သတင်း

တာချီလိတ်မြို့တွင် ထိုင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းနိုင်ငံသား ဦးနှင့် မြန်မာ အမျိုးသား ဦး၊ အမျိုးသမီး ဦး စုစုပေါင်း ဦးကို တာချီလိတ်မြို့မရဲစခန်းက ရှမ်းပြည်နယ်လက်နက်အမိန့် ၁၂(က)/ ဖြင့် အမှု ဖွင့်စစ်ဆေးနေသည်ဟု မြို့နယ်ရဲစခန်းမှူး ရဲမှူး ညီညီဌေးက ဧရာဝတီသို့ ပြောသည်။

ဖမ်းမိထားသည့် ထိုင်းနိုင်ငံသားများမှာ လုန်နန်ချိုင်းဆတ်ဒါနန် () ဘုဒိနှင့် ချိုင်းဝပ်၊ မြန်မာနိုင်ငံသား ဦးမှာ ဇော်ဇော် ထိန်း () အိုက်အေးနှင့် ဒေါ် အီဖန်တို့ ဖြစ်ကာ စက်တင်ဘာလ ၁၃ ရက်က ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

 ရဲမှူး ညီညီဌေးကသူတို့ကို ဖမ်းဆီးထားပြီး အမှုဖွင့်ထားတယ်။ ရှမ်းလက်နက် ၁၂(က)/()နဲ့ ဖွင့်ထားတယ်။ လက်နက်မှု တွေကတော့ ဖမ်းမိထားတာရှိပါတယ်ဟု ဧရာဝတီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း()ရပ်ကွက်ရှိ 1G1 ဟိုတယ်တွင် တည်းခိုနေသည့် ထိုင်းနိုင်ငံသား ဦးကို COIL MASTER စာတန်းပါ အနက်ရောင် အိတ်အတွင်းမှ အမေရိကန်နိုင်ငံလုပ် ပွိုင့် ၃၂ သေနတ် လက်၊ ကျည်အိမ် ခု၊ ကျည် ၃၉ တောင့်နှင့် အတူ စက်တင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲစခန်းမှ သိရသည်။

ထိုင်းနိုင်ငံသားများထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ပတ်သက်ပြီး ကွင်းဆက် မေးမြန်းရာတွင် ၎င်းတို့ ကိုင်ဆောင်ရန်အတွက် တာချီလိတ် မြို့နယ်၊ မယ်ခေါင်ရပ်ကွက်နေ ဒေါ်အီဖန်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း သိရသည့် အတွက် ဒေါ်အီဖန်အား ထိုနေ့တွင် တာချီလိတ် မြို့မရဲစခန်းက ဖမ်းဆီးခဲ့သည်။ 

ထို့ပြင် ထိုင်းနိုင်ငံသား ဘုဒိ၏ ပြောပြချက်အရ ၎င်းပိုင်ဆိုင်သည့် တလုံးထိုး သေနတ် လက်နှင့် ပွိုင့် ၃၈ စပယ်ရှယ် ကျည် အတောင့် ၅၀ ကို သိမ်းဆည်းထားသည့် ဆန်ဆိုင်း () ရပ်ကွက်ရှိ ဇော်ဇော်ထွန်း () အိုက်အေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ လက်နက်များနှင့်အတူ ၎င်းကို စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကလက်နက်ကတော့ တလတကြိမ်၊ တလ ကြိမ်လောက်တော့ မိနေတာပဲ။ အခုအချိန်ကတော့ ကိုဗစ်ကာလဆိုတော့ အဝင်အထွက်တွေ အားလုံးတော့ ပိတ်ထားတာပဲ။ ပုံမှန်အတိုင်းဆိုရင် ဟိုဘက်ဒီဘက် ဆက်နေတော့ အဝင်အထွက်တွေတော့ ရှိနေတာဟု ဧရာဝတီသို့ ပြောသည်။

တာချီလိတ်မြို့သည် လက်နက် အသုံးပြုပြီး ပစ်ခတ် သတ်ဖြတ်မှု၊ ရွှေဆိုင်များ လုယက်မှု ပြဿနာများ မကြာခန ဖြစ်ပွားသည်ကို တွေ့ရသည်။ ထို့အတူ မူးယစ်ဆေးဝါး ပြဿနာများလည်း ပေါများသည့် ဒေသဖြစ်သည်။

You may also like these stories:

မြဝတီမူးယစ်အမှု ကွင်းဆက်မှ ကျပ် ၁၀ ဘီလီယံကျော် မူးယစ်ဆေးများ ထပ်မံဖမ်းမိ

မင်းပြား၌ နယ်ထိန်းရဲအုပ် ၁ ဦး ပစ်ခတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိ

ဦးဂါရွာသူကို အဓမ္မကျင့်သည့် တပ်မတော်သား ၃ ဦး၊ စစ်တရားရုံးဖွဲ့ စစ်ဆေး ပြစ်ဒဏ်ပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading