အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကိုဗစ် – ၁၉ ရောဂါပျံ့နှံ့မှုကြောင့် ရောဂါပိုးကူးစက်ခံရသူဦးရေ နေ့စဉ်နှင့်အမျှ ထပ်တိုးလျက်ရှိပြီး လူသေဆုံးမှုလည်း ရှိလာကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွက် ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူ ၆ ဦးထပ်တိုးခဲ့ပြီး ကိုဗစ် – ၁၉ကြောင့် သေဆုံးသူ ၁ ဦး၏ စာရင်းမှာ စက်တင်ဘာ ၂၀ ရက်နေ့တွင် ပါဝင်လာခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူမှာ နေပြည်တော်ရှိ စက်မှုလယ်ယာဦးစီးဌာနမှ လွန်ခဲ့သည့် ၂ လခန့်ကမှ အငြိမ်းစားယူထားသူ ဒုတိယ ညွှန် ကြားရေးမှူးချုပ် အဆင့်ရှိသည့် အငြိမ်းစားဝန်ထမ်းအမျိုးသား ၁ ဦးဖြစ်ပြီး မိမိတိုက်ခန်း နေအိမ်တွင် နေထိုင်နေစဉ် သတိ မေ့မျောသွားသောကြောင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် – ၁၀၀၀ သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက“ဇမ္ဗူသီရိမြို့နယ်ထဲက အငြိမ်းစားဝန်ထမ်းပေါ့နော်။ သူကဖျားတယ်ဆိုပြီးတော့ ဆေးရုံကိုရောက်တယ်။ ရောက်လာတဲ့အချိန်မှာပဲ သူက ဆုံးသွား တယ်။ အဲဒါနဲ့ သေဆုံးလူနာ ရောက်ရှိတဲ့အတွက် Swab ယူလိုက်တာ။ ယူလိုက်တော့ အဲဒါ Positive ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသူနေထိုင်ခဲ့သည့် ဝန်ထမ်းအိမ်ရာကိုလည်း အသွားအလာကန့်သတ်လိုက်ပြီး ယင်းဝန်ထမ်းအိမ်ရာ တွင် နေထိုင်နေသည့် အစိုးရ ဝန်ထမ်း ၁၅ ဦးကိုလည်း Stay at Home နေထိုင်ရန် ညွှန်ကြားကြောင်းသိရသည်။
သေဆုံးသူမှာ ဆေးရုံသို့ရောက်လာစဉ် သေဆုံးခဲ့ခြင်းသာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ကုတင်-၁၀၀၀)တွင် ဆေးကုသမှုခံယူနေသူ လူနာများအားလုံး ကျန်းမာရေး အခြေအနေများကောင်းမွန်ပြီး ရောဂါ သက်သာပျောက်ကင်းသောကြောင့် ဆေးရုံဆင်းရသူများလည်း ရှိနေပြီဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းပြသည်။
ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းအထိ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုမှာ ဇမ္ဗူသီရိမြို့နယ် တွင် ၄၈ ဦး၊ ဒက္ခိဏသီရိတွင် ၈ ဦး၊ ဥတ္ကရသီရိတွင် ၇ ဦး၊ ပုဗ္ဗသီရိ ၆ ဦး၊ ဇေယျာသီရိတွင် ၁ ဦး၊ ပျဉ်းမနားတွင် ၄ ဦး၊ လယ်ဝေးတွင် ၁ ဦးနှင့် တပ်ကုန်းမြို့နယ်တွင် ၁ ဦးတို့ဖြစ်ပြီးစုစုပေါင်း ၇၆ ဦးထိရှိလာပြီဖြစ်သည်။
ကိုယ်က Mask ပါမှလုံခြုံမယ်။ Mask ကိုလည်း စနစ် တကျတပ်မှ၊ တချို့က နှာခေါင်းဖော်ထားတယ်။ တချိုက မေးစေ့ချိတ်ထားတယ်။ အဲတာဆိုရင် မတပ်တာနဲ့ အတူတူ ပါပဲ
ယင်းလူနာ ၇၆ ဦးအနက် လက်ရှိဆေးရုံတွင်တက်ရောက်ကုသနေသူ ၆၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၄ ဦးနှင့် သေဆုံး ၁ ဦးတို့ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားသူများတွင် အစိုးရဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု အများဆုံးပါဝင်ပြီး သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာကဲ့သို့ နိုင်ငံတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန် ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့လည်း ကူးစက်မှုခံရမှုများ ရှိနေသည်။
ကူးစက်ခံရသူများနေထိုင်သည့် ဝန်ထမ်းအိမ်ရာတချို့ကိုလည်း အသွားအလာကန့်သတ်ထားပြီး ထိစပ်မှုရှိသော ဝန်ထမ်း တချို့ မှာ ထိုသို့ကန့်သတ်ထားသည့် ဝန်ထမ်းအိမ်ရာတွင်သာ နေထိုင်စေခြင်း (Stay at Home) အစီအစဉ်ဖြင့် အပြင် မထွက်ရဘဲ နေထိုင်နေရသည်ဟု သိရသည်။
“ကိုဗစ်ကြီးကတော့ စိုးရိမ်စရာပဲ။ မိသားစုလိုက်တောင်မဟုတ်ဘူး တယောက်ချင်းစီကို ကာကွယ်မှအဆင်ပြေမှာ ဘယ်လို ပဲဖြစ်နေပါစေ၊ မထွက်ရဆိုရင် မထွက်တာအကောင်းဆုံးပဲ။ အိမ်ထဲမှာနေတာတော့အကောင်းဆုံးပဲ။ တနေ့တနေ့ လူနာ တွေကလည်းတိုးလာတာ သတင်းကြည့်နေရတော့ နေရာတိုင်းကိုမဖြစ်စေချင်ဘူး” ဇမ္ဗူသီရိမြို့နယ်အတွင်း အသွားအလာ ကန့်သတ်ခံထားရသည့် ဝန်ထမ်းအိမ်ရာတွင်နေထိုင်နေရသူ အစိုးရဝန်ထမ်းတဦးက ပြောသည်။
နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့မှုရှိသူများ (Contact) အဖြစ် အသွားအလာကန့် သတ်စောင့်ကြည့်ထားသူ ၅၀၀ ကျော်ရှိပြီး၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများ၊ ဆေးရုံနှင့် လုံခြုံရေး တပ်ဖွဲ့ ခွဲများတွင် အသွားအလာကန့်သတ်ထားသူဦးရေမှာလည်း ၁၂၀၀ ခန့်ရှိကြောင်း နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အစိုးရဝန်ထမ်းများ ကူးစက်ခံရမှုများလာသည့် နောက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက နေပြည် တော်ရှိ ဝန်ကြီးဌာနများရှိ အစိုးရဝန်ထမ်းများ ရောဂါပိုးကူးစက်မှုလျော့နည်းစေရန်အတွက် ရုံးလုပ်ငန်းလည်ပတ်မှုတွင် တာဝန်ထမ်းဆောင်နေရမည့် အစိုးရဝန်ထမ်းများကို ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။
နေပြည်တော်သည် ပြည်ထောင်စုနယ်မြေဖြစ်သောကြောင့် အဝင်အထွက်ကန့်သတ်မှုများပြုလုပ်ထားသည့်အပြင် ဝန်ကြီး ဌာန ရုံးလုပ်ငန်များတွင်လည်း လူအများစုပြုံမသွားစေရန် ရုံးတဝက်တက် တဝက်ဆင်း စနစ်ကျင့်သုံးခြင်း၊ ရုံးဌာနများတွင် ဧည့်သည်တွေ့ဆုံခြင်းမပြုရန်၊ ဝန်ထမ်းများမလိုအပ်ဘဲ ပြင်ပခရီးများမသွားရန် စသဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်ရန် အတွက် စည်းကမ်းချက်များထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်များအတိုင်း လိုက် နာစေလိုပြီး လူစုလူဝေရှောင်ရှားခြင်း၊ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်း၊ လက်ဆေးခြင်း စသည့်အချက် (၃)ချက်ကို အဓိက လိုက်နာသင့်သည်ဟု ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအသင်း ဥက္ကဌ ဒေါက်တာ ပေါ်မြင့်ဦးက ပြောသည်။
ဒေါက်တာပေါ်မြင့်ဦးက “မဖြစ်မနေထွက်ပြီဆိုရင် ၆ ပေတောင်မခွာနိုင်ရင်ကူးဖို့များတယ်။ တချို့နေရာတွေမှာ ကိုယ်က ခွာနေပေမယ်လို့ အမှတ်တမဲ့ ကိုယ့်နားကပ်လာတာတွေရှိတယ်။ ကိုယ်က Mask ပါမှလုံခြုံမယ်။ Mask ကိုလည်း စနစ် တကျတပ်မှ၊ တချို့က နှာခေါင်းဖော်ထားတယ်။ တချိုက မေးစေ့ချိတ်ထားတယ်။ အဲတာဆိုရင် မတပ်တာနဲ့ အတူတူ ပါပဲ”ဟုပြောသည်။
ထို့ပြင် ယခုကပ်ရောဂါမှာ ကာလကြာရှည်နိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် ရေတိုအတွက် ပြင်ဆင်ခြင်းထက် ရေ ရှည်တွင် ခံနိုင်ရည်ရှိရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကျန်းမာရေးအလေ့အကျင့်ကောင်းများကို သေချာစွာ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ပွားစဉ်က နေပြည်တော်တွင် ကာရာအိုကေများ၊ အနှိပ်ခန်းများဖွင့်လှစ်ခြင်းမပြုရန် စားသောက် ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များကို ကိုဗစ် အကာကွယ်များ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ ပြန်လည်ဖွင့်လှစ်စေခဲ့သည်။
ထိုစဉ်က နိုင်ငံခြားမှပြန်လာသော ဆွစ်ဇာလန်နိုင်ငံသူတဦးမှာ နေပြည်တော်အတွက် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံခြားမှ ပြန်လာသော တပ်မတော်သား များထဲမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအချို့လည်း ထွက်ပေါ်ခဲ့သည်။
ယခုဒုတိယလှိုင်းဖြစ်နေစဉ် မြို့အဝင်အထွက်များကိုကန့်သတ်ထားသော်လည်း လူများစည်ကားလေ့ရှိသော လက်ဖက်ရည် ဆိုင်များ၊ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားစေပြီး ယနေ့အချိန်ထိ ပါဆယ် စနစ်ကျင့်သုံးရန် သက်ဆိုင်ရာက ညွှန်ကြားထားခြင်းမရှိသော်လည်း တချို့ ဆိုင်များမှာ ပါဆယ်စနစ်ကို နေပြည်တော်တွင် စတင်ကျင့်သုံးမှုများ ရှိလာသည်
နေပြည်တော်ပြည်ထောင်စုနယ်မြေကို ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရီ၊ ဥတ္တရသီရီ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ မြို့နယ် ၈ ခု၊ ထိုမြို့နယ် ၈ ခုကို ၄ မြို့နယ်စီခွဲကာ ဒက္ခိဏခရိုင်နှင့်ဥတ္တရခရိုင်ဟူ၍ ခရိုင် ၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအထိ မည့်သည့်မြို့နယ်ကိုမှ Stay at Home အဖြစ် ကြေငြာထားခြင်းမရှိသေးပါ။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့ စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက်များကိုထုတ်ပြန်ထားပြီး တချို့ တားမြစ်ချက်များကို ဖြေလျော့၍ လအလိုက်တဖြည်းဖြည်း သက်တမ်းတိုးမြှင့်ခြင်းများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၅၈၀၅ ဦး၊ သေဆုံး ၉၄ ဦးနှင့် ပြန်လည်သက်သာလာသူ ၁၂၆၀ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းများ အရှုံးနှင့် ဆက်လက် ရုန်းကန်နေရ
တပ်မတော်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၄၆ ဦးရှိ
နှာခေါင်းစည်းက ကာကွယ်ဆေးထက် ပိုစွမ်းတယ်ဟု အမေရိကန် CDC ဆို