ကူးစက်မြန် COVID– 19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် မြန်မာတနိုင်ငံလုံးရှိ အစိုးရ ဌာနဆိုင်ရာရုံးများ အားလုံးသို့ ပြင်ပလူများ ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်း ဌေးက “ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ကျနော်တို့ တိုင်းအတွင်းက ဌာနဆိုင်ရာ ရုံးအားလုံးကို ပြင်ပလူ ဝင်ခွင့် မပြုဖို့ ညွှန်ကြားထားပါတယ်။ ဒါက ကျနော်တို့ တိုင်းတင် မဟုတ်ပါဘူး။ တနိုင်ငံလုံး အနေအထားနဲ့ ညွှန်ကြားထားတယ်လို့ သိရ ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အစိုးရဌာနဆိုင်ရာ ရုံးများ ပြင်ပလူဝင်ခွင့် မပြုရန် နေပြည်တော်ရှိ COVID– 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၆ ရက် ရက်စွဲဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အားလုံး၊ ပြည်ထောင်စု ဝန် ကြီဌာနအားလုံး၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ အားလုံးသို့ ညွှန်ကြားခဲ့ကြောင်း သိရ သည်။
COVID– 19 ရောဂါ ကူးစက်မှုမှာ ပြည်တွင်း ကူးစက်မှုအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပျံ့နှံ့ ဖြစ်ပွားလျက်ရှိ သဖြင့် အစိုးရအုပ်ချုပ်မှု ယန္တရား မထိခိုက်စေရေးအတွက် ရုံးကိစ္စ ဆောင်ရွက်ရန်ခေါ်ယူခြင်း ခံရသူများမှလွဲ၍ ပြင်ပ ပုဂ္ဂိုလ် များ ဝင်ရောက်ခွင့် တားမြစ်သွားရန်၊ ရုံးစာပို့ခြင်း ကိစ္စများကို စာဝင်/စာထွက် ဌာနမှတဆင့် ဆက်သွယ်ဆောင်ရွက်စေပြီး ရုံးခန်းများအတွင်း ဝင်ထွက် သွားလာခြင်း ကန့်သတ်ရမည့် လုပ်ငန်းစဉ်များအား စက်တင်ဘာ ၉ ရက်မှ စတင် အကောင် အထည်ဖော်သွားရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။
နေပြည်တော်မှ ကိုဗစ် ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အစိုးရ ဌာနဆိုင် ရာ ရုံးများ အားလုံးတွင် စက်တင်ဘာလ ၉ ရက်မှ စတင်၍ ပြင်ပပုဂ္ဂိုလ်များ ဝင်ခွင့်မပြုတော့သလို ရုံးလုပ်ငန်းများရှိပါက စာ ဝင်ဌာနမှ တဆင့် စာတင်ရန်အတွက် စာဝင်/စာထွက် ဌာနများ စီစဉ်ထားရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းအထိထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကူး စက်မြန် COVID– 19 ရောဂါဖြစ်ပွားသူ အတည်ပြုလူနာ၂၂၆၅ ဦးရှိပြီး ယင်းတို့အနက်မှ လူနာ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက “ကိုဗစ် ကူးစက်မှုများလာလို့ ဧည့်ဝင်ခွင့် ကန့်သတ်လိုက်တာ ပါ။ အခုကာလမှာ အပြင်ဧည့်သည် ဝင်ခွင့်မပြုသလို မဖြစ်မနေလုပ်ရမယ့် အစည်းအဝေးတွေဆိုရင် ဖိတ်ကြားထားတဲ့ ဧည့် သည်စာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးပြီးမှသာ အစိုးရအဖွဲ့ရုံးကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ရောဂါ ကူးစက်ပျံ့နှံမှုနှုန်းအပေါ် မူ တည်တော့ ဘယ်ကာလအထိ ကန့်သတ်မယ် ဆိုတာ မသိသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းရှိ ဌာနဆိုင်ရာရုံးများ ပြင်ပ ပုဂ္ဂိုလ် ဝင်ခွင့်မပြုသလို အရေးကြီးကိစ္စရှိပါက တာဝန်ရှိ အကြီးအကဲများကို ဖုန်း ဖြင့် ဆက်သွယ် တင်ပြနိုင်ရန် စီစဉ်ထားပြီး ဝန်ထမ်းများကိုလည်း အဆိုင်း၂ ဆိုင်းခွဲ၍ ၁ ရက် အလုပ်ဆင်း၊ ၁ ရက် အလုပ် နား အစီအစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးဝင်းဌေးက “ဌာနဆိုင်ရာ ရံုံးအားလုံးကို ပြင်ပလူ ဝင်ခွင့်မပြုဖို့ ညွှန် ကြားထားသလို ကိုယ့်ရဲ့အရေးကိစ္စနဲ့ ပတ်သက်ပြီး စာတင်ချင်ရင် သက်ဆိုင်ရာ ရုံးတွေ အဝင်ဂိတ်ဝမှာ စာဝင်ဌာန ထား ပေးပါတယ်။ စာတင်ခဲ့လို့ ရပါတယ်။ သက်ဆိုင်ရာ ဝန်ကြီး၊ သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲတွေနဲ့ မဖြစ်မနေ စကား ပြောဖို့ လိုတယ်ဆိုရင် တယ်လီဖုန်းနဲ့ ပြောလို့ရပါတယ်။ ဒီလိုမျိုး ဆောင်ရွက်ထားတာ ရှိပါတယ်” ဟု ပြောဆိုသည်။
ဧရာဝတီတိုင်း၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက “ကျနော်တို့ ဌာနမြို့နယ်ရုံးတွေ ကျတော့ အလုပ်သမားကတ် လာလုပ်သူတွေက နေ့စဉ် ရှိနေတဲ့အတွက် ရုံးလုပ်ငန်းက ပုံမှန်ဆောင်ရွက် ပေးနေပါတယ်။ ရုံးထဲ မဝင်ဖို့သာ ဆောင်ရွက်ထားတာ ဖြစ်ပြီး ရုံးလုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ ပြည်သူတွေ အခက်အခဲ မဖြစ်အောင်၊ ကြန့်ကြာမှု မဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။
COVID–19 ရောဂါမှာ ပြည်တွင်း၌ တကျော့ပြန် ကူးစက်မှုအဖြစ် သြဂုတ်လ ၁၆ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ စတင် ဖြစ်ပွားခဲ့ပြီးနောက် မြန်မာပြည်ဒေသ အနှံ့အပြား၌ ပိုးတွေ့လူနာများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရခိုင်၊ ကချင်၊ မွန်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် ရောဂါကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်နေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းအထိထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကူး စက်မြန် COVID– 19 ရောဂါဖြစ်ပွားသူ အတည်ပြုလူနာ၂၂၆၅ ဦးရှိပြီး ယင်းတို့အနက်မှ လူနာ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
You may also like these stories:
COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း
ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး စက်တင်ဘာ ၁၁ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည်