မြန်မာနိုင်ငံတွင် ကိုဗစ် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၆ ဦးအထိ ရှိလာချိန်တွင် ယင်းရောဂါပိုး တွေ့ ရှိသူ သတင်းသမား
၄ ဦး အထိ ရှိလာပြီး ၇၀ ကျော် စောင့်ကြည့်ခံနေရကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
Positive ရလဒ်ထွက်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် သတင်းသမား ၄ ဦးမှာ နေပြည်တော်မှ တဦးနှင့် ရန် ကုန်မြို့ တွင် ၃ ဦး ဖြစ်သည်။
နေပြည်တော်တွင် ကုမုဒြာဂျာနယ်မှ သတင်းထောက် အမျိုးသမီး တဦး၊ ရန်ကုန်မြို့ တွင် Newswatch ဂျာနယ်မှ ရုပ်သံ သ တင်းထောက် အမျိုးသားတဦး၊ ဧရာဝတီ သတင်းဌာန Lifestyle ဌာနခွဲမှ ရုပ်သံ သတင်းထောက် အမျိုးသားတဦးနှင့် အ ကုန်သိ သတင်းဌာနမှ သတင်းထောက် အမျိုးသားတဦးတို့ ဖြစ်သည်။
နေပြည်တော် ကုမုဒြာ ဂျာနယ်မှ အမျိုးသမီး သတင်းထောက်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က သမ္မတ အိမ် တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခုသို့ တက်ရောက် သတင်းရယူခဲ့သည်။
ယင်းရှင်းလင်းပွဲကို စီစဉ်သူ သမ္မတရုံး အရာရှိတဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိရ၍ ပွဲတက်ခဲ့သည့် သတင်းထောက်များကို စစ်ဆေးသည့်အခါ ၎င်းထံတွင် ရောဂါပိုးတွေ့ ရှိရခြင်း ဖြစ်သည်။
Newswatch ဂျာနယ်မှ သတင်းထောက်မှာ ၎င်းသည် Positive ရှိသူနှင့် အနီးကပ် ထိတွေ့ မှု မရှိခဲ့သော်လည်း ပိုးတွေ့ လူများ ရှိသည့် လမ်းများ၊ Lockdown ချထားသည့် ရန်ကုန်မြို့ ရှိလမ်းများတွင် သတင်းရယူမှုများ ရှိခဲ့ကြောင်း ကာယကံရှင် သတင်းထောက်၏ ပြောပြချက်အရ သိရသည်။
ထို့အတူ ဧရာဝတီ၏ ရုပ်သံ သတင်းထောက်မှာလည်း ရန်ကုန်မြို့ ထဲတွင် သွားရောက် သတင်းရယူမှုများ ရှိခဲ့သည်ဟု သိရသည်။
အကုန်သိ သတင်းဌာနမှ သတင်းထောက်မှာလည်း မနေ့က ပိုးတွေ့ ရှိရသဖြင့် ဆေးရုံတင်ထားရပြီး ကိုဗစ်ကာလတွင် အလုပ်ရပ်နားခံရပြီး ဌာနနှင့် ကင်းကွာနေသည်မှာ ၃ လခန့် ရှိပြီ ဖြစ်ကြောင်း ယင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ပြောသည်။
၎င်းအနေဖြင့် Positive ဖြစ်ခဲ့သော်လည်း ယင်းလူနာများနှင့် တိုက်ရိုက်ထိတွေ့ မှု မရှိခဲ့ကြောင်း၊ ရန်ကုန်မြို့ ရှိ Lockdown ချထားသည့် နေရာများတွင် သတင်းယူသည့် အခါတွင်လည်း Mask ၊ Face Shield ၊ လက်အိတ်များဖြင့် အကာအကွယ် ပြည့်ပြည့်စုံစုံ သတင်းယူခဲ့ခြင်း ဖြစ်ကြောင်း Newswatch ဂျာနယ်မှ သတင်းထောက်က ပြောသည်။
“ဒီလိုမျိုး အထပ်ထပ် ကာကွယ်ထားတဲ့ ကြားထဲကနေပြီးတော့မှ စဖျားတယ်။ ၂ ရက်ဖျားပြီးတော့ ၃ ရက်မြောက်နေ့မှာ အ နံ ပျောက်သွားတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုကိုယ် သံသယရှိပြီးတော့ ရန်ကုန်အနောက်ပိုင်း ဆေးရုံမှာ သွား စစ်ဆေးမှု ခံယူလိုက်တယ်။ အဲဒီမှာ Positive ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ဖြစ်နိုင်ချေကတော့ ကျနော်တို့က ရုပ်သံ သတင်းသမားတွေ ဖြစ်လို့ မိုက်ကရိုဖုန်း သုံးရတယ်။ အင်တာ ဗျူးရတဲ့အခါမှာ Spoke Person ကို ထိုးပေးရတာ ရှိတယ်။ ကိုယ်ကိုယ်တိုင် ပြန်ပြောရတာတွေလည်း ရှိတော့ သံသယဝင် မိတာကတော့ မိုက်ကလို့ပဲ ထင်တယ်”ဟု ပြောသည်။
ယခုအခါ သတင်းထောက်များသည် ခရီးသွားရုံဖြင့် Quarantine ဝင်နေရသည့် အခြေအနေ မဟုတ်တော့ဘဲ ပိုးရှိသူနှင့် ထိ တွေ့ မှုများကြောင့် Quarantine ဝင်ရသူများ ရှိလာကြောင်း၊ ကိုဗစ်ပိုး ရှိသူများပါ တွေ့ ရှိလာသဖြင့် သတင်းရယူသည့်အခါ များတွင် ရောဂါပိုး ကူးစက်မခံရစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သင့်ကြောင်း သတင်းသမားများ လူမှုကူညီရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကျော်က ပြောသည်။
“သတင်းရယူတဲ့အခါ အင်တာဗျူးတွေမှာ တော်တော်လေး ကပ်ပြီး ဗျူးနေကြတာတွေ ဒီရက်တွေထဲအထိ ရှိနေသေး တာပေါ့နော်။ လုံလောက်တဲ့ အကာအဝေး မဟုတ်ဘူး။ Mask တပ်မထားဘူး။ သတင်းသမားတွေ Mask မတပ်တာကို တွေ့ နေရသေးတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။
၎င်းက ဆက်၍ “ဖြစ်တဲ့ကိစ္စတိုင်းက အပြင်ထွက်ဖို့ လိုသလားပေါ့နော်။ အဲဒါတွေကိုလည်း သတင်းခန်းတွေက ပြန်စဉ်းစားဖို့ လိုတယ်လို့ ထင်တာပဲ။ ကိုယ့်သတင်းထောက်ကို အန္တရာယ်ကျနိုင်ဖို့ မြင့်တင်အောင် လုပ်သလို ဖြစ်နေမယ်။ မရည်ရွယ် ဘဲနဲ့ ဖြစ်တတ်တယ်။ ပိုပြီးတော့ သတိထားရမယ့် အခြေအနေမျိုးကို ရောက်လာပြီ”ဟု ပြောသည်။
လက်ရှိတွင် နေပြည်တော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ပြီးနောက် Home Stay ဖြင့် Quarantine ဝင်နေရသူ သတင်းထောက် ၃၉ ဦး၊ ပြင်ဦးလွင် ရွေးကောက်ပွဲ သတင်းရေးသားခြင်း သင်တန်း တက်ရောက်ပြီးနောက် ဟို တယ် Quarantine ဝင်နေရသူ ၁၅ ဦး၊ပြည်မြို့ တွင် ရွေးကောက်ပွဲ သတင်းရေးသားခြင်း သင်တန်း တက်ရောက်နေစဉ် ဟိုတယ် Quarantine ဝင်နေရသူ ၁၇ ဦးတို့ ဖြစ်သည်။
သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက်အားလုံးသည် နေပြည်တော်တွင် Home Stay ၁၄ ရက် နေထိုင်နေရဆဲ ဖြစ်ပြီး ပိုးတွေ့ ရှိခဲ့သူ သတင်းထောက် အမျိုးသမီးနှင့် အတူနေထိုင်သူ Newswatch ဂျာနယ်မှ သတင်းထောက် အမျိုးသမီးမှာလည်း ဆေးရုံတွင် Quarantine ဝင်နေရသည်။
ပြင်ဦးလွင်နှင့် ပြည်မြို့ တွင် သတင်းထောက်များ Quarantine ဝင်ရသည့် ဖြစ်စဉ် ၂ ခုမှာ ဆက်စပ်လျက်ရှိသည်။
ရွေးကောက်ပွဲ သတင်းရေးသားနည်းဆိုင်ရာ သင်တန်းတခုကို စက်တင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ပြင်ဦးလွင် မြို့နယ် တွင် လည်းကောင်း၊ ပြည်မြို့ တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ လည်းကောင်း စီစဉ်ထားရာ သင်တန်း ဆရာများ ငှားလာသည့် ကားဆရာ၏ ဇနီးဖြစ်သူတွင် ကိုဗစ် ရောဂါပိုး တွေ့ ရှိရာ သတင်းထောက်များအားလုံး Quaran tine ဝင်ကြရသည်။
ပြင်ဦးလွင်တွင် ကျင်းပသည့် ရွေးကောက်ပွဲ သင်တန်းအပြီး ပြည်မြို့ တွင် ဆက်လက် ပြုလုပ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ တွင် ကားဆရာ၏ ဇနီးတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိရသဖြင့် ကားဆရာကို မြို့နယ် ကျန်းမာရေးဌာနမှာ လာရှာသည့်အခါ ယခုလို သတင်းသမားများပါ Quarantine ဝင်ရခြင်း ဖြစ်ကြောင်း သင်တန်းဆရာတဦး ဖြစ်သူ ဦးကောင်းမြတ်မင်းက ပြောသည်။
“ကားဆရာကလည်း ဘာမှ မပြောဘူး။ သူ့မိန်းမထိလို့ ကျန်းမာရေးက လိုက်လာမှ ကျနော်တို့လည်း သိရတာ။ အခု ကားဆရာလည်း Positive ၊ သင်တန်းစီစဉ်သူနဲ့ Guest Speaker လည်း Positive ဖြစ်သွားတယ်။ သတင်းသမား ၁၇ ယောက်ကတော့ Swab ယူထားပြီ။ အဖြေတော့ အကုန်မသိရသေးဘူး”ဟု ၎င်းက ရှင်းပြသည်။
ပြင်ဦးလွင်မြို့နယ်တွင် ရွေးကောက်ပွဲ သင်တန်းတက်ရောက်ခဲ့သူ သတင်းထောက် ၁၅ ဦးမှာလည်း နေရပ်သို့ ပြန်သွား သဖြင့် လားရှိုး၊ မန္တလေး၊ ရေစကြိုနှင့် ရန်ကုန်မြို့ တု့ိတွင် Quarantine ဝင်ရပြီး ၎င်းတို့အားလုံးတွင် ပိုးမရှိ အဖြေထွက် ထားကြောင်း သိရသည်။
The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ၎င်းတို့အနေဖြင့်လည်း သတင်းစာတိုက်ကို မဖြစ်မနေ လာရောက် ရမည့် ဒီဇိုင်နာ ၂ ဦးမှ လွဲ၍ ကျန်သူများအားလုံးကို အိမ်မှ အလုပ်လုပ်သည့် စနစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း၊ ဒီဇိုင် နာ ၂ ဦးမှာလည်း ရုံးနှင့် အိမ်နီးသူများဖြစ်၍ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုရန် မလိုကြောင်း ပြောသည်။
“Editing တို့ Proof ဖတ်တာတွေကစ အွန်လိုင်းကနေပဲ လုပ်တော့တယ်။ လာတဲ့သူတွေကိုလည်း Mask ၊ Hand Gel တို့ ဘာတို့ကတော့ ရုံးက တနိုင် ထောက်ပံ့ပေးထားတယ်။ အများပြည်သူသုံး ဘတ်စ်ကားနဲ့ လာမယ့်သူတွေကတော့ မလာ ခိုင်းဘူး။ ပြောရရင်တော့ ဒီဇိုင်နာပဲ ရှိတယ်။ အကုန်လုံး အွန်လိုင်းကပဲ သွားနေတာပေါ့”ဟု ဦးကျော်မင်းဆွေက ပြောသည်။
၎င်းက ဆက်၍ “အပြင်ထွက်ပြီးတော့ သတင်းလိုက်ရသူအားလုံး Mask နဲ့ Face Shield တပ်ဖို့ လိုတယ်။ Hand Gel ဆောင်ထားဖို့ လိုတယ်။ ဖြစ်နိုင်ရင် အွန်လိုင်းကနေ ဗျူးဖို့ လိုတယ်။ သက်ဆိုင်ရာတိုက်တွေက အယ်ဒီတာတွေ အနေနဲ့ လည်း မလိုအပ်ဘဲနဲ့ သတင်းသမားတွေကို Risk မယူစေချင်ဘူး။ ကိုယ့်တိုက်အနေနဲ့လည်း Risk မယူစေချင်ဘူး။ သတင်းသမားတွေကိုလည်း Risk မယူစေချင်ဘူး”ဟု ပြောသည်။
ကိုဗစ်ကာလတွင် သတင်းသမားများမှာ အလုပ်ရပ်ဆိုင်းခံရခြင်း၊ လစာလျော့ခံရခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင် နေချိန်တွင် ယခုလို ရောဂါပိုး ကူးစက်ခံရခြင်း၊ ရောဂါပိုး ရှိသူများနှင့် ထိတွေ့ မိသဖြင့် Quarantine ကို ပုံစံ အမျိုးမျိုးဖြင့် ဝင်ရောက်နေကြရသဖြင့် သတင်းသမား အဖွဲ့ အစည်းတချို့ကလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကိုဗစ်ရောဂါပိုးနှင့် ဆက်စပ်၍ ဆေးရုံသို့ ရောက်ရှိသွားသူများ သတင်းသမားများ ကို ကျပ် ၂ သိန်း၊ အကြောင်း အမျိုးမျိုးဖြင့် Quarantine ဝင်နေသူများကို ကျပ် ၁ သိန်း ကူညီထောက်ပံ့လျက်ရှိရာ ယမန် နေ့ကအထိ အကူအညီ တောင်းခံသူ ၇၀ ကျော် ရှိကြောင်း သိရသည်။
သတင်းသမားများ လူမှုကူညီရေး ကော်မတီကလည်း ကိုဗစ်ရောဂါပိုး တွေ့ ရှိသူ သတင်းသမားများကို ကျပ် ၃ သိန်း၊ အ ကြောင်း အမျိုးမျိုးကြောင့် Quarantine ဝင်ရပြီး Swab ယူခံထားရသူများကို ကျပ် ၁ သိန်း ကူညီထောက်ပံ့လျက်ရှိရာ ယနေ့အချိန်အထိ အကူအညီတောင်းခံသူ ၅၀ ခန့် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင်ရောက်ရှိလာပြီး ၂၀၁၉ ခုနှစ်၊ မတ်လနောက်ပိုင်းတွင် သတင်းထောက်၊ ရုပ်သံ သ တင်းထောက်၊ ဓါတ်ပုံ သတင်းထောက်၊ ကော်ပီအယ်ဒီတာ၊ ဘာသာပြန် အယ်ဒီတာ စသည့် သတင်းသမား စုစုပေါင်း ၁၀၀ ကျော် အလုပ် ရပ်ဆိုင်းခံခဲ့ရသည်။
ကမ္ဘာ့ ကပ်ရောဂါတခု ဖြစ်ပြီး လူပေါင်း ၉ သိန်းကျော် သေဆုံးခဲ့ပြီဖြစ်သည့် ကိုဗစ်ရောဂါပိုး ဂယက်ကြောင့် စီးပွားရေး လုပ်ငန်းများစွာ ဆုံးရှုံးမှုနှင့်အတူ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လုပ်ငန်းများပါ ထိခိုက်လာခဲ့ပြီး ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်၍ သတင်းသမားများ အလုပ်လက်မဲ့ ဖြစ်လာလျက်ရှိသည်။
မြန်မာနိုင်ငံတွင် သတင်သမားဦးရေမှာ အတိအကျကို တရားဝင် စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ သ တင်း မီဒီယာ ကောင်စီက စာရင်းကောက်ယူနေသော်လည်း စာရင်းပေးသည့် ဌာန အလွန် နည်းပါးနေသဖြင့် တရားဝင် မထုတ်ပြန်နိုင်သေးပါ။
You may also like these stories:
ဧရာဝတီတိုင်းရှိ ပရဟိတအဖွဲ့ ၃၀၀ ကျော် မြို့အဝင် စစ်ဆေးရေးဂိတ်များ၌ ကူညီပေးမှုများ ရပ်ဆိုင်း
နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမှု စတင်
ရဲတပ်ဖွဲ့ဝင်များ ကိုဗစ်ပိုးကူးစက်ခံပြီးနောက် စစ်တွေမြို့မ စခန်း Lockdown ချ