• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရဝန်ထမ်းများကို ၂လစာ အတိုးမဲ့ ထုတ်ချေးမည်

by အောင်သီဟ
1 September 2020
in သတင်း
A A
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ရုံးဆင်းလာသည့် နိုင်ငံ့ဝန်ထမ်းများ  / သီဟလွင်  / ဧရာဝတီ

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ရုံးဆင်းလာသည့် နိုင်ငံ့ဝန်ထမ်းများ / သီဟလွင် / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို အစိုးရမှ လစာ၏ ၂ လစာကို ကြိုတင် ထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးသွားမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက သိရသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန် ထမ်း(အမြဲတမ်း) များကို ယခုလို ချေးငွေထုတ်ချေးရန် စီစဉ်ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
240
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
508
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
197

၎င်းက “နိုင်ငံအနေနဲ့က အားလုံးအတွက် စဉ်းစားပြီး လုပ်နေတာပါ။ အများပြည်သူတွေအတွက် ဆန်၊ ဆီ၊ ဆား ထောက်ပံ့တာတွေ ငွေကြေးတွေ ထောက်ပံ့တာတွေ ဆောင်ရွက်သလိုပေါ့။ ဒီတခါကတော့ နိုင်ငံ့ဝန်ထမ်းတွေ အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ အတိုးမဲ့ချေးငွေသည် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံး အကျုံးဝင်မည် ဖြစ်ပြီး ချေးငွေကို ဆိုင်းငံ့ကာ လ ၆ သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနများသည် စာရင်းများကောက် ယူကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အတည်ပြုချက် ရယူပြီးပါက ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) သို့ ယခု စက်တင်ဘာလ ၁၁ ရက်တွင် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်သည်။

ယင်းနောက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန(ရုံးချုပ်) က စာရင်းပေါင်းချုပ်ကာ စိစစ်ဆောင်ရွက်ပြီး စီးပွားရေး ရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ အတည်ပြုပြီးပါက အစီအစဉ်ကို စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်သီတာထွန်းက “လစာ၂ လစာ ကြိုတင်ရမယ် ဆိုတော့ ငွေကြေးအားဖြင့် သုံးစွဲနိုင်ကြမယ်။ အပြင်မှာလည်း ဝယ်ကြခြမ်းကြမယ် ဆိုရင်လည်း အပြင်က ရောင်းတဲ့ဝယ်တဲ့ ကိစ္စတွေ အပေါ်မှာလည်း အကျိုးသက်ရောက်မှု တွေ ရှိစေမှာပါ” ဟု ပြောသည်။

အဆိုပါ အတိုးမဲ့ချေးငွေကို နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံးကို ထုတ်ချေးမည် ဖြစ်သော်လည်း ထိုချေးငွေကို မိမိဆန္ဒသဘောအရ မချေးယူလိုသည့် ဝန်ထမ်းများ ရှိနိုင်ခြင်းကြောင့် ထုတ်ချေးမည့် ဘတ်ဂျက်ပမာဏကို တိုင်းနှင့် ပြည်နယ်များမှ စာရင်းများ တက်လာသည့် အချိန်မှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နေပြည်တော်ရှိ အစိုးရဝန်ထမ်း တဦးက “ကိုယ့်သဘောဆိုရင် ပြန်ဆပ်ရမယ့် အတူတူ ဝန်ထမ်းရာထူးအဆင့် ဆင့် လိုက်ပေါ့။ ဝန်ထမ်းအငယ်တွေကိုဆို ၅ လစာလောက ဆိုရင် ပိုအဆင်ပြေနိုင်မယ် ထင်တယ်။ အခုလို ထုတ်ချေးပေးတဲ့ အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် တကယ် အဆင်ပြေသွားစေမယ့် ပမာဏကို ရကြမှာ မဟုတ်ဘူး” ဟု ပြောသည်။

အငယ်တန်း အစိုးရဝန်ထမ်းများသည် လစာကို ကျပ် ၁ သိန်း ၈ သောင်း မှ ၁ သိန်း ၉ သောင်း ခန့်သာ လစာ ရ ရှိခြင်းကြောင့် ချေးငွေရရှိမည့် ပမာဏသည် ကျပ် ၃ သိန်း ၆ သောင်းခန့်သာ ရှိမည်ဖြစ်သလို ချေးငွေ ပြန်ဆပ်ရ မည့် ကာလရောက်ချိန်တွင်လည်း တနှစ်လုံး၌ တလကို ကျပ် ၃ သောင်းခန့် ပြန်လည် ပေးဆပ်ရမည့် အခြေ အနေများ ရှိကြောင်း ၎င်းက ဆိုသည်။

ယခု အစိုးရဝန်ထမ်းများကို အတိုးမဲ့ချေးငွေ ထုတ်ချေးပေးသည့် အစီအစဉ်သည် အစိုးရက ရေးဆွဲထားသော COVID 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း ဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနမှ အစိုးရ ဝန်ထမ်းတဦးက “အစိုးရဝန်ထမ်းတွေက ဆန်၊ ဆီ၊ ဆားတို့ ငွေကြေး ထောက်ပံ့တာတွေတုန်းကလည်း ရခဲ့ကြတာ မဟုတ်တော့ အခု လစာ ၂ လစာလောက် ချေး ငွေရမယ် ဆိုတော့ လက်ထဲ ငွေပေါ်လာတဲ့ သဘောမျိုးဖြစ်မှာလေ။ အထောက်အပံ့ တခုအထိတော့ ဖြစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနပေါင်း၂၅ ခု အထိ ရှိပြီး ယင်းဝန်ကြီးဌာနများတွင် အလုပ်လုပ်ကိုင်နေသော အစိုးရ ဝန်ထမ်းဦးရေသည် ၁ ဒသမ ၂ သန်းခန့် ရှိကြောင်း သိရသည်။

You may also like these stories:

ကိုဗစ်ချေးငွေ ဒုတိယအသုတ်တွင် လျှောက်ထားသူ ၁ သောင်းခန့်ရှိ

ကိုဗစ်ကာလတွင် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ အစိုးရ၏ ထောက်ပံ့ကြေး ရရှိ

Your Thoughts …
Tags: ချေးငွေနိုင်ငံဝန်ထမ်းအတိုးမဲ့
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

by ဧရာဝတီ
19 June 2025
2.2k

ဒီဥပဒေထဲမှာ CDM မပြုလုပ်တဲ့သူတွေ၊ စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းဆက်လုပ်နေတဲ့သူတွေ၊ အာဏာသိမ်းပြီးမှ ဝန်ထမ်းဝင် လုပ်တဲ့သူတွေကို အသိအမှတ်မပြုတော့ဘူးတို့၊ ပြီးရင် ဘာလို့လုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြန်တောင်းပန်ရမယ်ဆိုတဲ့ ဟာတွေကတော့ လူ့အခွင့်အရေးနဲ့ရော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

ကိုယ့်ငွေကို ဘဏ်ကပြန်ထုတ်ဖို့ ခက်နေပြီ (ရုပ်/သံ)

by မိုးသောက်
13 July 2024
556

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ခုရက်ပိုင်း အကန့်အသတ်နဲ့သာထုတ်ပေးနေတော့တယ်လို့ ဘဏ်စနစ် အသုံးပြုသူတွေကဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် တပ်မတော်နေ့ အခမ်းအနားတခု / ထက်နိုင်ဇော် / ဧရာဝတီ

တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို

by ဧရာဝတီ
1 April 2022
29.6k

ပြည်သူ့ရင်ခွင့်အဖွဲ့ ပြုစုထားသော စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဖက်မှ ရပ်တည်၍ CDM လုပ်ခဲ့ သည့် တပ်မတော်သားဦးရေ သောင်းဂဏန်းနီးပါး ရှိလာပြီဖြစ်ရာ စစ်ကောင်စီက လျော့နည်းလာသည့် အင်အား ကိုဖြည့် ရန် စစ်တပ်မှ အငြိမ်းစားယူသွားသူများနှင့် စစ်တပ်ထောက်ခံသူတချို့အပါအဝင်...

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

နွေဦးဘဏ်ကနေ ချေးငွေထုတ်ပေးဖို့ စီစဉ်နေ (ရုပ်/သံ)

by ဘုန်းအောင်
7 June 2024
151

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ကိုဗစ်ကာလ အသေးစားငွေချေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နိုင်မှုက အာရုံစိုက်စရာတခု ဖြစ်လာသည်

အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊

by မျိုးပပစန်း
20 July 2020
16.5k

အစိုးရက ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် ချေးငွေယူသူများကို ဆိုင်းငံ့ပေးရန် ညွှန်ကြားမှုများ ရှိနေသော်လည်း မြေပြင်အခြေအနေ၌ တဖက်လှည့်နှင့် အတင်း ကောက်ခံခြင်းများ ရှိနေသည်။

Next Post
ရန်ကုန်ကို ပြန်သွားချင်သေးတယ်ဆိုတဲ့ မငယ် / အောင်အောင်

အလုပ်လက်မဲ့ဖြစ်သွားတဲ့ ထိုင်းမြေပေါ်က မြန်မာ ကြေးကွင်းပတ် ကယန်းများ

တရုတ် မင်းသမီး ဖန်ပင်းပင်း

စာချုပ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မင်းသမီး ဖန်ပင်းပင်း တရားစွဲခံရ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate