• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်းသို့ Stay at Home မြို့နယ်များမှ လာသူများ သတင်းပို့ရမည်

by ဆလိုင်းသန့်စင်
4 September 2020
in သတင်း
A A
ဧရာဝတီတိုင်းသို့ ဝင်ရောက်လာသည့်ကားများကို ကြံခင်းမြို့နယ်ရှိ အုတ်ပုံဂိတ်၌ စစ်ဆေးနေစဉ်  / ဧရာဝတီ

ဧရာဝတီတိုင်းသို့ ဝင်ရောက်လာသည့်ကားများကို ကြံခင်းမြို့နယ်ရှိ အုတ်ပုံဂိတ်၌ စစ်ဆေးနေစဉ် / ဧရာဝတီ

7.3k
VIEWS
Share on FacebookShare on Twitter

ကူးစက်မြန် COVID– 19 ရောဂါ ဖြစ်ပွားနေမှုကြောင့် Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ဧရာဝတီတိုင်း ဒေသကြီးသို့ လာရောက်သူအားလုံး သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ရမည် ဖြစ် ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ပြည်သူတွေကို ပန်ကြားချင်တာကတော့ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရောက်လာ သူများ ကိုယ့်ရပ်ကွက်၊ ကိုယ့်ရွာက အနီးစပ်ဆုံးရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို အမြန်ဆုံး သတင်းပို့ပါ။ ကျန်းမာရေးဌာန ကနေ စစ်ဆေးပြီးတော့ ကွာရန်တင်း ဝင်ခိုင်းတာတွေ၊ ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးတာတွေ အမြန်ဆုံး လုပ်ပါမယ်။ ဒီအကြောင်းအရာကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူး အားလုံးကို ညွှန်ကြားထားပြီး ဖြစ်ပါတယ် ”ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
22
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
25
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
374

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ရခိုင်ပြည် နယ်ရှိ မြို့နယ်အားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နှင့် လှိုင်မြို့နယ်တို့ကို Stay at home မြို့နယ်များ အဖြစ် သတ်မှတ် ကြေညာထားသည်။

ဝန်ကြီး ဦးဝင်းဌေးက “ရခိုင်ပြည်နယ်ရော၊ ရန်ကုန်တိုင်းရော Stay at home သတ်မှတ်ထားတဲ့မြို့နယ်ကလာတဲ့လူတွေ ကို စစ်ဆေးမှုတွေ လုပ်နေပါတယ်။ Stay at Home လုပ်ထားတဲ့ မြို့နယ်တွေက ဧရာဝတီတိုင်းကို လာမယ်ဆိုရင် ကွာရန် တင်း၂၁ ရက် ဝင်ရပါမယ်။ ပထမ ၁၄ ရက်မှာ ကိုဗစ်ရောဂါ ရှိမရှိ ၂ ကြိမ် စမ်းသပ်မယ်။ မတွေ့ဘူးဆိုရင် သူဟာ အိမ်မှာ ၇ ရက် Stay Home ဆက်နေရပါမယ်” ဟု ပြောသည်။

Stay at home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ပြန်လည်ဝင်ရောက်လာသူ အရေအတွက်မှာ စက် တင်ဘာလ ၂ ရက်အထိ၂၀၉ ဦး ရှိပြီး ၎င်းတို့အားလုံးကို သက်ဆိုင်ရာမြို့နယ် ကွာရန်တင်း စင်တာများတွင် ထားရှိ၍ အသွားအလာ ကန့်သတ်ကာ COVID– 19 ရောဂါစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ ဧရာဝတီတိုင်း အဝင်ဂိတ်များဖြစ်သည့် ညောင်တုန်းမြို့နယ်ရှိ မဲဇလီဂိတ်၊ ကြံခင်းမြို့နယ်ရှိ ဘက်ရဲဂိတ်၊ ရေကြည် မြို့နယ်ရှိ ရေနံ့သာဂိတ်နှင့် ကျောက်ချွန်ဂိတ်တို့တွင် သြဂုတ်လ တတိယပတ်အတွင်းမှ စတင်၍ စစ်ဆေးမှုများ တင်းကြပ် စွာ ဆောင်ရွက်လျက်ရှိသည်။

အထူးသဖြင့် ရခိုင်နှင့် ဧရာဝတီ နယ်စပ်ဂိတ်များတွင် ရခိုင်ပြည်နယ်မှကားများ အထောက်အထား မပြည့်စုံလျှင် ဝင်ခွင့် မပေးခြင်း၊ ဧရာဝတီတိုင်းမှ ကားများ ရခိုင်ပြည်နယ်သို့ ထွက်ခွာခွင့် ပိတ်ပင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ခံ ကိုဇော်သစ်ဦးက “ဟိုရက်ကတော့ ရခိုင်ဘက်က အိမ်စီးကားတွေ ရေကြည်မြို့နယ် က ရေနံ့သာဂိတ်ဘက်ကို လာကြတာ အများကြီးပဲ။ ဒီဘက်မှ ဝင်ခွင့်မပေးတော့မှ ပြန်လှည့်သွားကြတယ်။ ဧရာဝတီတိုင်း ကို ဖြတ်လို့ မရမှန်းသိတော့ ဒီရက်ပိုင်း မလာကြတော့ဘူး။ ရခိုင်ပြန်တွေ ကွာရန်တင်းစင်တာမှာ လက်ခံတယ်ဆိုတာလည်း ဧရာဝတီတိုင်းက လူတွေပဲ လက်ခံနေတာ။ ရခိုင်ကလူတွေ လက်ခံတာ မရှိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ၂၉ ရက်က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ခရီးသွား၂ ဦးကို ငါးသိုင်းချောင်းမြို့မှ တည်းခိုခန်းတခုက လက်ခံ ညအိပ်ခွင့်ပေးခဲ့သဖြင့် ငါးသိုင်းချောင်းမြို့ ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက အဆိုပါ တည်းခိုခန်းအား ၂၈ ရက်ကြာ ယာယီ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း COVID -19 ကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များကို ဧပြီလ၂၁ ရက်မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်အနေဖြင့် ဖွင့်လှစ်ခဲ့သော်လည်း ပြည်တွင်း၌ COVID– 19 ဖြစ်ပွားမှု လျော့ကျလာသည့် အတွက် ဇူလိုင်လကုန်တွင် ဂိတ်များအားလုံး ပိတ်သိမ်းခဲ့သည်။

သို့သော် သြဂုတ်လ ၁၆ ရက်က စတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID – 19 ရောဂါ တကျော့ပြန် ဖြစ်ပွားခဲ့သည့် အတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ တင်းတင်း ကြပ် ကြပ် ပြန်လည် ပြုလုပ်ခဲ့ပြီး မြို့အဝင်များတွင်လည်း ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပြန်လည် ဖွင့်လှစ်သွားရန် ဧရာဝတီ တိုင်းအစိုးရက စီစဉ်နေသည်။

လက်ရှိတွင် COVID– 19 ထိန်းချုပ်ရေးအတွက် ဧရာဝတီတိုင်းမှနေ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံက ခရီးသွား ထောက်ခံစာရယူရန် လိုအပ်ပြီး အခြားသော ပြည်နယ်နှင့်တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွားထောက်ခံစာ ပြသရန် လိုအပ်နေဆဲဖြစ်သည်။

ထို့ပြင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ဆက်လက် ထုတ်ပြန်ထားဆဲဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၃ ရက် မွန်းတည့် ၁၂ နာရီထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံ လုံး၌ COVID19 ရောဂါ အတည်ပြုလူနာ ၁၀၅၈ ဦး ရှိပြီ ဖြစ်ပြီး ရောဂါဖြစ်ပွားနေသည့် ဒေသများမှာ ရခိုင်ပြည်နယ်၊ နေ ပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်လာသည့် မွတ်စလင်များကို နေရပ်ပြန်ပို့

ဧရာဝတီတိုင်းသို့ တရားမဝင် ဝင်လာသည့် အဖွဲ့ထဲမှ ကိုဗစ်ပိုးတွေ့

ရခိုင်ပြည်နယ်မှ ယာဉ်များ အထောက်အထား မပြည့်စုံက ဧရာဝတီတိုင်းသို့ ဝင်ခွင့်မပေး

Your Thoughts …
Tags: Stay at homeဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.6k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
အဆိုတော် ပိုပို  / နေပိုင် / ဧရာဝတီ

“အခုချိန် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့”လို့ အဆိုတော် ပိုပိုပြော

လက်ရှိအချိန်မှာတော့ အဆိုပါ ပိုးတွေ့လူနာဟာ သင့်တော်တဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ထိုင်းမှာ ကိုဗစ် ပြည်တွင်းကူးစက်လူနာ ပြန်လည် တွေ့ရှိ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate