ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၁၄) ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID 19 ဓာတ်ခွဲ အတည်ပြုလူနာ ၃,၀၁၅ ဦးအနက် သေဆုံးသူပေါင်း၂၆ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၆၉ ရာခိုင်နှုန်းသည် အသက် ၆၀ အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အများစုသည် ဆီးချို၊ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူများ ဖြစ်ကြပြီး အသက်အရွယ် အပိုင်း အခြားကို ကြည့်ပါက အသက် ၄၀ အောက် ၁ ဦး (၄ ရာခိုင်နှုန်း)၊ ၆၀ အောက် ၇ ဦး (၂၇ ရာခိုင်နှုန်း)နှင့် ၆၀ အထက် ၁၈ ဦး (၆၉ ရာခိုင်နှုန်း) ရှိကာ ပထမလှိုင်း ၆ ဦး သေဆုံးမှုတွင် အသက် ၆၀ အထက် ၅ ဦး (၈၃ ရာခိုင်နှုန်း)နှင့် ဒုတိယလှိုင်း ၂၀ ဦး သေဆုံးမှုတွင် အသက် ၆၀ အထက် ၁၃ ဦး (၆၅ ရာခိုင်နှုန်း) ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် ကိုဗစ်- ၁၉ ရောဂါသည် လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးမရွေး ပေါ့ဆ၍ မရ ဆိုသော်လည်း သက်ကြီး ရွယ်အိုနှင့် ရောဂါအခံ ရှိသူများတွင် ပိုမိုပြင်းထန်သည်ကို တွေ့ရှိရသောကြောင့် ထိုအုပ်စုများအား အထူး ဂရုစိုက်ကြရန် ဆရာဝန်များက အကြံပြု တိုက်တွန်းလျက် ရှိသည်။
တဖက်ကကျတော့လည်း မိသားစုဝင်ထဲမှာ သက်ကြီးရွယ်အိုရှိတဲ့လူ၊ ရောဂါအခံရှိတဲ့လူတွေအတွက် ကျန်တဲ့ မိသားစုဝင်တွေက ကိုဗစ်ကာကွယ်ရေးကို တိတိကျကျ လိုက်နာပေးစေချင်တယ်။ ပါးစပ် နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ အိမ်ကို ဧည့်သည် အလာမခံ တာ၊ တတ်နိုင်သလောက် အပြင်မထွက်တာ ဒီအချက်တွေကို လိုက်နာစေချင်တယ်
ကျန်းမာရေး အသိပညာပေး ဆိုင်ရာ ဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ ဖြိုးသီဟက “တဖက်ကကျတော့လည်း မိသားစုဝင်ထဲမှာ သက်ကြီးရွယ်အိုရှိတဲ့လူ၊ ရောဂါအခံရှိတဲ့လူတွေအတွက် ကျန်တဲ့ မိသားစုဝင်တွေက ကိုဗစ်ကာကွယ်ရေးကို တိတိကျကျ လိုက်နာပေးစေချင်တယ်။ ပါးစပ် နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ အိမ်ကို ဧည့်သည် အလာမခံ တာ၊ တတ်နိုင်သလောက် အပြင်မထွက်တာ ဒီအချက်တွေကို လိုက်နာစေချင်တယ်” ဟု ပြောသည်။
ဖြစ်နိုင်ပါက သက်ကြီးရွယ်အိုနှင့် ရောဂါအခံ ရှိသူများအား သီးခြားအခန်း ခွဲထားကာ ယခုကာလများအတွင်း တခြားသော အိမ်သူ/သားများနှင့် ထိတွေ့မှု နည်းအောင် လုပ်စေချင်ကြောင်း၊ ဆီးချို၊ သွေးတိုး စသည်ဖြင့် ရောဂါအခံရှိသူများအား အွန် လိုင်းမှတဆင့် ဆရာဝန်များနှင့် တိုင်ပင် အကြံဉာဏ်ရယူရေး စီစဉ်ပေးခြင်းမျိုးများ လုပ်စေချင်ကြောင်း ၎င်းက ဖြည့်စွက် အကြံပြုသည်။
ထို့ပြင် အသက်ကြီးသူများ၊ ရောဂါအခံရှိသူများ အနေဖြင့် ကိုဗစ်-၁၉ သည် ၎င်းတို့တွင် သေနိုင်ခြေ ပိုများသည် ဟူသော သတင်းစကားများ ကြားသည့်အခါ ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများကိုလည်း နှစ်သိမ့်အားပေးမှုများ ပြုလုပ်ပေးသင့်သည် ဟုလည်း ဒေါက်တာ ဖြိုးသီဟက ဆိုသည်။
စက်တင်ဘာ ၁၁ ရက်တွင် အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (US CDC) က ထုတ်ပြန်ထားချက်၌ အသက်ကြီးသူများနှင့် ရောဂါအခံ ရှိသူများသည် ရောဂါဖြစ်လျှင် ပိုဆိုးနိုင်သည့်၊ ပိုပြီး ဂရုစိုက်ရမည့် အခြေအနေများ ဖြစ်ကြောင်း ဖော်ပြထားသည်။
အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါ ရှိတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ရောဂါကြောင့်ကို အန္တရာယ် ပိုဖြစ်နိုင်တဲ့အတွက် ကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အခါမှာ သူများထက် ပိုပြီး ဆိုးရွားစွာ၊ ပြင်းထန်စွာ ခံစားရတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်ပြီး ICU ထဲရောက်ရတဲ့အထိ၊ အသက်ရှူကြပ်တဲ့အထိ ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်
ရောဂါအခံ ရှိသူများ ဆိုရာတွင် ကင်ဆာဝေဒနာ ခံစားရနေသူ၊ နာတာရှည် ကျောက်ကပ်ခံစားရသူ၊ အဆုတ်ကောင်းစွာ အ လုပ် မလုပ်နိုင်သူ၊ ကိုယ်ခံအား ကျဆင်းနေသူ၊ အဝလွန်သူ (BMI 30 နှင့်အထက်) နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရှိ သူများ၊ သွေးရောဂါရှိသူများ၊ ဆီးချိုအမျိုးအစား ၂ ရှိသူများ ဖြစ်ကြသည်။
ပန်းနာရင်ကြပ် ရှိသူများသည် သာမန်ထက် ၁ ဆခွဲ၊ သွေးတိုးရှိသူများသည် သာမန်ထက် ၃ ဆ၊ BMI 30 အထက် ဝသူ များသည် ၃ ဆ၊ ဆီးချိုရှိသူများသည် ၃ ဆ၊ နာတာရှည် ကျောက်ကပ်ရောဂါရှိသူများသည် ၄ ဆ၊ BMI 40 အထက် အဝလွန် သူများသည် ၄ ဆခွဲခန့် ပိုဆိုးကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက US CDC ၏ ထုတ်ပြန်မှုကို ကိုးကားပြီး ရှင်းပြသည်။
“အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါ ရှိတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ရောဂါကြောင့်ကို အန္တရာယ် ပိုဖြစ်နိုင်တဲ့အတွက် ကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အခါမှာ သူများထက် ပိုပြီး ဆိုးရွားစွာ၊ ပြင်းထန်စွာ ခံစားရတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်ပြီး ICU ထဲရောက်ရတဲ့အထိ၊ အသက်ရှူကြပ်တဲ့အထိ ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်” ဟု ၎င်း က ပြောသည်။
ယခုကဲ့သို့ အခြေအနေမျိုး မိသားစုထဲတွင် ရှိသည်ဆိုပါက လူများနှင့် ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် ကန့်သတ်ထား ပါ၊ လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးရန်၊ နေမကောင်းသူများနှင့် ဝေးဝေးနေရန် (အနည်းဆုံး ၆ ပေ)၊ ထိတွေ့မှုများ သော ပစ္စည်း မျက်နှာပြင်များကို ပိုးသန့်စင်အောင် လုပ်ရန်၊ မလိုအပ်ဘဲ မည်သည့်ခရီးမျှ မသွားပါနှင့် (အထူးသဖြင့် လေ ယာဉ်မစီးပါနှင့်) စသည့် အချက်များကို အထူးလိုက်နာရန်လည်း ဒေါက်တာ ခင်ခင်ကြီးက အကြံပြု တိုက်တွန်းသည်။
You may also like these stories:
နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ
ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးခန့် အထူး ကြပ်မတ်ကုသမှု ခံယူနေရ
အစ္စလာမ်ဘာသာဝင်များ ကိုဗစ်ကြောင့် သေဆုံးပါက မီး မသဂြိုဟ်ရန် ဘာသာရေးအဖွဲ့ချုပ်ပြော