• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် မွတ်စလင် ၅ ဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရ

by ထွန်းထွန်း
17 August 2020
in သတင်း
A A
အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းကို  ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စိစစ်နေစဉ် / Sub Election Commission-Rakhine State

အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စိစစ်နေစဉ် / Sub Election Commission-Rakhine State

5.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့သူ မွတ်စလင် ၅ အား ၎င်းတို့မွေး ဖွားစဉ် မိဘများမှာ နိုင်ငံသား မဖြစ်သည့်အတွက် ပယ်ချခဲ့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံက သိရ သည်။

ပယ်ချခံရသူများမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) မှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဘူလ်တာဟေရ် တို့ ဖြစ်ကြောင်း သိရသည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
207
“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
91
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.7k

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “အဓိက ပယ်ချတာတော့ ကိုယ်စားလှယ်လောင်း လျှောက်တဲ့သူက မွေးဖွားချိန်မှာ သူတို့ မိဘ၊ ဘိုးဘွားတွေက နိုင်ငံသား မဖြစ်သေးတဲ့ အချက်ပေါ့” ဟု ပြောသည်။

ဒီမိုကရေစီနှင့် လူအခွင့်အရေး ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာ ၇ ဦး တင်ခဲ့ခြင်း ဖြစ်ပြီး ၄ ဦး ပယ်ချခံရကာ ၃ ဦး ယှဉ်ပြိုင်ခွင့် ရထားကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။

ဦးကျော်စိုးအောင် က “သူတို့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့သူတွေပါ။ ၂၀၁၅ ခုနှစ် မတိုင်ခင်က မဲပေးခွင့် လည်း ရခဲ့ကြသလို ပါဝင်ယှဉ်ပြိုင်ခွင့်လည်း ရှိခဲ့ပါတယ်။ အခု ၂၀၂၀ မှ နိုင်ငံသား အရည်အချင်း ပြည့်မီခြင်း မရှိဘူးဆိုရင် နိုင်ငံသား ဥပဒေက နောက်ကိုပဲ ပြန်သွားနေတာလား။ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ပြောသည်။

၎င်းကဆက်၍ “ခွဲခြားဆက်ဆံမှုက၂၀၁၅ မတိုင်မီ ဦးသိန်း စိန် အစိုးရက ခွဲခြားဆက်ဆံတဲ့ ပုံစံက ၂၀၁၅ နောက်ပိုင်း ဒီမိုကရေစီ စံနှုန်းအပေါ်မှာ သွားနေတဲ့ အစိုးရကလည်း ခွဲခြား ဆက်ဆံနေတာကို လက်တွေ့ တွေ့နေရတာ ကျနော်တို့ စိတ်မကောင်းဘူး။ ဒီမိုကရေစီအတွက် ဘယ်လိုတွေ ချီတက်နေ တာလဲဆိုပြီး ကျနော်တို့ သံသယတွေ တော်တော်လေး ရှိနေပြီ” ဟု ဆိုသည်။

ယင်းသို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရမှုများနှင့် ပတ်သက်ပြီး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံသို့ အယူခံ ဆက်လက် တင်သွင်းမည် ဖြစ်ကြောင်းလည်း ဦးကျော်စိုးအောင်က ပြောဆိုသည်။

ပယ်ချခံရသူ ၄ ဦးသည် ဦးအဒူရော်ရှိ(စစ်တွေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(ခ) မာမောက် ရှောင်ရု အနော်ရိုလာဟောက်(ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်)၊ ဦးအောင်လှ(ဘူးသီးတောင် မြို့နယ်၊ မဲဆန္ဒ ယ်အမှတ် ၁)၊ ဦးဇာဖောရ်အူလ္လာ(ခ) စောမြင့်(ဘူးသီးတောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။

ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသူ ၃ ဦးမှာ နိုစ်မူဟာမက်(ခ) ဦးအေးဝင်း(မောင်တောမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊ ဦးအောင်ကြီး(သာကေတမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်)၊ ဦးဟိန်းဝင်းလတ်(တောင်ဒဂုံမြို့နယ်၊ တိုင်း ဒေသကြီး လွှတ်တော် မဲဆန္ဒနယ်တို့ ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်း ၁၈ ဦး လျှောက်ထားခဲ့ရာတွင် ၁၅ ပယ်ချခံခဲ့ရပြီး ၃ ဦးသာ ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(င) တွင် “မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘ တပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသား” သည် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက် တင် မြှောက်ခံပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားသည်။

လက်ရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) သည် ၁၉၈၉ တွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ အဖြစ် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာလေးနေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP) ကို တည်ထောင်ခဲ့ပြီး ပါတီဝင်အရေအတွက်မှာ တစ်သောင်းခန့် ရှိကြောင်း လည်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်

ရခိုင်က တပ်မဲရုံတွေမှာ မဲဘယ်လိုပေးကြရမလဲ

Your Thoughts …
Tags: ကိုယ်စားလှယ်လောင်းမွတ်စလင်ရခိုင်ပြည်နယ်ရွေးကောက်ပွဲ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
26.9k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

Next Post
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်အနီးတွင် ဒီမိုကရေစီရေး လူထုစုဝေးပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့သည် / Bangkok Post

နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ထိုင်းကျောင်းသားများ ဆန္ဒပြ

ရွေးကောက်ပွဲအကြိုနိုင်ငံရေးအခင်းအကျင်းဘယ်လိုရှိလဲ  (ရုပ်/သံ)

ရွေးကောက်ပွဲအကြိုနိုင်ငံရေးအခင်းအကျင်းဘယ်လိုရှိလဲ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate