• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမှု စတင်

by သီဟလွင်
16 September 2020
in သတင်း
A A
ကိုဗစ်ကာလအတွင်း ရုံးတက်ရုံးဆင်းပြုလုပ်နေသည့် နေပြည်တော်ရှိ အစိုးရဝန်ထမ်းများကို တွေ့ရစဉ်  / သီဟလွင် / ဧရာဝတီ

ကိုဗစ်ကာလအတွင်း ရုံးတက်ရုံးဆင်းပြုလုပ်နေသည့် နေပြည်တော်ရှိ အစိုးရဝန်ထမ်းများကို တွေ့ရစဉ် / သီဟလွင် / ဧရာဝတီ

10.1k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးပေးသည့် အစီအစဉ်ကို စတင်လျက်ရှိ ကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

စက်တာဘာ ၁၅ ရက်မှ စတင် စစ်ဆေးပေးနေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းအထိ၂ ရက်တာ ကာ လအတွင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစရှိသည့် ဝန်ကြီးဌာန ၈ ခုခန့်ကို စစ်ဆေးပေးပြီး ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
3
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
61
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
824

ဒေါက်တာ မြတ်ဝဏ္ဏစိုးက “မနေ့ကနဲ့ ဒီနေ့ဆိုရင် ဝန်ကြီးဌာန ၈ ခု ၉ ခုလောက်တော့ ပြီးပြီ။ ဝန်ကြီးဌာနအားလုံးကို စစ် မှာပါ။ မနေ့က စစ်တဲ့ အဖွဲ့တွေကတော့ အားလုံး Negative ထွက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ၁ ရက်လျှင် လူဦးရေ ၄၀၀ ခန့် ပြီးစီးအောင် စစ်ဆေးပေးနေခြင်း ဖြစ်ကာ နေပြည်တော် ပြည် သူ့ ဆေးရုံကြီး ကုတင် ၁၀၀၀ နှင့် နေပြည်တော် စည်ပင်ရိပ်သာတို့တွင်၂ နေရာခွဲ၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) နမူနာကို ရယူပေးလျက် ရှိကြောင်း သိရသည်။

ဝန်ကြီးဌာနရှိ ဝန်ထမ်းအားလုံး ဌာနရှိ လူကုန် စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ရုံးတက် တာဝန်ထမ်းဆောင်နေ ရသည့် ဝန်ကြီး၊ ဒုဝန်ကြီးများ အပါအဝင် ရုံးအဖွဲ့များ၊ ယာဉ်မောင်းများနှင့် ရုံးလုပ်ငန်း ယန္တရား လည်ပတ်မှုတွင် ထဲထဲ ဝင် ဝင် ပါဝင်နေရသည့် ဝန်ထမ်းများကို ဦးစားပေး စစ်ဆေးခြင်း ဖြစ်ကြောင်း ယနေ့သွားရောက် စစ်ဆေးမှုခံယူခဲ့သည့် စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။

ဦးထွန်းထွန်းနိုင်က “ကျနော်တို့မနက်က သွားစစ်ပါတယ် ခင်ဗျ။ လူအကုန်လုံး ဝန်ကြီးဌာန လူအကုန်လုံးတော့ မဟုတ်ဘူး။ သူတို့ဘက်ကနေ အရေအတွက်လေး ကန့်သတ်တာ ရှိပါတယ်။ အဓိကတော့ ရုံးတက်ရတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီး၊ ရုံးဖွဲ့ရော၊ ယာဉ်မောင်းကစ အကုန်ပါပါတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၅၃ ဦး ထိရှိနေပြီး ယင်းကူးစက်ခံရမှု၏ ထက်ဝက်ကျော်မှာ အစိုးရ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုတွင် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကဲ့သို့ နိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတချို့လည်း ကူးစက်ခံရမှုများ ရှိနေသည်။

ထိုသို့အစိုးရ ဝန်ထမ်းများ ကူးစက်ခံရမှု များလာသည့် နောက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဝန်ကြီးဌာနများရှိ အစိုးရဝန်ထမ်းများ ရောဂါပိုး ကူးစက်မှုလျော့နည်းစေရန်အတွက် ကခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ပေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တချို့ ဝန်ကြီးဌာနများတွင် ပိုးတွေ့လူနာနှင့် ထိစပ်သူများလည်း ရှိနေပြီး ထိုသို့ အနီးကပ်ထိတွေသူများကို အဓိကထား စစ်ဆေးပေးသင့်သလို ရောဂါပိုးရှိသူနှင့် ထိတွေ့မှုများ ရှိနိုင်သည့် ပုံမှန် ရုံးတက်နေရသည့် ဝန်ထမ်းများကိုလည်း ကြိုတင် စစ်ဆေးပေးသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“ဖြစ်နိုင်ရင်တော့ ဆက်စပ်တဲ့သူတွေ ဆက်စပ်ဌာနကလူတွေရော Swab ယူပေးစေချင်တယ်။ အဓိကက စစ်နိုင်မှ ပြတ် သွားမှာကိုး။ ဖြစ်မှစစ်တာထက်ကို တတ်နိုင်ရင် ကြိုစစ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု ၎င်းကပြောသည်။

အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနကို (၂၄) ထားရှိခဲ့ပြီး အဆိုပါရုံးများအားလုံး၏ ရုံးချုပ်များသည် ပြည်ထောင်စု နယ်မြေဖြစ်သော နေပြည်တော်တွင် ရုံးစိုက်သော ကြောင့် နေပြည်တော်တွင် အစိုးရဝန်ထမ်း အများစုလည်း နေထိုင်ကြသည်။

တကျော့ပြန် ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် နေပြည်တော်ကို စက်တင်ဘာ ၂ ရက်ကတည်းက အဝင်/ အထွက်များ တင်းကြပ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ပိုးတွေ့လူနာများ နေ့စဉ် ဆိုသလို ထပ်တိုးလျက်ရှိသည်။

နေပြည်တော်သည် ပြည်ထောင်စု နယ်မြေ ဖြစ်သောကြောင့် အဝင်/အထွက် ကန့်သတ်မှုများ ပြုလုပ်ထားသည့်အပြင် ဝန်ကြီးဌာန ရုံးလုပ်ငန်းများတွင်လည်း လူအများ စုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာ နများတွင် ဧည့်သည်တွေ့ဆုံခြင်း မပြုရန်၊ ဝန်ထမ်းများ မလိုအပ်ဘဲ ပြင်ပ ခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန်အတွက် ယင်းစည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင် ဟူ၍ ခရိုင် ၂ ခု တို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေညာထားခြင်း မရှိ သေးပါ။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၆၃၆ ဦး၊ သေဆုံး ၃၉ ဦးရှိပြီး နေပြည်တော်တွင် ပိုးတွေ့သူ ၅၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

တပ်မတော်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၄၆ ဦးရှိ

ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ပိုး ကူးစက်ခံထားရ

နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ

Your Thoughts …
Tags: Swabနေပြည်တော်အစိုးရဝန်ထမ်း
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.3k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.2k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
27.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
ရခိုင်နှင့်ဧရာဝတီ နယ်စပ်ဖြစ်သည့် ရေနံ့သာစစ်ဆေးဂိတ်တွင် ကူညီနေသည့် ပရဟိတအဖွဲ့ဝင်များ / ဧရာဝတီ

ဧရာဝတီတိုင်းရှိ ပရဟိတအဖွဲ့ ၃၀၀ ကျော် မြို့အဝင် စစ်ဆေးရေးဂိတ်များ၌ ကူညီပေးမှုများ ရပ်ဆိုင်း

၂၀၂၀ခု စက်တင်ဘာ၄ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တွေရသော တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း / သီဟလွင် / ဧရာဝတီ

ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းစဉ်တွေဟာ အမျိုးသားရေးကိစ္စဖြစ်လို့ ပူးပေါင်းဆောင်ရွက်မယ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate