တရုတ်စစ်ဖက်အဆောက်အအုံများ တိုးချဲ့မည့် စီမံကိန်းတွင် မြန်မာပါဝင်ဟု အမေရိကန်ပြော
တရုတ်နိုင်ငံသည် ၎င်းလက်နက်ကိုင်တပ်များ၏ လက်လှမ်းမီသောနယ်ပယ်ကို တိုးချဲ့ရန် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁ ဒါဇင်တွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်ကြိုးစားနေကြောင်း ပင်တဂွန် စစ်ဌာနချုပ် အစီရင်ခံစာတစောင်က ဖော်ပြပြီး ၎င်းတို့သည် တရုတ်နိုင်ငံက တည်ဆောက်လိုသော စစ်စခန်းများဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပါဝင်ပတ်သက်သည့် စစ်ဘက်နှင့် လုံခြုံရေး ဖြစ်ပေါ်တိုးတက်မှုများ ၂၀၂၀” အမည်ရှိ အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် နှစ်စဉ်အစီရင်ခံစာကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဂျဘူတီနိုင်ငံရှိ ၎င်း၏ စစ်စခန်းအပြင် တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်၊လေတပ်နှင့် ကြည်းတပ်များကို ထောက်ကူရန် ရေခြားမြေခြား စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန် စဉ်းစားကြံစည်သလို အစီအမံများ ချမှတ်နေသည်မှာ လွန်စွာဖြစ်နိုင်ကြောင်း ပင်တဂွန်၏ ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ကင်ညာ၊ ဆေရှဲစ်၊ တန်ဇန်းနီးယား၊ အင်ဂိုလာနှင့် တာဂျစ်ကစ္စတန်တို့မှ နေရာများကို ထိုစစ်စခန်းများတည်ဆောက်ရန် စဉ်းစားနေသည်မှာ အလားအလာများကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
အမေရိကန် စစ်ဆင်ရေးများကို အနှောက်အယှက်ပေးနိုင်ပြီး အမေရိကန်ကို ထိုးစစ်ဆင်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ထိုအစီရင်ခံစာက ဖေါ်ပြသည်။
တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) စီမံကိန်းများသည် ပြည်ပဆိပ်ကမ်းများကို အသုံးပြုရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အတွက် စစ်ရေး အကျိုးကျေးဇူးများ ဖန်တီးပေးနိုင်ကြောင်း ပင်တဂွန်ကပြောသည်။
ထိုသို့ လုပ်ဆောင်ထားသောကြောင့် အိန္ဒိယ သမုဒ္ဒရာ၊ မြေထဲပင်လယ်နှင့် အတ္တလန်တိတ် သမုဒ္ဒရာအထိ ဝေးကွာသော ပင်လယ်ပိုင်နက်များတွင် တရုတ်ရေတပ်ကို ဖြန့်ချထားရန် လိုသည့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုကို ရရှိစေကြောင်း ထိုအစီရင်ခံစာအရ သိရသည်။
တရုတ်သည် မြန်မာနိုင်ငံတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်နေပြီး အိန္ဒိယ သမုဒ္ဒရာတွင် ရပ်တည်နိုင်မှုကို မြှင့်တင်ရန်ကြိူးပမ်းနေသည်။
ထို အထူးစီးပွားရေးဇုန်တည်ဆောက်ခြင်
တရုတ်နိုင်ငံအား အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ပေးခြင်
ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် ထိုစီမံကိန်းအတွက် လုပ်ကိုင်ခွင့်နှင့် ရှယ်ယာပိုင်ဆိုင်ခွင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဌာ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင်ပင် တရုတ်နိုင်ငံသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါ
BRI ၏ အစိတ်အပိုင်းအဖြစ် ကီလိုမီတာ ၁၇၀၀ ရှည်လျှားသော CMEC သည် တရုတ်နိုင်ငံယူနန်ပြည်နယ်မြို့
မြန်မာနိုင်ငံသည် စီးပွားရေးအရ တွက်ချေကိုက်ပြီး လက်တွေ့ကျသော သေနင်္ဂဗျူဟာ အရ နိုင်ငံအတွက် အရေးပါသည့် BRI စီမံကိန်းများကိုသာ အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း ဇွန်လအတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင် ပြောကြားခဲ့သည်။
ဘေ့ဂျင်းသည် စီးပွားရေး အခြေခံအဆောက်အအုံ အသုံးပြုခွင့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သီးခြားအသုံးပြုခွင့်ရသည့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အဆောက်အအုံများ၊ တပ်ဖွဲ့များ စခန်းချသည့် စစ်စခန်းများအပါအဝင် ပြည်ပရှိ လုပ်ငန်းအဆောက်အအုံပုံစံ မျိုးစုံကို လေ့လာနေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ပင်တဂွန်က ဆိုသည်။
တရုတ်စစ်တပ်၏ စဉ်းစားမှုတွင် နိုင်ငံအများအပြားကို လက်လှမ်းမီသည့် နေရာအမျိုးမျိုးကို စဉ်းစားနိုင်ပြီး အချို့သာ အခြေခံအဆောက်အအုံ သဘောတူညီမှု၊ တပ်ဖွဲများ အဆင့် သို့မဟုတ် တပ်ဖွဲ့များ ခေတ္တထားရှိရေး နှင့် / သို့မဟုတ် စစ်အခြေစိုက်စခန်းအဆင့် ညှိနှိုင်းမှုများ ဖြစ်လာမည်ဟု ဆိုထားသည်။
“အိမ်ရှင်နိုင်ငံများနှင့် တည်ငြိမ်သော ရေရှည် ဆက်ဆံရေးသည် ၎င်းတို့၏ စစ်ဘက်သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အဆောက်အအုံများ အောင်မြင်ရေးတွက် အရေးပါကြောင်း တရုတ်အရာရှိများ သိရှိသောကြောင့် အိမ်ရှင်နိုင်ငံများသည် တရုတ်စစ်ဘက် စစ်ဆင်ရေးများကို ထိန်းကျောင်းရာတွင် အရေးပါသောအခန်းမှ ပါဝင်မည်ဖြစ်သည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။
စစ်ဘက်သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုအဆောက်အအုံများ စီစဉ်ညှိနှိုင်းရာတွင် ပါဝင်သော အဖွဲ့အစည်းများမှာ ဗဟိုစစ်ကော်မရှင် ပူးတွဲ စစ်ဦးစီးဌာန၊ ဗဟို စစ်ကော်မရှင် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အထောက်ကူဌာနနှင့် ဝန်ဆောင်မှု ဌာနချုပ်များဖြစ်ကြောင်း ထိုအစီရင်ခံစာအရ သိရသည်။
လတ်တလောတွင် တရုတ်နိုင်ငံသည် ဂျဘူတီရှိ စစ်စခန်းအပါအဝင် ပြည်ပပိုင်နက်များတွင် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတေ
တရုတ်နိုင်ငံသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ပထမဆုံး ပြည်ပစစ်စခန်းကို အရှေ့အာဖရိကမှ အာဖရိက ဦးချိုဒေသရှိ နိုင်ငံတနိုင်ငံဖြစ်သော ဂျဘူတီတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့ကြောင်း ထိုအစီရင်ခံစာအရ သိရသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်
ထိုစစ်ဖက်အဆောက်အအုံရှိ တရုတြ်ပည်သူ့လွတ်မြောက်ရေးတပ်
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ အဆိုအရ ပင်တဂွန်၏ ထိုအစီရင်ခံစာကို တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေးရုံးက ပယ်ချပြီး လွန်စွာ မှားယွင်းသော အစီရင်ခံစာဖြစ်သည်ဟု ပြောကြောင်း သိရသည်။ အမေရိကန်၏ ထိုအစီရင်ခံစာသည် တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုဟု ၎င်းတို့ခေါ်သည့် ကိစ္စကို ပိုမိုချဲ့ကားထားကြောင်းနှင့် တရုတ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးမူဝါဒနှင့် စစ်ရေးသေနင်္ဂဗျူဟာများကို လွဲမှားစွာ ဖွင့်ဆိုခြင်းဖြစ်ကြောင်း ထိုပြန်ကြားရေးဌာနက ဆိုသည်။
( Nan Lwin ၏ Myanmar in China’s Plans for Expanded Overseas Network of Military Facilities, US Says ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်ကို ဝိုင်းထားတဲ့ ဒီမိုကရေစီ ၄ နိုင်ငံ မဟာမိတ်ပြုပြီ
ပူးတွဲစစ်ရေးလေ့ကျင့်ရန် ထိုင်းကို အမေရိကန်စစ်သည် ၁၀၀ ကျော်ပို့