• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီ ခိုးဝင်ရန်ကြိုးစားသည့် တရုတ် ၂၀ ဦး လမ်းခရီးတွင်ဖမ်းမိ

by ထွန်းထွန်း
24 August 2020
in သတင်း
A A
ဩဂုတ် ၁၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းတော်မြို့နယ်တွင် ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံ သားများ / တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဩဂုတ် ၁၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းတော်မြို့နယ်တွင် ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံ သားများ / တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

10.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးအား ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက ဖမ်းမိထားသော်လည်း အမှုမဖွင့်သေးဘဲ လူဝင်မှု ကြီးကြပ်ရေးဘက်မှ စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

နမ္မတူ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်ဆွေက “အမှုတော့ မဖွင့်ရသေးဘူး၊ လ.ဝ.က(လူဝင်မှုကြီးကြပ်ရေး)ဘက်က စစ်နေ တုန်းပဲ၊ စကားပြန်က တဆင့် စစ်နေရတာပေါ့၊ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
41
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
29
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
51

လက်ရှိ ဖမ်းမိထားသည့် တရုတ်နိုင်ငံသားများနှင့် ၎င်းတို့အား သယ်သူပို့ဆောင်ပေးသူများ အနေဖြင့် နမ့်ခမ်းမြို့နယ်၊ မုံးရီး ရွာဘက်မှ ထွက်ခွာလာခြင်းဖြစ်ပြီး နမ္မတူ-မန်စံ-သီပေါ-မန္တလေးလမ်းကြောင်း မှတဆင့် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့သို့ သွားရောက် မည်ဟု အကြမ်းဖျဉ်း သိထားရကြောင်း နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  သိရ သည်။

၎င်းတို့အား ဖမ်းမိမှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပြီး အခြားသော တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းဆီး ရမိမှုများကိုလည်း တပ်မတော်ဘက်က သတင်း ထုတ်ပြန်လေ့ရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက

“ကျနော်တို့က သူတို့ကို စစ်ဆေးတာတော့ မရှိဘူး၊ ကျနော်တို့က မူးယစ်ဆေးဝါး နှိမ်နင်းရေး အတွက်ပဲ အဓိက လုပ်နေတာ၊ ကျနော်တို့ ဖမ်းမိရင်တော့ သက်ဆိုင်ရာ ရဲစခန်း တို့၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို အပ်နှံတာရှိတယ်။ မူးယစ်ဆေးဝါး တားဆီးစစ်ဆေးရင်း ဖမ်းမိတဲ့ဟာတွေ များပါ တယ်”

ဟု ဧရာဝတီသို့ ယနေ့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပတ္တမြားမယ် ဓာတ်ဆီဆိုင်အနီးရှိ သုံးထပ် အဆောက်အဦ (ဒေသအခေါ် ဘောင်တီး ကာစီနိုရုံ)တွင် တရုတ်နိုင်ငံသား ၄ ဦးအား လောင်းကစားပစ္စည်းများနှင့် အတူ ဖမ်းမိခဲ့သေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှ ဩဂုတ် ၂၃ ရက်နေ့အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈၈ ဦးအား ဖမ်းမိခဲ့ပြီး ရှမ်းပြည်နယ်အတွင်းမှ ၆၈ ဦး၊ ပြင်ဦးလွင်မြို့နယ်တွင် ၁၀ ဦး၊ တပ်ကုန်းမြို့ နယ်တွင် ၁၀ ဦးတို့ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ဖမ်းမိသူများထဲက အချို့သည် တရုတ်နိုင်ငံဘက်မှ ကူးတို့လှေဖြင့် မူဆယ်မြို့ဘက်သို့ ကူးခဲ့ပြီး ယင်းမှတဆင့် မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က) ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လေ့ရှိပြီး ၎င်းတို့အား တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များ ကျခံပြီးပါက ပြည်နှင်ဒဏ် ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ကြီး ကျော်သီဟက ဧရာဝတီသို့ ပြောထားသည်။

လက်ရှိ COVID-19 ရောဂါကာကွယ်ရေး ကာလအတွင်း မေလမှ ဇူလိုင်လအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၈၀ ဦးခန့်ရှိပြီဖြစ်ပြီး ၎င်းတို့ထဲမှ ၂၃ ဦးကိုလည်း ဇူလိုင် ၂ ရက်နေ့က လ.ဝ.က ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ကြောင်း သိရသည်။

You may also like these stories:

ပြည်ပပို့မည့် ICE မူးယစ်ဆေးများ မြန်မာကမ်းခြေ ၂ ခုတွင် ဖမ်းမိ

သိန္နီမြို့နယ် ပိုင်ရှင်မဲ့ လက်နက်များအမှု ဆက်စပ်သူများဖမ်းမိ

ဦးဌေးအောင်ကို ဖမ်းပြီး အင်းစိန်ထောင်ပို့

Your Thoughts …
Tags: တရုတ်နိုင်ငံသားမူးယစ်ဆေးဝါးလဝက
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

by Bertil Lintner
9 November 2023
10.2k

မြန်မာနိုင်ငံသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပထမဆုံး ဆုံးရှုံးမှု ခံစားရမည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.6k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

Next Post
မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတချို့ကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

RI ဝန်ထမ်း ၃ ဦး သွားထားသည့် စစ်ရှောင်စခန်းများမှ ထိတွေ့ထားသူများ စစ်ဆေးမည်

လူကြမ်းသရုပ်ဆောင် အရိုင်းမင်း / Metro Brothers

“အနုပညာသက်တမ်း နှစ် ၄၀ ကျော်မှာ ဒီလိုပုံတွေ တခါမှ မရိုက်ဖူးဘူး”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate