံးဝ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ဖြစ်တဲ့အတွက် ကျနော်တို့ ဖြေရှင်းဖို့လိုလိမ့်မယ် မဟုတ်ဘူး လို့ပဲ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၄၄ ဦး အနက် လက်ရှိအချိန်ထိ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တဦးသာ ကန့်ကွက်ခံထားရကြောင်း သိရ သည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၅)၊ပုဒ်မ (၁၀)တွင် ရွေးကောက်ပွဲ၌ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိသူများအား ဖော်ပြထားပြီး ပုဒ်မခွဲ(ဇ)တွင် နိုင်ငံခြား တိုင်းပြည်တခုခု၏ အစိုးရ (သို့) ဘာသာရေးအဖွဲ့အစည်း (သို့) တခြား အဖွဲ့အစည်းတခုခု (သို့) ပုဂ္ဂိုလ် တဦးဦးထံမှ အထောက်အပံ့ရယူသုံးစွဲသူ (သို့) ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲ သည့် အဖွဲ့အစည်းဝင်ဖြစ်သူ ဟု ဖော်ပြထားသည်။

ယင်း ဥပဒေ ပုဒ်မ ၂၅ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း (သို့) ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည်စုံခြင်း မရှိကြောင်းကို ထို ကိုယ်စားလှယ်လောင်း ရွေးကောက်ခံမည့် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်း တဦးဦးက လုံလောက်သော အထောက်အထားများ တင်ပြ၍ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်နိုင်သည်ဟု ပါရှိသည်။

အဆိုပါ ကန့်ကွက်မှုများကို ပြည်ထောင်စု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲက စိစစ် ပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူ၊ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိသူဖြစ်ကြောင်း သတ်မှတ်ကြေ ညာနိုင်သည် ဟုလည်း ပြဋ္ဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၇ ထောင်ကျော်ရှိ

သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်

Your Thoughts …
Tags: ကန့်ကွက်လွှာကိုယ်စားလှယ်လောင်းဒေါ်အောင်ဆန်းစုကြည်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ချစ်သုဝေတို့ အမှုအား ပလပ်ခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး

ချစ်သုဝေတို့ သားအဖ အမှုအား ပလပ်ခဲ့ပေမယ့် ဆက်လက် ဆောင်ရွက်မည်

မ်းပြည်နယ်မြောက်ပိုင်းတွင် တနိုင်တပိုင် မွေးမြူထားသော ဝက်ခြံ တခြံ / ထက်ဝေ / ဧရာဝတီ

အာဖရိက ဝက်အပြင်းဖျားရောဂါ ကို ထိန်းချုပ်ဖို့ ကြိုးစားနေဟု မွေး/ကုဌာန ပြော

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate