• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ထိပ်တန်း နိုင်ငံခြားရေးအရာရှိ မြန်မာသို့ လာမည်

by နန်းလွင်
1 September 2020
in သတင်း
A A
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ယန်ကျီချီ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ယန်ကျီချီ

6.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှ ထိပ်တန်းနိုင်ငံခြားရေးအရာရှိတဦး မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်း လာရောက်ရန်ရှိကြောင်း ရန်ကုန်ရှိတရုတ် သံရုံး၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံကို ဆွဲဆောင်ရန် စီစဉ်နေပုံရသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
67
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
107
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
95

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ယန်ကျီချီသည် မြန်မာ၊ စပိန်နှင့် ဂရိ နိုင်ငံများကို စက်တင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ သွားရောက်မည်ဖြစ်သည်။

ယန်သည် ဇန်နဝါရီလက သမ္မတ ရှီကျင့်ဖျင် နေပြည်တော်သို့ လာရောက်စဉ်ကလည်း လိုက်ပါလာခဲ့သည်။ သူသည် သြဂုတ်လက စင်္ကာပူနှင့်တောင်ကိုရီးယား နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။ ယန်သည် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိထက် ပိုပြီး စီနီယာကျသော အရာရှိဖြစ်ကြောင်း ယူဆွတ်အစ်ဟက် အင်စတီကျုက ဆိုသည်။ သူသည် သူ၏ပြည်ပခရီးစဉ်များထွက်ခွာတိုင်းအထူး လုပ်ငန်းတာဝန်များ ကို လုပ်ဆောင်လေ့ရှိသည်ဟုဆိုသည်။

“သူက နိုင်ငံခြားဆက်ဆံရေး ဗဟိုကော်မရှင်မှာ ရှီနဲ့ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခါချန်းပြီးရင် တတိယ အရေးအကြီးဆုံး လူပဲ။ သူက ရှီကို အကြံပေးတဲ့သူဖြစ်ပြီး ဒီခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးခရီးစဉ်လို့ ဆိုနိုင်ပါတယ်”

ဟု နိုင်ငံရေးသုတေသီ ဒေါက်တာရန်မျိုးသိမ်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ထိုခရီးစဉ်သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့် လမ်းအစီအစဉ်၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) အရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်း သူပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့သော နှစ်နိုင်ငံစီမံကိန်းများ ကို CMEC ၏ မဏ္ဍိုင်များအဖြစ် အခိုင်အမာ စီမံ အကောင်အထည်ဖေါ်ရေးကို ဇန်နဝါရီလ ခရီးစဉ်အတွင်း ရှီက တောင်းဆိုသည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ၊ သဘောတူညီချက်၊ စာချွန်လွှာနှင့် နောက်ဆက်တွဲ စာချွန်လွှာ ၃၃ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

“ဒီခရီးစဉ်နောက်ကွယ်က အကြောင်းရင်းက ကိုဗစ်-၁၉အလွန် စီးပွားရေး ပြန်လည်တည်ဆောက်ရေးမှာ လက်ဦးမှုရယူဖို့လည်း ဖြစ်နိုင်ပါတယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းပြောသည်။

၂၀၁၃ ခုနှစ်ကလည်း State Councilor အဖြစ် ယန်သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ပြီး ထိုခရီးစဉ်သည် နောက်ထပ်အဆင့်မြင့်အရာရှိများ၏ ခရီးစဉ် စီစဉ်ရန်၊ သေနင်္ဂဗျူဟာ ဆက်ဆံရေး မြှင့်တင်ရန်၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားစေရန်နှင့် အဓိကကျသော နှစ်နိုင်ငံစီမံကိန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖေါ်ရန် ဖြစ်သည်။

ထိုစဉ်က သူသည် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် နိုင်ငံရေးပါတီ အများအပြားမှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

( Nan Lwin ၏ China’s Top Foreign Policy Official to Visit Myanmar ကို ဘာသာပြန်ဆိုသည်။)

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စဆောက်ဖို့ နီးလာပြီ

ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်

တရုတ်နိုင်ငံသားများ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်ခြင်းကို ခွင့်မပြုဟု တရုတ်သံရုံးပြော

Your Thoughts …
Tags: ညွှန်ကြားရေးမှူးတရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးဗဟိုကော်မတီ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

by Saurabh Katkurwar
1 July 2025
6.2k

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

by ဧရာဝတီ
25 October 2023
3.8k

အများပြည်သူမြင်ကွင်းတွင် မတွေ့ရသည်မှာ ၂ လခန့်ကြာပြီဖြစ်သည့် တရုတ်ကာကွယ်ရေးဝန်ကြီး လီ ရှန်ဖူ နေရာတွင် အစားထိုးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင်ကြေညာသည်။

ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု

ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု

by Muktadir Rashid
29 April 2025
2.2k

ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလမ်မစ်ပါတီဖြစ်သည့် ဂျမက်-အီ-အစ္စလမ်မီ က မြန်မာမှ ရခိုင်ပြည်နယ်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ်ထူထောင်ရန် တရုတ်နိုင်ငံသို့ အဆိုပြုလိုက်သည်။

ဦးသန်းရွှေ အငြိမ်းစားမယူမီ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်/AFP

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

by ဧရာဝတီ
3 May 2023
9.9k

ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုပ်ထိပ်တန်းသံတမန်တဦး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ယခင်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဆုန်ထောင်နှင့် ဦးသန်းရွှေ တွေ့ဆုံခဲ့သည်

တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

by ဧရာဝတီ
22 April 2023
14.4k

တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်။

Next Post
အမေရိကန်နိုင်ငံက Delta Air Lines

Mask မတပ်ရင် လေယာဉ်စီးခွင့်မပြုတဲ့ အမေရိကန် Delta Air Lines

လှည့်ကင်းများသည် သောင်ရင်းမြစ်ကူးသည့် နေရာများကို အထူး အာရုံစိုက်နေသည် / Bangkok Post

တရားမဝင် နယ်စပ်ဖြတ်ကျော်သူများကို တားဆီးရန် သောင်ရင်းမြစ်တွင် ထိုင်း လုံခြုံရေးတိုးမြှင့်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate