• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်

by မင်းအောင်ခိုင်
19 August 2020
in သတင်း
A A
စစ်တွေကျန်းမာရေးဦးစီးဌာန / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေကျန်းမာရေးဦးစီးဌာန / မင်းအောင်ခိုင် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့သူ အမျိုးသမီး ၃ ဦးတွင် မွတ်ဆလင် ဒုက္ခသည် စခန်းသို့ သွားခဲ့သည့် ခရီးသွားရာဇဝင်ရှိသူ INGO ဝန်ထမ်း အမျိုးသမီး ပါဝင်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်အရ စစ်တွေမြို့မှ လူနာအမှတ် ၃၇၇ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ လူနာအမှတ် ၃၇၈ အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦးနှင့် လူနာ အမှတ် ၃၇၉ အသက် ၄၅ နှစ် အရွ ယ် အမျိုးသမီး ၁ ဦး စသည့်ဖြင့် အမျိုးသမီး ၃ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ရာတွင် လူနာအမှတ် ၃၇၇ အမျိုးသမီးမှာ INGO ဝန်ထမ်းတဦး ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
51
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
82
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
299

စစ်တွေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “ပထမ အမျိုးသမီးငယ် လူနာအမှတ် ၃၇၇ က NGO ဝန်ထမ်းတယောက်ဖြစ်တယ်။ ကျနော်တို့ဆီမှာ ဒုက္ခသည်စခန်းတွေရှိတယ်။ အုန်းတောစခန်းလို့ ခေါ်တာပေါ့။ သူ့ရဲ့ခရီး သွား ရာဇဝင်မှာတော့ အဲဒီကို သွားခဲ့တာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူ INGO အမျိုးသမီးသည် စစ်တွေမြို့ မိဇံရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး ယမန်နေ့ သြဂုတ်လ ၁၈ ရက် နေ့က နေမကောင်းသဖြင့် စစ်တွေ ဆေးရုံကြီးသို့ တက်ရောက်လာစဉ် သံသယလူနာ အဖြစ် ထားရှိပြီး ဆေးနမူနာများကို ရန်ကုန်ဓာတ်ခွဲခန်းသို့ ချက်ချင်း ပို့ဆောင် စစ်ဆေးခဲ့ရာမှ ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း အဖြေထွက်လာခြင်း ဖြစ်ကြောင်း လည်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ လူနာအမှတ် ၃၇၇ အမျိုးသမီးငယ်သည် သြဂုတ်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် CB Bank ဝန်ထမ်းလူနာအမှတ် ၃၇၅ အမျိုးသမီးနှင့် ထိတွေ့ ဆက်စပ်မှု မရှိကြောင်း ၊ နောက်ထပ် လူနာအမှတ် ၃၇၈ နှင့် ၃၇၉ အမျိုးသမီး ၂ ဦး တို့မှာ ပိုးတွေ့ရှိသူ CB Bank ဝန်ထမ်း အမျိုးသမီးနှင့်အလုပ်အတူတူ လုပ်ကိုင်သည့် ဘဏ် ဝန်ထမ်းနှစ်ဦး၏ မိခင်များ ဖြစ်ကြောင်းလည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

၎င်းက “ပထမဆုံး အမျိုသမီး (INGO) တယောက်ကတော့လူနာအမှတ် ၃၇၅ နဲ့ အဆက်အသွယ် မရှိဘူး။ နောက် ၂ ယောက်ကျတော့ အဲဒီ CB Bank ဘဏ်ဝန်ထမ်းနဲ့ အလုပ်အတူတူ လုပ်တဲ့ ဝန်ထမ်းတွေရဲ့ အမေ တွေဖြစ်တယ်။ သူတို့ ကတော့ တဆင့်ခံ ကူးစက်မှုဖြစ်တာလို့ ပြောလို့ ရတယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောကြား သည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ရှိလာသဖြင့် ယမန်နေ့က ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အစည်းအဝေး တရပ်ပြု လုပ်နေသလို ယမန်နေ့တွင်လည်း ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်ပြီး အစည်းအဝေး တရပ် ပြုလုပ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ မနေ့က လုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ ပိုးတွေ့ သူ တယောက်ရှိတဲ့ အတွက် ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်မယ်။ ပြည်သူတွေကို Mask တပ်ဖို့ အသိပညာ ပေးလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ထပ် ပိုးတွေ့လူနာ ရှိလာတာကြောင့် ဒီနေ့လည်း အစည်း လုပ်နေတာ ရှိတယ်။ ဒီနေ့ကတော့ ဘာတွေ ဆုံးဖြတ်မယ်ဆိုတာ မသိရသေးဘူး ” ဟု အစည်း အဝေး မလုပ်မီ ယနေ့ နေ့လည် ပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

စစ်တွေမြို့တွင် ပိုးတွေ့လူနာများ ထပ်မံ ထွက်ပေါ်လာသဖြင့် မြို့ခံ လူထုကြား စိုးရိမ်မှု မြင့်နေသော်လည်း အများစုက Mask တပ်ပြီး သွားလာသည့် အလေ့အထ မတွေ့ရဖြင့် အသိပညာပေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန် လိုအပ် ပြီး ကျန်းမာရေးဌာမှ ညွန်ကြားချက်အတိုင်း စည်းကမ်းလို က်နာရန် ကြပ်မတ်စွာ ကိုင်တွယ်သင့်ကြောင့် မြို့ခံလူကြီး များက ထောက်ပြ ပြောဆိုကြသည်။

ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကတော့ လက်ရှိ အချိန် တွင် ပိုးတွေ့ရှိသူများ ထပ်မံ ထွက်ပေါ်လာသည့်အတွက် ၎င်းတို့နှင့် ထိတွေ့ ဆက်နွယ် သူများကို စာရင်းပြုစုပြီး ကွင်းဆင်း စိစစ်မှုများကို လုပ်ဆောင် နေကြောင်းလည်း သိ ရသည်။

လက်ရှိအချိန်တွင် အဆိုပါ ပိုးတွေ့ရှိသူ CB Bank ဝန်ထမ်း အမျိုးသမီး အပါအဝင် နောပ်ထပ် ပိုးတွေ့သူ အမျိုးသမီး ၃ ဦး စုစုပေါင်း အမျိုးသမီး ၄ ဦးတို့ကို စစ် တွေပြည်သူ့ဆေးရုံကြီးသို့ ယူဆောင်ကာ ကုသမှုများကို ပြုလုပ်နေသည့် အတွက် အမျိုသမီး ၄ ဦးလုံးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

Coronavirus Disease 2019(COVID- 19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း COVID- 19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ပြည်သူသို့ ပန်ကြားချက် ယမန်နေ့က ထုတ် ပြန်ရာတွင် ပြည်သူများ အကြား ကိုဗစ်ကာကွယ်ရေးအတွက် အဓိက ဆောင်ရွက်ရမည့် အချက်များကို လိုက်နာ ရာ တွင် ဧပြီနှင့် မေလတွင် အားကောင်းခဲ့သော်လည်း ဇွန်လအလယ်မှစ၍ လိုက်နာမှု အားနည်းခဲ့ကြောင်း ထောက်ပြ သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ယနေ့နောက်ဆုံးထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါတွေ့ရှိသူ စုစုပေါင်း ၃၉၄ဦး အထိ ရှိလာကြောင်း သိရသည်။

You may also like these stories:

စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ

ကိုဗစ် ဒုတိယလှိုင်းကို ထိုင်းနိုင်ငံ ကျော်ဖြတ်နိုင်မလား

Your Thoughts …
Tags: INGOစစ်တွေရခိုင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ရန်ကုန်မြို့လယ် ညရှုခင်း / ဧရာဝတီ

မြန်မာနိုင်ငံ စီမံကိန်းဘဏ်မှာ ဘာတွေ အသစ်ဖြည့်လဲ

အဆိုတော် Britney Spears

ဖခင်ရဲ့ အုပ်ထိန်းမှုအောက်က ကင်းလွတ်ဖို့ ကြိုးစားနေတဲ့ Britney Spears

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate