လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုသည် ရ က်ပိုင်းအတွင်း ပျံ့နှံ့မြန်ဆန်လာသလို အထူးကြပ်မတ်ဆောင် များတွင် ကုသမှု ခံယူနေရသူ ၁၅ ဦးကျော်နှင့် အသက်ရှုစက်ဖြင့်နေရသည့်လူနာ ၁၅ ဦးကျော် ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒေါက်တာခင်ခင်ကြီးက “ကျမတို့နိုင်ငံမှာ ရောဂါ ပြင်းထန်လာပြီလားဆိုရင် ပြင်းထန်လာပြီလို့ ပြောရမယ်။ နဂိုကထက် အဆ အများကြီး ဖြစ်လာနေပြီ။ ဒီပိုးအသစ်က အသွင်ပြောင်းလာတဲ့ COVID-19 ပိုး။ ရောဂါကူးစက်မှုကလည်း မြန်ဆန် လာတယ်။ ရောဂါဘယ်လောက် ပြင်းတယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ပိုဆိုးလာတယ်ဆိုတဲ့ အထောက် အထားတွေလည်း တွေ့လာတယ်။ အသက်ကြီးသူ၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ အဆုတ် စသဖြင့် ရောဂါခံ ရှိတဲ့သူတွေ သေဆုံးတာ များလာတယ်။ လူလတ်ပိုင်းတွေပါ သေလာတော့ ပြည်သူတွေ မပေါ့ဆဖို့တော့ လိုလာပြီ” ဟု ဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ပိုးကူးစက်ခံရသူ ၂ဝဝ၉ ဦးရှိပြီး သေဆုံးသူ ၁၄ ဦး ရှိကြောင်း သိရသည်။

သေဆုံးသူများထဲတွင် အသက် ၆ဝ နှင့်အထက် ရောဂါနောက်ခံရှိသူများလည်း ပါဝင်လာသလို အသက် ၄ဝ အထက် လူလတ်ပိုင်းများပင် ပါဝင်လာကြောင်း၊ သေဆုံးနှုန်းလည်း တိုးမြင့်လာသည့်အတွက် ပြည်သူလူထုအနေဖြင့် အထူး သတိထားကာ သွားလာနေထိုင်ကြရန် အရေးကြီးလာကြောင်း၊ ပိုးတွေ့လူနာများထဲတွင် အသက်ကြီးပြီး ရောဂါနောက်ခံ ရှိသူ ၁၇ဝ ဝန်းကျင်အထိ ရှိကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ပြည်ပခရီးသွားရာဇဝင်မရှိပဲ ကူးစက်ခံလိုက်ရသူ ဦးရေသည် ဇူလိုင်လ ၁၆ ရက်မှ ယနေ့ စက်တင်ဘာ ၁ဝ ရက်နေ့ အထိ ရန်ကုန်တိုင်းတွင် ၇၆၃ ဦး၊ အခြားတိုင်းနှင့် ပြည်နယ်တွင် ၈၉၉ ဦးအထိ ရှိခဲ့ရာ ရန်ကုန်တိုင်းသည် COVID-19 ပိုးကူးစက် ခံရသူ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
“အခုအခြေအနေက ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနက လုပ်ပေးနိုင်တဲ့ ဆောင်ရွက်မှုတွေက တကယ်တော့ ၂၅ ရာခိုင်နှုန်းပဲရှိတယ်။ ပြည်သူတွေက ပူးပေါင်းပါဝင်မှုက ၇၅ ရာခိုင်နှုန်းလောက်အထိ အကျိုး ဖြစ်ထွန်း တယ် ဆိုတာ ပြောချင်တယ်”
ထိုအထဲတွင် သင်္ဃန်းကျွန်းမြို့နယ်က ယခုရက်ပိုင်းအတွင်း အမြင့်ဆုံးအဆင့်ဖြစ်နေပြီး လူဦးရေ ၁၉ဝ ကျော်အထိ ကူးစက်ခံထားရပြီး ပြည်သူများ Stay at Home နေရန် ကြေညာထားသည့် မြို့နယ်မှာလည်း ၂၈ မြို့နယ် ရှိလာသည်။
ထို့ကြောင့် ပြည်သူများကသာ အထူးအလေးထားပြီး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာပေးရန်၊ ရောဂါပိုးတွေ့ရှိသူနှင့် ၎င်းတို့ မိသားစုဝင်များကိုလည်း ပစ်ပယ်ထားခြင်းမျိုး မပြုလုပ်ပဲ အားပေးခြင်းပြုလုပ်ရန်လည်း ဒေါက်တာခင်ခင်ကြီးက မှတ်ချက်ပြုသည်။
ဒေါက်တာခင်ခင်ကြီးက “အခုအခြေအနေက ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနက လုပ်ပေးနိုင်တဲ့ ဆောင်ရွက်မှုတွေက တကယ်တော့ ၂၅ ရာခိုင်နှုန်းပဲရှိတယ်။ ပြည်သူတွေက ပူးပေါင်းပါဝင်မှုက ၇၅ ရာခိုင်နှုန်းလောက်အထိ အကျိုး ဖြစ်ထွန်း တယ် ဆိုတာ ပြောချင်တယ်” ဟု ဆိုသည်။
တချို့မြို့နယ်များတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှု ပြုလုပ်သလို ရပ်ကွက်နေ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လမ်းအလိုက် အစောင့် ချထားကာ အသွားအလာ ပြုလုပ်သူများတွင် နှာခေါင်းစည်းတပ်ထားခြင်းရှိ မရှိ၊ လူစိမ်းများ ဝင်ရောက် လာလျှင် မည်သည့်နေရာမှလာပြီး မည်သည့်နေရာသို့ သွားမည်ကို စာရင်းပြုစုခြင်းများ ကိုယ်ထူကိုယ်ထူ စနစ်ဖြင့် ပြုလုပ်နေမှုများ ရှိကြသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ ဒေသခံ ကိုဇေယျာလင်းက “အခု ကျနော်တို့ ရပ်ကွက်မှာ Lockdown ချခံထားရတဲ့ လမ်း ၁ လမ်းရှိ တယ်။ အဲဒီတော့ ကျနော်တို့က ကျန်တဲ့ လမ်းတွေမှာပါ ကိုယ့်ရပ်ကွက်သူ၊ ရပ်ကွက်သားတွေနဲ့ ဖွဲ့စည်းပြီး လုံခြုံရေး လုပ် လိုက်ပြီ။ လူစိမ်းဝင်ရင်လည်း မှတ်တမ်းမှတ်ခိုင်းတယ်။ ကိုယ့်ရပ်ကွက်သားတွေ နှာခေါင်းစည်းမတပ်ဘဲ သွားရင်လည်း ပေးထွက်တာ၊ ပေးဝင်တာ မလုပ်တော့ဘူး” ဟု ဆိုသည်။
You may also like these stories:
ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး စက်တင်ဘာ ၁၁ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည်
COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း
အစ္စလာမ်ဘာသာဝင်များ ကိုဗစ်ကြောင့် သေဆုံးပါက မီး မသဂြိုဟ်ရန် ဘာသာရေးအဖွဲ့ချုပ်ပြော