လက်ခစားစနစ် (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်း များအနေဖြင့် လစဉ်ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်များ၊ သုံးလ တကြိမ် ပေးရသည့် ဝင်ငွေခွန်များ ပေးသွင်းရ သည့် ကာလအား ၂၀၂၀ ဒီဇင်ဘာလ ၃၁ ရက်အထိ ရွှေ့ဆိုင်း ပေးဆောင်ခွင့်ပြုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ကိုဗစ်ဖြစ် တဲ့အခါ ထိခိုက်မှု အများဆုံးဖြစ်တဲ့ လုပ်ငန်းတွေကနေ တချို့က လစဉ်ပေးရတဲ့ ကုန်သွယ်ခွန်တွေ ရှိနိုင်တယ်။ တချို့ကျ တော့လည်း သုံးလ တကြိမ်ပေးရတဲ့ ဝင်ငွေခွန်တွေ ရှိတယ်။ ဒါတွေကို ငွေကြေးလည်ပတ်မှု ကောင်းအောင် လစဉ်တို့ သုံးလ ၁ ကြိမ်တို့ မပေးနဲ့တော့။ ဒါတွေကို စက်တင်ဘာလကုန်မှပေးဆိုပြီး ပထမအကြိမ် ဖြေလျှော့ပေးတယ်။ အခုက ထပ်ပြီးတော့ နိုင်ငံတော်က ဒုတိယအကြိမ် ဖြေလျှော့ပေးလိုက်တာ” ဟု ရှင်းပြသည်။
လက်ရှိအချိန်သည် ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းနေသဖြင့် ငွေကြေး ကြပ်တည်းပြီး ငွေကြေးစီးဆင်းမှုများ ခက်ခဲနေခြင်းကြောင့်လည်း ယခုလို နိုင်ငံတော်က ဖြေလျှော့ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလို ပေးဆောင်ရမယ့် ကာလ ရွှေ့ဆိုင်းလိုက်တာကြောင့် ငွေကြေးစီးဆင်းမှုက နည်းနည်းကောင်းသွားမယ်လို့ မျှော် လင့် ရတာပေါ့”ဟု ဦးမင်းထွဋ်က ထပ်လောင်း ပြောပြသည်။
CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် များနှင့် စပ်လျဉ်း၍ သုံးလတကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှသာ ပေးဆောင်နိုင် ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် လအတွက်မှ စတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် အတွင်း နိုဝင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည့်အထိ လစဉ် ပေးဆောင်ရမည့် ကုန်သွယ် လုပ်ငန်းခွန်များကို၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ပေးဆောင်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
အထည်ချုပ် စက်ရုံ ပိုင်ရှင် ဦးအောင်မျိုးဟိန်းက “အခုက CMP လုပ်ငန်းက အထည်ချုပ်နဲ့ ပတ်သက်တဲ့ အိတ်ချုပ်၊ ဖိနပ် ချုပ်တာတို့က တော်တော်ဆိုးဆိုး ရွားမှာ ဖြစ်နေတာဆိုတော့ ဒါလေး လျှော့ပေးတာ သက်သာတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် မဆောင်ရဘူးတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့က ဝင်ငွေက မရှိတဲ့အခါကျတော့ ဆောင်ရမယ့် ဟာလည်း ရှိမှာ မဟုတ်ဘူးလေ” ဟု ပြောသည်။
လက်ရှိ လုပ်ငန်းများ၏ အခက်အခဲသည် အခွန်ပေးဆောင်ရခြင်းထက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့် တက်လာနေသဖြင့် ပြည်ပ ကုန်အမှာစာများ မရရှိဘဲ လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲကာ ဝင်ငွေ ရရှိမှုက ခက်ခဲနေခြင်းက အကြီးမားဆုံး ပြဿနာ ဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။
ဝင်ငွေခွန်ဆိုသည်မှာလည်း လုပ်ငန်းများသို့ ဝင်ရောက်လာသည့် ငွေအပေါ်တွင် စည်းကြပ်ကောက်ခံခြင်း ဖြစ်သော ကြောင့် ယင်းကို နောက်ဆုတ်ပေးသည်မှာ CMP လုပ်ငန်းများအတွက် ထူးခြားမှုတော့ သိပ် မရှိနိုင်ကြောင်း ၎င်းက ဆို သည်။
“ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့မှာ ဝင်ငွေတွေက ကျဆင်းနေတယ်။ ကုန်အမှာစာ မရှိဘူး။ ဒါကြောင့် သူတို့လည်း ကောက်လို့ မရဘူး။ ဒါက CMP လုပ်ငန်း အတွက်ပါ။ ကျန်တဲ့ လုပ်ငန်းတွေတော့ ရှိမှာပေါ့။ ကျနော်တို့က ကုန်သွယ် လုပ် ငန်းခွန်က ကင်းလွတ်ပါတယ်” ဟု ထပ်လောင်း ပြောပြသည်။
ထို့ကြောင့် အစိုးရအနေနှင့် အခွန်ကောက်သည့် ကာလ ရွှေ့ဆိုင်းခြင်းထက် လုပ်ငန်းများ ရပ်တည်နိုင်ရန် အတွက် မည်သို့ အကူအညီများ ပေးနိုင်မည် ဆိုသည့် အချက်ကို စဉ်းစားပြီး လုပ်ဆောင်ပေးရန် လုပ်ငန်းရှင်များက မျှော်လင့်နေသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဝင်ငွေခွန် ကျပ်၂၁၈၇ ဒသမ ၁၇၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ကျပ်၂၂၂၆ ဒသမ ၃၆၅ ဘီလီယံ ရရှိခဲ့သောကြောင့် ကာလတူ နှိုင်းယှဉ်လျှင် ကျပ် ၃၉ ဒသမ ၁၉၁ လျော့ကျ ကောက် ခံခဲ့ရသော်လည်း ကုန်သွယ်လုပ်ငန်းခွန်တွင်လည်း ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ကျပ် ၁၇၃၂ ဒသမ ၈၈၄ ရရှိခဲ့ရာ ၂၀၁၉_၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၁၄ ဒသမ ၈၉၈ ရရှိခဲ့ကာ ကာလတူနှင့် နှိုင်းယှဉ်လျှင် ကျပ် ၁၇ ဒသမ ၉၈၆ ဘီလီယံ ကောက်ခံ ပို၍ ရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန စာရင်းများအရ သိရှိရသည်။
You may also like these stories:
ဝင်ငွေခွန်များကို ယခင်နှစ်ကထက် တိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု