• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှု ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပြော

by အောင်သီဟ
24 August 2020
in သတင်း
A A
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Myanmar State Counsellor Office)

8.5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်လာသော ရခိုင်ပြည်နယ် ကို အထူးကျန်းမာ  ရေး စောင့်ရှောက်မှု အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ယနေ့ည ၈ နာရီ သတင်းအစီအစဉ်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါဖြစ်ပွားမှု  နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွား ခဲ့ခြင်းဖြစ်သည်။

RelatedPosts

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
0
ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
179
သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
154

ဒေါ်အောင်ဆန်းစုကြည်က “အထူးကျန်းမာရေးစောင့်ရှောက်မှုတွေကို စစ်တွေနဲ့ သက်ဆိုင်ရာဒေသတွေအတွက် ကျမတို့ စီစဉ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သေသေချာချာ စီစဉ်ထားပါတယ်။ စစ်တွေက ပြည်သူတွေနဲ့ တခြားကူး စက်မယ်လို့ ခန့်မှန်းရတဲ့ မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပေးမယ် ကျန်းမာရေးကုသမှုတွေလည်း ပေးသွားမှာပါ” ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တွေ့ရှိရသော ကိုဗစ်ရောဂါပိုးသည် စစ်တွေမြို့ ဈေးနေရာက ကူးစက်ပြန့်ပွားမှု စတင်ခဲ့နိုင်ချေရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက လတ်တလော စစ်ဆေးတွေ့ ရှိချက်များ အရ သုံးသပ်ထားကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုသည် အများစိုးရိမ်နေသလို ဒုတိယလှိုင်း မဟုတ်သေးဘဲ ရောဂါပိုး ကူးစက်ပြန့်ပွားနှုန်း  မြန်လာခြင်းသာ ဖြစ်ပြီး ရောဂါပိုးမျိုးရိုးဗီဇ ပြောင်းလဲခြင်း ရှိမရှိကိုလည်း စစ်ဆေးဆဲဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က  ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ် ပြည်သူလူထုများ အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော အခြေခံစည်းမျဉ်းစည်း ကမ်းများ  ဖြစ်သည့် အပြင်သွားလာမှုများကို လျှော့ချပြီး နေအိမ်ထဲတွင်သာ နေထိုင်ရန်၊ Mask တပ်ခြင်း နှင့် လက်ဆေးခြင်း အပါအဝင် လူတဦးနှင့် တဦး အနည်းဆုံး ၆ ပေ ခွာနေကြရန်များကို အလေးအနက်ထား လိုက်နာကြရန် ၎င်းက တိုက်တွန်းပြောဆိုကြသည်။ 

ယနေ့ည ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းထဲမှ ၉ ဦးမှာ ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူသီးတောင် မြို့နယ်များမှ ဖြစ်ပြီး ရန်ကုန် နှင့် မွန်ပြည်နယ်တို့က အသွားအလာ ကန့်သတ်ထားသည့် ၁ဦးစီဖြစ်သည်။

ရခိုင်ပြည်နယ် သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ ၈၁ ဦးအထိ ရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ၇၂ ဦး၊ ဘူးသီးတောင်မြို့မှ ၄ဦး မြောက်ဦးမြို့မှ ၃ ဦး၊ သံတွဲမြို့ မှ ၂ ဦးတို့ ပါဝင်သည်။

ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူများထဲတွင် ဘဏ်ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အန်ဂျီအို ဝန်ထမ်းများ၊ ဘုန်းတော်ြ ကီးများ၊ ဒေသခံ ပြည်သူများ အပါအဝင် သူနာပြုများနှင့် အထူးကုဆရာဝန် ပါ ကူးစက် ခံရမှု ရှိလာသည့် အတွက် မြို့ခံများအ ကြားတွင်လည်း စိုးရိမ်မှု မြင့်တက်နေသည်။

ရောဂါပိုးတွေ့ရှိထားသည့် အန်ဂျီအို (Relief International) ဝန်ထမ်း ၃ ဦးသည် ရခိုင်ပြည်နယ်ရှိ စစ်ဘေး  ရှောင်စခန်း ၄ ခုသွားရောက်ထားပြီး ၎င်းတို့နှင့် ထိတွေ့ထားသူ ၃၀ ကျော်ကို ပိုးရှိမရှိ စစ်ဆေးသွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အစိုးရသည် စစ်တွေမြို့နယ်ရှိ ပြည်သူများအား Stay at Home နေထိုင်ကြရန် ညွှန်ကြားထားပြီး ည ၉ နာရီမှ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားသည်။

You may also like these stories:

ရခိုင်နှင့်ချင်းတွင် အင်တာနက် ပြန်ဖွင့်သော်လည်း အသုံးပြုမရ ဟုဆို

ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှု ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပြော

Your Thoughts …
Tags: Covidဒေါ်အောင်ဆန်းစုကြည်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
အစ္စရေးမှာ ဖွင့်လှစ်ထားတဲ့ ရေပေါ်ရုပ်ရှင်ရုံ

အစ္စရေးမှာ ပထမဆုံး ရေပေါ်ရုပ်ရှင်ရုံ ဖွင့်လှစ်

မင်းသမီး Emily Blunt

“Aquaman” ရုပ်ရှင်သစ် Amber Heard နေရာမှာ Emily Blunt ကို အစားထိုးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate