အမေရိကန် ထိပ်တန်းအရာရှိတဦး ထိုင်ပေတွင် အဆင့်မြင့်အစည်းအဝေး စတင်သည့် သောကြာနေ့တွင် တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားအနီးတွင် စစ်ရေးလေ့ကျင့်မှု တခု စတင်လုပ်ဆောင်သည်။ တရုတ်ပိုင်ဟု သတ်မှတ်ထားသည့် ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နီးကပ်သောဆက်ဆံရေးကိုလည်း ဘေ့ဂျင်းက ရှုတ်ချထားခဲ့သည်။
ထိုင်ပေနှင့် ဝါရှင်တန်အကြား ပိုမိုနီးကပ်လာသော ဆက်ဆံရေးကို ဘေ့ဂျင်းက ပိုမို ဂရုစိုက် စောင့်ကြည့်နေပြီး ထိုင်ဝမ်ကျွန်းအနီးတွင် လွန်ခဲ့သောအပတ်က အင်အားကြီးမားသည့် နှစ်ရက်ကြာ လေကြောင်းနှင့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
သောကြာနေ့က ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြားအနီးတွင် ပြုလုပ်နေကြောင်းနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေပိုင်း စစ်မျက်နှာ စစ်ဌာနချုပ်ပါဝင်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ကျောချန်းက ပြောသော်လည်းအခြား အသေးစိတ်များကို ပြောကြားခြင်းမရှိပေ။
“ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ရေလက်ကြားက လတ်တလော အခြေအနေ၊ အမျိုးသား အချုပ်အခြာကာကွယ်ရေးနဲ့ နယ်မြေတည်တံ့ရေးတို့ကို ရည်ရွယ်တဲ့ ကျိုးကြောင်းဆီလျှော်လိုအပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်” ဟု ရန်ပြောသည်။
“ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ရေလက်ကြားက လတ်တလော အခြေအနေ၊ အမျိုးသား အချုပ်အခြာကာကွယ်ရေးနဲ့ နယ်မြေတည်တံ့ရေးတို့ကို ရည်ရွယ်တဲ့ ကျိုးကြောင်းဆီလျှော်လိုအပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်” ဟု ရန်ပြောသည်။
ထိုင်ဝမ်သည် မည်သည့် ပြည်ပစွက်ဖက်မှုကိုမျှ လက်မခံသည့် တရုတ်ပြည်တွင်းရေးသက်သက်ဖြစ်ကြောင်းလည်း သူပြောသည်။
“မကြာသေးမီကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရက်တစ် တိုးတက်သောပါတီ (DPP) အာဏာပိုင်တွေဟာ သူတို့ရဲ့မသမာတဲ့ ပူးပေါင်းဆောင်းရွက်မှုကို အရှိန်မြှင့်တင်ပြီး မကြာခဏ အနှောက်အယှက်ပေးလာတယ်” ဟု ထိုင်ဝမ်အာဏာရပါတီကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။
တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ထိုင်ဝမ်ကို အသုံးချခြင်း သို့မဟုတ် မိမိအင်အားတည်ဆောက်ရန် နိုင်ငံခြားသားများကို အားကိုးခြင်းမှာ လိုရာဆွဲ စိတ်ကူးယဉ်ခြင်းဖြစ်ပြီး လမ်းဆုံးရောက်သွားမည်ဖြစ်ကြောင်းလည်း သူပြောသည်။
“မီးနဲ့ကစားတဲ့သူတွေ မီးလောင်ခံရမယ်” ဟုလည်း သူပြောသည်။
စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကိသ် ခရက်သည် ထိုင်ဝမ်သို့ ခရီးစဉ် ပထမတရက်ကို စတင်ချိန်တွင် တရုတ်နိုင်ငံမှ အထက်ပါကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။ သူ၏ခရီးစဉ်ကို သာမန်မျှသာ ထားပြီး မီဒီယာများတွေ့ဆုံပွဲများကိုလည်း စီစဉ်ထားခြင်းမရှိပေ။
သူသည် ထိုနေ့နှောင်းပိုင်းတွင် သမ္မတ ဆိုင်းအင်ဝန်နှင့်တွေ့ဆုံမည်ဖြစ်ပြီး စနေနေ့တွင် ကွယ်လွန်သူ သမ္မတ လီတန်ဟွေး အတွက် ပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်မည်ဖြစ်သည်။
ထိုခရီးစဉ်နှင့်ပတ်သက်ပြီး လိုအပ်သလို တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ခြိမ်းခြောက်ထားပြီး အမေရိကန်၊ တရုတ်နှင့် တိုင်ပေ တို့အကြား ဆက်ဆံရေးကို တင်းမာစေခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီတွင် ကျဆင်းနေသည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီတွင် ကျဆင်းနေသည်။
လွန်ခဲ့သောလက အမေရိကန် ကျန်းမာရေး ဝန်ကြီး အဲလက်စ် အဇာ ထိုင်ပေသို့ သွားရောက်လည်ပတ်စဉ်ကလည်း တရုတ်ဂျက်တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ခေတ္တ ဖြတ်ကျော်ခဲ့ပြီး လွန်ခဲ့သောအပတ်တွင်မူ တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အနောက်တောင်ဖက် ကမ်းလွန်တွင် ကြီးမားသော နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
အမေရိကန် ကျန်းမာရေး ဝန်ကြီး အဲလက်စ် အဇာသည် လွန်ခဲ့သောလက ထိုင်ဝမ်သို့ လာရောက်ခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ်တနိုင်ငံတည်းမူနှင့် ဘေ့ဂျင်းသည် တရုတ်အစိုးရဖြစ်ကြောင်း အမေရိကန်က လက်ခံခဲ့သည့် ၁၉၇၉ ခုနှစ်တွင် အမေရိကန်-ထိုင်ဝမ် တရားဝင်ဆက်ဆံရေး ရပ်ဆိုင်းပြီးနောက် ထိုင်ဝမ်သို့ လာရောက်လည်ပတ်သည့် အမေရိကန်အရာရှိများတွင် အဇာသည် အဆင့်အမြင့်ဆုံး အရာရှိဖြစ်သည်။
ပြီးခဲ့သည့်အပတ်က တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ရေလက်ကြားမှ တရုတ်နိုင်ငံ၏ လုပ်ရပ်များသည် ဒေသတည်ငြိမ်ရေးအတွက် အဓိက ခြိမ်းခြောက်မှုများဖြစ်ကြောင်း သွယ်ဝိုက်၍ ရည်ညွှန်းရင်း “ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ကာကွယ်ရန်နှင့် လွတ်လပ်မှုကို ကာကွယ်ရန် မဟာမိတ် ပြုလုပ်ရေး ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ဒီမိုကရေစီနိုင်ငံများသို့ တောင်းဆိုလိုက်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအပေါ် ၎င်းတို့၏ အချုပ်အခြာအာဏာ သက်ရောက်မှုကို လက်ခံရန် ထိုင်ဝမ်နိုင်ငံသို့ ဖိအားပေးမှုများ မြှင့်တင်လာခြင်းကြောင့် ထိုင်ဝမ်ဘက်က တုန့်ပြန်သည့် အနေဖြင့် စိတ်တူသဘောတူ ဒီမိုကရေစီ နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံပတ်သက်မှုများ ရှာဖွေလာနေသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအပေါ် ၎င်းတို့၏ အချုပ်အခြာအာဏာ သက်ရောက်မှုကို လက်ခံရန် ထိုင်ဝမ်နိုင်ငံသို့ ဖိအားပေးမှုများ မြှင့်တင်လာခြင်းကြောင့် ထိုင်ဝမ်ဘက်က တုန့်ပြန်သည့် အနေဖြင့် စိတ်တူသဘောတူ ဒီမိုကရေစီ နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံပတ်သက်မှုများ ရှာဖွေလာနေသည်။
ယခုအပတ်အတွင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ထိုင်ဝမ်ထိပ်တန်း သံတမန်နှင့် နယူးယောက်တွင် နေ့လည်စာစားသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးက ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး အပြင်းအထန်ကန့်ကွက်ခဲ့ကြောင်းကြေညာသည်။
အမေရိကန်ပြည်ထောင်စုသည် အခြားသော နိုင်ငံအများအပြားကဲ့သို့ပင် တရုတ်နိုင်ငံနှင့်သာ တရားဝင်ဆက်ဆံရေးရှိပြီး ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်ကို လက်နက်အဓိကရောင်းချသူနှင့် နိုင်ငံတကာတွင် အရေးပါသော ထောက်ခံသူဖြစ်သည်။
တချိန်တည်းတွင်ပင် တရုတ်နှင့် အမေရိကန်အကြားတွင် ကုန်သွယ်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာ၊ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ် အပါအဝင် ပြဿနာများကြောင့် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးတွင် တင်းမာမှု မြင့်မားနေသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ စတင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုယိုယွင်းလာသည်။
ကိုးကား။ ။ Reuter၊ Nikkei Asian Review
You may also like these stories:
“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း
စင်ကာပူက တရုတ်တို့၏ သူလျှိုလုပ်ငန်း
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ