စစ်တွေမြို့တွင် ဩဂုတ် ၁၆ ရက်နေ့မှ စတင်တွေ့ရှိခဲ့သည့် ကူးစက်မြန် COVID-19 ရောဂါပိုးမှာ ယနေ့ ဩဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းအထိ ရခိုင်ပြည်ပြင်ပ မြို့နယ် ၉ မြို့သို့ ကူးစက်ပျံ့နှံလာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းသို့ ကူးစက်ခံရသူများမှာ ယခုလအတွင်း စစ်တွေမြို့သို့ ခရီးသွားရောက်ဖူးကြသူများဖြစ်ပြီး မရမ်းကုန်း၊ မော်လ မြိုင်၊ ကမာရွတ်၊ လှိုင်မြို့နယ်(Quarantine စင်တာ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ တောင် ငူ၊ ရန်ကင်း၊ ချမ်းအေးသာဇံမြို့နယ်တို့မှ ဖြစ်ကြသည်။
ဒေါက်တာကျော်စွားဦးက “လက္ခဏာမပြဘဲ အသံတိတ် ရောဂါသယ်ဆောင်သူတွေက ဘယ်လောက်ပြန့်နေလဲ မ ခန့်မှန်းနိုင်ဘူး၊ ကျနော်တို့အတွက် သတိပေးသံကြားပြီး။ ဒီအခြေအနေက ဘယ်လောက်အထိ ပြန့်လာနိုင်မလဲ မ မျှော်မှန်းနိုင်ဘူး။ ကူးစက်မှု နှုန်းက ဒီအတိုင်းဆိုရင် ဒီထက်ပိုများလာဖို့ရှိတာပေါ့။ ဒါကို ခုခံနိုင်ဖို့ ဝိုင်းဝန်းကြိုး စားရမှာပေါ့။ စိုးရိမ်စရာရှိပေမယ့် အစိုးရိမ်မလွန်ဖို့ပေါ့နော်၊ မိမိကိုယ်ကာကွယ်ဖို့က အဓိကကျပါတယ်”ဟု ပြော သည်။
စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိ၍ ပိုးတွေ့ရှိသူများအပြင် ခရီးသွားရာဇဝင်မရှိ၊ ပိုးရှိသူနှင့် ထိတွေ့မှုမရှိဘဲ ရောဂါ ပိုး တွေ့ရှိသူများလည်းရှိနေပြီး ရန်ကုန်ပြည်သူဆေးရုံကြီးတွင် တောင်ကြီးမြို့မှ လာရောက်ဆေးကုသသူတဦးနှင့် တောင် ဥက္ကလာပမြို့နယ်နှင့် သင်္ဃကျွန်းမြို့နယ်တို့မှ တဦးစီ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သင်္ဃကျွန်းမြို့နယ်မှ တွေ့ရှိခဲ့သည့် လူနာအမှတ် ၅၉၅ ၏ ကူးစက်မှုရာဇဝင် မဖော်ထုတ်နိုင်သေးသည့်အတွက် ရောဂါလက္ခဏာမပြဘဲ အသံတိတ်ရောဂါပိုးသယ်ဆောင်သူ မည်မျှရှိနေမည်ကို အခန့်မှန်းနိုင်ကြောင်းနှင့် မြို့နယ် အတွင်း ရခိုင်ပြည်နယ်မှ ပြန်လာသည့်သူ ၁၉ ဦးတွေ့ရှိရသည့်အတွက်လည်း နမူနာရယူစစ်ဆေးရန် လုပ်ဆောင် ထားကြောင်း သင်္ဃကျွန်းမြို့နယ်၊ COVID-19 ကော်မတီဝင် ဒေါက်တာကျော်စွာဦးက ပြောသည်။
ဒေါက်တာကျော်စွာဦးက “သူ့အိမ်မှာ အိမ်ထောင်စု ၃ စုလောက်နေတယ်၊ သူအပါအဝင် ဦးရေ ၃၀ ဝန်ကျင် လောက်ရှိတယ်။ ဆိုက္ကားနင်းသူ၊ အဝတ်လျော်သူ၊ ကားမောင်းသူတို့ရှိတယ်။ သူတို့နဲ့ထိတွေ့ ဆက်စပ်မှုကတော့ များတယ်၊ အဲ့အတွက် စိတ်တော့ပူတယ်။ ဘယ်ကနေကူးတယ်ဆိုတာ ခြေရာခံလိုက်ဖို့က မလွယ်ဘူးဖြစ်နေ တယ်။ အိမ်ထဲမှာကိုက လူစုနဲ့နေသလိုဖြစ်နေတယ်” ဟုပြောသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တွေ့ရှိခဲ့သည့် လူနာအမှတ် ၅၈၄ သည် Air KBZ လေကြောင်းလိုင်းမှ မန်နေဂျာတဦး ဖြစ်ပြီး စစ်တွေသို့ ဩဂုတ် ၁၁ ရက်မှ ၁၄ ရက်နေ့အထိ သွားရောက်ခဲ့ပြီး အိမ်ပြန်ရောက်နေစဉ် အနံ့မရသည့် လ က္ခဏာ ပြသလာသည့်အတွက် ဆေးခန်းသွားရောက်ပြသခဲ့ပြီး စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် စစ်တွေမြို့တွင်ရှိနေစဉ် View Point သို့လည်ပတ်ခဲ့သည့်အပြင် မြို့ထဲတွင် ညစာစားခဲ့ကြောင်းနှင့် လတ်တလောတွင် ၎င်းနှင့်ထိတွေ့ခဲ့သည့် ထန်ထမ်း ၁၆ ဦးနှင့် အတူခရီးသွားခဲ့သည့် မန်နေဂျာတဦးတို့အား ရွှေ ပြည်သာမြို့နယ် ရှိ စောင့်ကြည့်စင်တာတွင် ကန့်သတ်ထားရှိလျှက်ရှိကြောင်း လေကြောင်းလိုင်းက သတင်းထုတ် ပြန်ထားသည်။
ဩဂုတ် ၂၇ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအ ဖြစ် သတ်မှတ်ထားသည့် ရန်ကင်းမြို့နယ်မှ ပိုးတွေ့ရှိသည့် အသက် ၂၅ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၅၉၉ သည် ကျောက်ဖြူမြို့ရှိ ပိုးတွေ့ရှိလူနာအမှတ် ၅၀၅ နှင့် ထိတွေ့မှုရှိခဲ့သူဖြစ်သည်။
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် တွေ့ရှိခဲ့သည့် လူနာအမှတ် ၅၈၇ သည် စစ်တွေမြို့မှ ရဲအရာရှိသင်တန်း လာ ရောက်တက်ရောက်နေသည့် ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး မန္တလေးသို့ ဩဂုတ် ၂၃ ရက်နေ့ကတည်းက ရောက် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့နယ်မှ လူနာအမှတ် ၆၀၁ ၊ ၆၀၆ နှင့် မြောက်ဥက္ကလာပမြို့နယ်မှ လူနာအမှတ် ၆၀၂ တို့သည်လည်း စစ်တွေ မြို့သို့ ခရီးသွားရာဇဝင်ရှိထားသူများဖြစ်ကြသည်။
လတ်တလော ရခိုင်ပြည်နယ်တွင် ကူးစက်မှုမြန်ဆန်နေသည့်အတွက် ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်း အစကို ရောက်နေပြီဖြစ်ကြောင်းနှင့် ယင်းကူးစက်မှုလှိုင်းသည် ဆက်ကြီးမကြီးဆိုသည်ကို နှစ်ပတ်ခန့်စောင့်ကြည့်ရမည် ဖြစ်ကောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒေါက်တာခင်ခင်ကြီးက “ရခိုင်မှာ စစချင်းဖြစ်တဲ့ Case 375 လည်း ဘယ်ကကူးစက်တယ်ဆိုတဲ့ အထောက်အ ထားလည်း မတွေ့သေးပါဘူး။ ပြည်သူထဲမှာလည်း ရောဂါမပြဘဲနဲ့ ရောဂါပိုးရှိနေနိုင်တဲ့ Silent Carrier တွေအ များကြီးရှိနေနိုင်ပါတယ်”ဟု သတိပေးထားသည်။
လက်ရှိကူးစက်နေသည့် ရောဂါပိုးမျိုးဗီဇမှာလည်း တိကျသည့် သုတေသနရလဒ်များ မရှိသေးသည့်တိုင် ကူးစက်မှု ၁၀ ဆမြန်ဆန်သည့် သန္ဓေပြောင်း မျိုးဗီဇဖြစ်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ်အတွင်း ဩဂုတ် ၁၆ ရက်မှ ယနေ့ ဩဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းအထိ မြို့နယ် ၁၁ ခုတွင် ရောဂါပိုး ကူး စက်ပျံ့နှံလျှက်ရှိရာ စုစုပေါင်း ၂၁၆ ဦးအထိ ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ယနေ့ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းအထိ အတွင်း စုစုပေါင်းလူနာ ၆၂၈ ဦးရှိပြီး ပြန်လည်သက်သာကောင်းမွန်လာသူ ၃၄၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိထားသည်။
You may also like these stories:
စစ်တွေမှာ ကိုးဆယ်ရာခိုင်နှုန်း စည်းကမ်းလိုက်နာတယ်
ပြည်သူလူထုသာ ပါရင် ကျမတို့ ထိန်းနိုင်ပါတယ်