• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာရ NLD ပါတီ၏ မဲဆွယ်မှု ကိုဗစ် စည်းကမ်းချက်များနှင့် မညီဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြော

by ထက်နိုင်ဇော်
9 September 2020
in သတင်း
A A
ယနေ့ နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ ဆုံနေသူ ဦးသန်းဌေး  / သီဟလွင်

ယနေ့ နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ ဆုံနေသူ ဦးသန်းဌေး / သီဟလွင်

32.3k
VIEWS
Share on FacebookShare on Twitter

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးနှင့် သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှု မရှိကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ပြောသည်။

မနေ့က ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာ ၂ ခုသို့ သွားရောက်ရာတွင် ပြိုင်ဘက်ပါတီ NLD သည် လူရာပေါင်းများစွာ လှုပ်ရှားမှုများကို တွေ့ ရှိရသဖြင့် ယနေ့တွင် သက် ဆိုင်ရာ ဝန်ကြီးဌာနကို စာထုတ်၍ မေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
544
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
490
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
154

ဦးသန်းဌေးက“ကားတွေ ရောလူတွေရော ရာနဲ့ချီပြီးတော့ လှုပ်ရှားနေတဲ့ ဥစ္စာတွေဟာ ဒီနေ့ ကြိမ်ဖန်များစွာ အစိုးရ တာ ဝန်ရှိတဲ့ပုဂ္ဂိုလ်တွေပြောနေတဲ့ ကိုဗစ် – စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲ မဲဆွယ်မှုတွေလုပ်ပါဆိုတဲ့ဟာနဲ့ ကိုက်ညီရဲ့လား။ ကျနော်တို့ ဒီနေ့ စာထုတ်ပြီးတော့ ဝန်ကြီးဌာနကို မေးမှာပါ။ ဘယ်သူထိန်းမလဲ”ဟု ပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ပြုလုပ်သည့် ၎င်းတို့ပါတီ၏ အောင်နိုင်ရေး အလံ လွှင့်ထူခြင်း အခမ်းအနား အပြီး သတင်းထောက်များနှင့် ခေတ္တတွေ့ ဆုံစဉ် အထက်ပါအတိုင်း ဦးသန်းဌေးက ပြောဆိုခြင်း ခြင်းသည်။

“တိုင်းပြည်ကို စည်းကမ်းနဲ့ ပတ်သက်လို့ စံပြလုပ်ရမယ့် ပုဂ္ဂိုလ်တွေ ကိုယ်တိုင် မသိချင်ယောင်ဆောင်နေရင်တော့ ဒီရွေး ကောက်ပွဲကြီးဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အင်မတန်ခက်လိမ့်မယ်။ ကျနော်တို့ စိုးရိမ်တာက မျှတတဲ့ရွေးကောက် ပွဲမဖြစ်မှာ”ဟု ဦးသန်းဌေးက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမောင်မောင်ဆွေကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ကာလတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို အတိအကျ လိုက်နာလျက်ရှိကြောင်း ပြောသည်။

“ကျနော်တို့ကတော့ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်အတိုင်းပဲ ကိုယ်စားလှယ်လောင်း ၂ ယောက်ရယ်၊ အောင်နိုင် ရေးရယ်ပဲ သွားတယ်။ ဝန်းရံတဲ့ ဆိုင်ကယ်တွေတော့ လာကြတယ်။ လာကြတာကို ကျနော်ကိုယ်တိုင် လူစုခွဲပြီး ပြန်ကြဖို့ ကျနော်ကိုယ်တိုင် ပြန်လွှတ်ခဲ့တယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ယခု ၎င်းတို့ပါတီ၏ အောင်နိုင်ရေးမှာ ပြည်သူများက ဆောင်ရွက်ပေးနေသည့် အောင်နိုင်ရေး ဖြစ်သဖြင့် လူများသည့်အခါ ကိုဗစ်ကာလတွင် ၎င်းတို့ကိုယ်တိုင်လည်း စိုးရိမ်ကြောင်း၊ ထို့ကြောင့် ကိုယ်တိုင် ပြောဆိုပြန်လွှတ်နေရသည်မှာ ၃ ခါခန့် ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျနော်တို့က သွားနေတယ်။ သူတို့က နောက်က လိုက်လာတယ်။ အဲလို ပုံစံ ဖြစ်နေတာ။ အဲလို ကျတော့ မတတ်နိုင် ဘူးလေ။ လုံးဝ မလိုက်ခဲ့ပါနဲ့လို့ တားလို့မှ မရတာ။ လူဦးရေကတော့ မနေ့က ကျနော်လည်း သတိမထားမိဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်း ၂ ယောက်လုံးကတော့ စည်းကမ်း သတ်မှတ်ချက်အတိုင်း မနေ့က ဆိုင်းဘုတ်ဖွင့်ပွဲကို သွားတာပါ”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေအိမ်တွင် နေထိုင်ရေး (Stay Home) အစီအစဉ် သတ်မှတ်ထားသည့် မြို့ နယ်များတွင် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ပြင်ပနေရာများ၊ အဆောက်အဦးများ အတွင်း မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ် စည်းရုံးခြင်းများ လုံးဝ မပြုလုပ်ရန်လည်း ဆိုထားသည်။

ထို့ပြင် လှည့်လည် မဲဆွယ် စည်းရုံးရာတွင် လူ ၄ ဦးထက် ပို၍ စီးနင်းနိုင်သော မော်တော်ယာဉ် (လူ ၂၅ ဦး ဆံ့၊ ၄၅ ဦး ဆံ့) ဘတ်စ်ကားများတွင် အများဆုံး တင်ဆောင်နိုင်သူဦးရေ ဦးရေ၏ ထက်ဝက်ခန့်သာ လိုက်ပါစီးနင်းရန်၊ ကိုယ်စားလှယ် လောင်းများ အနေဖြင့်လည်း Mask ၊ Face Shield များ အမြဲတပ်ဆင်ထားရန် ကော်မရှင်က ညွှန်ကြားထားသည်။

“ကောင်းပြီ။ သူလုပ်လို့ ကိုယ်လိုက်လုပ်ရင် ဘယ်သူ ထိန်းမလဲ။ ဒီတိုင်းပြည်ဟာ ဒီမိုကရေစီကို အလွန်တန်ဖိုးထားတဲ့ အ စိုးရ အုပ်ချုပ်နေတဲ့ ကာလလို့ ယူဆတယ်။ ဒီမိုကရေစီမှာ တန်းတူခြင်းတွေ ညီမျှခြင်းတွေ အများကြီး ပါတယ်။ အဲဒီတော့ အာဏာရှိတဲ့သူကဘဲ လုပ်ချင်ရာ လုပ်ကျန်တဲ့သူတွေ မရဘူးဆိုတာ အဓိပ္ပာယ်တော့ မရှိဘူး”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ နေရာနှင့် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ၂ နေရာအတွက် နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တသီး ပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၇၆ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများအပြင် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားဝန်ထမ်းများ အများစု နေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်၏ သြဂုတ်လ အတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ပါတီအသီးသီးနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၇ နေရာ နှင့် အမျိုးသား လွှတ်တော် ၂ နေရာ၊ ကြံ့ခိုင်ရေးနှင့် ပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရခဲ့သည်။

You may also like these stories:

ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖြေရှင်းပေးဖို့ အတိုက်အခံပါတီများ သွားပြော

“အစိုးရဖွဲ့ဖို့ ယုံယုံကြည်ကြည်နဲ့ကို အလုပ်လုပ်နေပါတယ်”

 

Your Thoughts …
Tags: NLDကြံ့ခိုင်ရေးရွေးကောက်ပွဲဦးသန်းဌေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
"Keeping Up With The Kardashians" အစီအစဉ်

"Keeping Up With The Kardashians" အစီအစဉ်ကို ၂၀၂၁ တွင် အဆုံးသတ်မည်

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၂ သိန်းကျော် COVID-19 ရောဂါ ကူးစက်ခံထားရပါတယ်။

ပြည်သူ့ကျန်းမာရေးကို လစ်လျှူရှုတဲ့အတွက် အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate