ဗုဒ္ဓဟူးနေ့က ကျင်းပသည့် လွှတ်တော် မဲခွဲဆုံးဖြတ်ရာတွင် ယိုရှီဟီဒဲ့ဆုဂကို ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ပြီး ရှင်ဇိုအာဘေး၏ စံချိန်တင်သည့် ၇ နှစ်နှင့် ၈ လကြာ ရာထူးသက်တမ်း ပြီးဆုံးကာ ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်သည်။
အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဆုဂသည် ကိုဗစ်-၁၉ ထိန်းချုပ်ရေး၊ စီးပွားရေး ပြန်လည်စတင်ရေးနှင့် နှောင့်နှေးကြန့်ကြာနေသည့် အိုလံပစ်ကစားပွဲကို လာမည့်နှစ်တွင် ကျင်းပရေး စသည့် လတ်တလောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အာဘေး၏ ညာလက်ရုံးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီးနောက် သူ့ကို ရွေးချယ်လိုက်ခြင်းသည် အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရန်နှင့် ကမ္ဘာတဝန်းကူးစက်ရောဂါ အကျပ်အတည်းအတွင်း မူဝါဒ ကွာဟမှု မဖြစ်စေရန် ဖြစ်သည်ဟု မြင်ကြသည်။
“လုပ်ထုံးလုပ်နည်းဖြည်လျှော့ရေးကို ဆက်လက်တွန်းအားပေးပြီး ဝန်ကြီးဌာန ဂိုဏ်းဂဏဝါဒ၊ ကိုယ်ကျိုးစီးပွားနဲ့ အတိတ်က အမှားတွေကို မျက်လုံးပိတ် ဆက်လုပ်တာတွေကို အဆုံးသတ်ပစ်မယ်”
သို့သော် ဝန်ကြီးချုပ်သစ်သည် အိမ်စောင့်အစိုးရအဖြစ် ရည်ရွယ်သည့်သဘောမျိုးကို တွေ့နေရသည်။
ဆုဂက အာဘေး၏ မပြီးဆုံးသေးသည့် လုပ်ငန်းဖြစ်သော စီးပွားရေး၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်တင်ရန် ကတိပြုသည်။
“လုပ်ထုံးလုပ်နည်းဖြည်လျှော့ရေးကို ဆက်လက်တွန်းအားပေးပြီး ဝန်ကြီးဌာန ဂိုဏ်းဂဏဝါဒ၊ ကိုယ်ကျိုးစီးပွားနဲ့ အတိတ်က အမှားတွေကို မျက်လုံးပိတ် ဆက်လုပ်တာတွေကို အဆုံးသတ်ပစ်မယ်”ဟု သူပြောသည်။
အာဘေးကို အမီလိုက်ရန်မှာမူ ခက်ခဲမည်။ အာဘေးသည် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ကို ရွေးကောက်ပွဲ ၆ ကြိမ်ဆက်တိုက်အနိုင်ရအောင်လုပ်နိုင်ခဲ့ပြီး ဝန်ကြီးချုပ်အပြောင်းအလဲများနေခြင်းကို ရပ်တန့်သွားအောင် လုပ်ခဲ့သည်။ အာဘေးစီးပွားရေး ပြုပြင်ပြောင်းလဲမှု၏တန်ဖိုးကို အပြင်းအထန် အငြင်းပွားနေဆဲဖြစ်သော်လည်း သူသည် ဂျပန်နိုင်ငံကို နိုင်ငံတကာတွင် ပုံရိပ်ပိုကောင်းလာအောင် မြှင့်တင်ခဲ့သည်ကို မငြင်းနိုင်သလောက်ပင်ဖြစ်သည်။
ဆုဂသည် အာဘေး၏ အဓိက မူဝါဒအချို့ကို ဖေါ်ပြခဲ့သော်လည်း သံတမန်ရေးရာ ကျွမ်းကျင်မှု နည်းပြီး LDP တွင် အာဘေးကဲ့သို့ ခိုင်မာသည့် ထောက်ခံမှု မရရှိပေ။ ထိပ်ဆုံးသို့ရောက်လာသည့် အခြား န်ိုင်ငံရေးသမားများကဲ့သို့ မဟုတ်ဘဲ သူသည် ပါတီတွင်းရှိ မည်သည့်အုပ်စုခွဲနှင့်မျှလည်း ပတ်သက်ခြင်း မရှိပေ။
သို့သော်ဆုဂသည် တနင်္လာနေ့ကကျင်းပသည့် ပါတီတွင်း ဥက္ကဌရွေးပွဲတွင် အောင်ပွဲခံနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင်ကျင်းပသည့် အောက်လွှတ်တော်တွင်လည်း မဲအများစုရရှိကာ ဝန်ကြီးချုပ်ဖြစ်လာသည်။ နာတာရှည်ကျန်းမာရေးပြဿနာကြောင့် နုတ်ထွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့တွင် ရုတ်တရက်ကြေညာခဲ့သည့် အာဘေးသည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် တရားဝင် နုတ်ထွက်ခဲ့သည်။
သို့သော် ဝေဖန်သူများကမူ ထိုအစိုးရအဖွဲ့သစ်တွင် အမျိုးသမီးနှင့်လူငယ် အနည်းငယ်သာပါမည်ကို ဝေဖန်နေကြပြီဖြစ်သည်။
ဆုဂအား ဝန်ကြီးချုပ်ခန့်အပ်ခြင်းကို အောက်လွှတ်တော်လောက်သြဇာမရှိသည့် အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် တရားဝင်ထုတ်ပြန်မည့် သူ၏ အစိုးရသစ်သည် လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းရန်နှင့် အစီအစဉ်သစ်များချမှတ်ရေး ရည်မှန်းချက်နှစ်ခုလုံးကို ထင်ဟပ်ဖွယ်ရှိသည်။
သို့သော် ဝေဖန်သူများကမူ ထိုအစိုးရအဖွဲ့သစ်တွင် အမျိုးသမီးနှင့်လူငယ် အနည်းငယ်သာပါမည်ကို ဝေဖန်နေကြပြီဖြစ်သည်။
ဘာဏ္ဍာရေးဝန်ကြီး တာရို အာဆို၊ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်စု မိုတီဂျီ၊ စီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဟီရိုရှီ ကာဂျီယာမနှင့် ပညာရေးဝန်ကြီး ကိုအိချိ ဟာဂျူဒါ ကဲ့သို့သော အဓိက ခေါင်းဆောင်များသည် မူလရာထူးများတွင်ပင် ဆက်လက်ရှိနေမည်ဟု ဆိုသည်။ ပြုပြင်ပြောင်းလဲရေးသမားအဖြစ်ကျော်ကြားပြီး မကြာသေးမီက အာဘေး၏ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သော တာရိုကိုနိုသည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးကို တာဝန်ယူရသော ဝန်ကြီးအဖြစ် အခြေအနေကို ကိုင်လှုပ်ရန် အခွင့်အလမ်းရလာနိုင်သည်။ အာဘေး၏လက်အောက်တွင် သတင်းနည်းပညာဝန်ကြီးဖြစ်သော တာကူယာ ဟီရာအိသည် ဒစ်ဂျစ်တယ် ဝန်ကြီးဖြစ်လာနိုင်သည်။
နိုင်ငံ၏ နည်းပညာစွမ်းရည်မြှင့်တင်ရန်တာဝန်ပေးမည့် ဒီဂျစ်တယ်မူဝါဒကို ညှိနှိုင်းရန်အတွက် အစိုးရဌာနသစ်တခုတည်ဆောင်မည်ဖြစ်ကြောင်း ဆုဂ ပြောခဲ့သည်။
သို့သော်အရာရာအပေါ် အရိပ်ထိုးနေသည်မှာ အထွေထွေရွေးကောက်ပွဲဖြစ်သည်။ အောက်လွှတ်တော်ကိုယ်စားလှယ်များသည် လာမည့်လတွင် ၎င်းတို့၏လေးနှစ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ LDP သည် လူထုထောက်ခံမှု ပိုမိုမြင့်မားလာနေသောကြောင့် ဆုဂသည် မကြာမီ ရွေးကောက်ပွဲခေါ်မည်ဆိုသည့် ခန့်မှန်းမှုများ များပြားနေသည်။
လတ်တလောတွင်မူ သူသည် လူထု၏ အရေးပါသော ပူပန်မှုများဖြစ်သည့် ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့် စီးပွားရေးကိုသာ အာရုံစိုက်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို အာရုံစိုက်မည်မဟုတ်ကြောင်း ဆုဂ ပြောသည်။
သူ၏ အစိုးရအဖွဲ့စာရင်းကို ဆူဂါကြေညာသောအခါ ဘုရင် နာရူဟီတိုက သူ့ကို တရားဝင်ခန့်အပ်ရန် ဆူဂါသည် ဧကရာဇ်နန်းတော်သို့ သွားရောက်ရမည်ဖြစ်သည်။ သူ၏ ဝန်ကြီးများသည်လည်း ညနေပိုင်းတွင် နန်းတော်သို့လိုက်ပါသွားရမည်ဖြစ်သည်။
ဝန်ကြီးချုပ်ရုံးသို့ ပြန်ရောက်သောအခါ ဆူဂါသည် သတင်းစာရှင်းလင်းပွဲတခုကျင်းပပြီးနောက် အစိုးရအဖွဲ့အစည်းအဝေး ခေါ်ယူမည်ဖြစ်သည်။
ကိုးကား။ ။ Kyodo, Nikkei Asian Review
You may also like these stories:
ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့
အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ
“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း