• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရန်ကုန် Stay at Home အမိန့်ကြောင့် သတင်းစာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဖို့ အခက်ကြုံ

by ကျော်မျိုး
22 September 2020
in စီးပွားရေး
A A
ရန်ကုန် Stay at Home အမိန့်ကြောင့် သတင်းစာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဖို့ အခက်ကြုံ
10.1k
VIEWS
Share on FacebookShare on Twitter

ကျန်းမာရေး ဝန်ကြီးဌာန၏ ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များအားလုံး (Stay at Home) နေ အိမ်တွင် နေထိုင်ရမည့် အမိန့်ကြောင့် ပုံမှန် လည်ပတ်နေသည့် သတင်းစာလုပ်ငန်းများ အခက်ကြုံနေရပြီး တချို့ လုပ်ငန်း များမှာ ယာယီ ရပ်နားလိုက်ရပြီ ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ယင်းအမိန့်အရ လုပ်ငန်း လည်ပတ်ခွင့်ပြုထားသည့် ပုဂ္ဂလိလုပ်ငန်းများ စာရင်းတွင် သတင်းစာမီဒီယာလုပ်ငန်းများ မပါဝင် သည့်အတွက် လုပ်ငန်း ဆက်လက်လည်ပတ်ရန် အခက်အခဲ ဖြစ်နေရ ကြောင်း သတင်းစာ လုပ်ငန်းများကို ဦးဆောင်နေ သူများက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
637
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
669

ယခုကဲ့သို့ Stay at Home သတ်မှတ်လိုက်သဖြင့် အွန်လိုင်းသတင်း လုပ်ငန်းများအနေဖြင့် နေအိမ်မှ ဆောင်ရွက်၍ ရ သော်လည်း ပုံနှိပ်သတင်းစာများ အနေဖြင့် သတင်းရယူခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မလုပ်ဆောင်နိုင်တော့ ပေ။

ထို့ကြောင့် ပုဂ္ဂလိက သတင်းစာများ ဖြစ်သည့် စံတော်ချိန်၊ The Voice Daily သတင်းစာ၊ မြန်မာတိုင်း(မ်) သတင်းစာ တို့မှာ ယာယီ ရပ်နားတော့မည် ဖြစ်ပြီး 7 Days သတင်းစာမှာ ရပ်နားရန် စဉ်းစားနေရပြီ ဖြစ်ကြောင်း ယင်းဌာနမှ တာဝန် ရှိသူများထံမှ သိရသည်။

စံတော်ချိန်နေ့စဉ် သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေးက“Stay at Home အပြင် မထွက်ရဘူးဆိုတော့ သတင်းရယူတဲ့ အပိုင်းတွေရော သတင်းခန်း စီမံခန့်ခွဲမှုတွေမှာ လုပ်လို့ မရတာတွေရှိတော့ ဒီကြေညာချက်အရ Print အနေနဲ့ ဆက်ပြီး ထုတ်ဖို့ အခက်အခဲ ရှိတာပေါ့။ ဥပမာ ပုံနှိပ်စက်ဆိုရင်လည်း ရပ်ထားရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် စံတော်ချိန် နေ့စဉ် သတင်းစာ ထုတ်ဝေမှုကို ယာယီ ရပ်နားသွားမည်ဖြစ်ပြီး ပြောင်းလဲလာမည့် အခြေအနေပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မြန်မာတိုင်း(မ်) သတင်းစာ ဒုတိယ အယ်ဒီတာချုပ် ဦးထွန်းထွန်းဦးကလည်း လက်ရှိ အခြေအနေများအရ မြန်မာတိုင်း (မ်) သတင်းစာကို ၂ ပတ်ရပ်နားရန် ဆုံးဖြတ်လိုက်ကြောင်း၊ ဝန်ထမ်းများက ကျန်ရှိသည့် အွန်လိုင်း အလုပ်များအတွက် Work From Home ပုံစံဖြင့် အလုပ်လုပ်မည် ဖြစ်ကြောင်း ပြောသည်။

“ပုဂ္ဂလိကမီဒီယာတွေမှာ ဝန်ထမ်းတွေရှိတယ်လေ။ အဲဒီဟာတွေကို ဘယ်လိုစဉ်းစားပေးမလဲ၊ ပုဂ္ဂလိက ဆိုပေမယ့် ကုမ္ပဏီ တို့ ဘာတို့ဆိုပေမယ့် အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ အစိုးရရဲ့ ညွှန်ကြားချက် အောက်မှာပဲ ကျနော်တို့က လုပ်နေရတာလေ။ အခက်အခဲကတော့ ဖြစ်တာပေါ့”ဟု ၎င်းက ပြောသည်။

သတင်းစာလုပ်ငန်းများအား အစိုးရက ဦး စားပေးလုပ်ငန်းအဖြစ် သတ်မှတ်၍ လည်ပတ်ခွင့်ပြုမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခု အမိန့်အရ ဆက်လက် ဆောင် ရွက်ရန် အခက်အခဲများရှိနေရာ နေ့စဉ်ထုတ်သတင်းစာမှာ ရပ်နားရမည့် အခြေအနေဖြစ်နေကြောင်း ပြောသည်။

7 day နေ့စဉ်ထုတ် သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးအားမာန်ကလည်း သတင်းစာလုပ်ငန်းများအား အစိုးရက ဦး စားပေးလုပ်ငန်းအဖြစ် သတ်မှတ်၍ လည်ပတ်ခွင့်ပြုမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခု အမိန့်အရ ဆက်လက် ဆောင် ရွက်ရန် အခက်အခဲများရှိနေရာ နေ့စဉ်ထုတ်သတင်းစာမှာ ရပ်နားရမည့် အခြေအနေဖြစ်နေကြောင်း ပြောသည်။

ဦးအားမာန်က“ကျနော်တို့ တလျှောက်လုံးမှာ ဒီလိုအနေအထားမျိုး ဒီလိုအခက်အခဲမျိုး တခါမှ မကြုံဖူးပါဘူး။ ကျနော်တို့က တော့ တကယ်လို့ ဈေးကွက်က ရောင်းပေးလို့ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ကျနော်တို့ နားလိုက်မယ်ပေါ့နော်”ဟု ပြော သည်။

ယခု သတင်းဌာနများသည့် ၎င်းတို့၏ နေ့စဉ်ထုတ် သတင်းစာများကို ရပ်နားလိုက်ရသော်လည်း အွန်လိုင်းမှ သတင်းများ ဆက်လက် တင်ပြခြင်းကိုမူ ပုံမှန်အတိုင်း ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

The Voice နေ့စဉ် သတင်းစာမှာလည်း Stay at Home အမိန့်က ဌာန ဝန်ထမ်းများ၏ အခြေအနေနှင့် သယ်ယူ ပို့ဆောင် ရေး လုပ်ငန်းများ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ သတင်းစာ ထုတ် ဝေမှုကို ရပ်နားထားရမည်ဟု သိရသည်။

The voice သတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးကျော်စွာစိုးက“သတင်းစာထုတ်ဝေမှု ရပ်နားပါတယ်။ အွန်လိုင်းကတော့ ဆက်သွားပါမယ်။ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာကတော့ အောက်တိုဘာလ ၁ ရက်လောက်မှာ ကြေညာနိုင်မယ်”ဟု ပြော သည်။

ကိုဗစ်ရောဂါပိုး အခြေအနေကြောင့် အများနည်းတူ အခက်အခဲများကြုံနေသော်လည်း သတင်းများ ပုံမှန်တင်ဆက်နိုင်အောင် ကြိုးစားလုပ်ဆောင်နေရကြောင်း The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက ပြောသည်။
သို့သော် ၎င်းတို့၏ သတင်းစာထုတ်ဝေမှု ရပ်နားရန် အစီအစဉ်ရှိမရှိကိုမူ အသေးစိတ် မသိရသေးပေ။

Stay at Home အမိန့်ကြောင့် ရန်ကုန်မြို့ တွင် သတင်းသမားများ အပြင်ထွက် သတင်းရယူနိုင်ရေးအတွက်ပါ အခက်အခဲ များ ရှိနေသဖြင့် ပြည်သူများ သတင်းအချက်အလက်မှန် ရရှိနိုင်ရေးအတွက်ပါ ထိခိုက်မှုများ ရှိလာနိုင်သည်ဆိုသော သုံး သပ်မှုများလည်း ရှိနေသည်။

“ဒီလိုအရေးကြီးတဲ့ကာလမှာ ပုံမှန်ပုံနှိပ်မီဒီယာတွေက ထွက်မသွားဘူးဆိုရင် သတင်းမှားတွေကို တိုက်ဖျက်တဲ့ နေရာမှာ သတင်းအချက်အလက်အမှန်တွေကို ပေးတဲ့နေရာမှာ အားနည်းသွားမလားဆိုပြီး စိုးရိမ်ပူပန်တာ ရှိသလို နောက်ကျနော်တို့ သတင်းခန်းတွေ ရပ်တည်ရေးပေါ့”

“ဒီလိုအရေးကြီးတဲ့ကာလမှာ ပုံမှန်ပုံနှိပ်မီဒီယာတွေက ထွက်မသွားဘူးဆိုရင် သတင်းမှားတွေကို တိုက်ဖျက်တဲ့ နေရာမှာ သတင်းအချက်အလက်အမှန်တွေကို ပေးတဲ့နေရာမှာ အားနည်းသွားမလားဆိုပြီး စိုးရိမ်ပူပန်တာ ရှိသလို နောက်ကျနော်တို့ သတင်းခန်းတွေ ရပ်တည်ရေးပေါ့”ဟု 7 Days သတင်းစာ၏ အယ်ဒီတာချုပ် ဦးအားမာန်က ပြောသည်။

သတင်းစာတိုက်များသည် ပုံမှန် သတင်းစာဂျာနယ် ရောင်းရငွေမျိုးနှင့် လုပ်ငန်းများ လည်ပတ်နေခြင်း ဖြစ်၍ ယခုလို လုပ်ငန်း ရပ်နားရမည် ဆိုပါက ဝင်ငွေနှင့် အတူ ကြော်ငြာ ဝင်ငွေများပါ လျော့ကျသွားနိုင်ကြောင်း၊ ရေရှည် ရပ်နားရမည် ဆိုပါက သတင်းစာတိုက်ရှိ ဝန်ထမ်းများနှင့် သတင်းဌာန၏ ရပ်တည်ရေး အခက်အခဲ ရှိနိုင်ကြောင်း ဆိုကြသည်။

“အခုအနေအထားက မနက်ဖန်တော့ ထွက်လို့ရမယ်ဆိုတော့ ထွက်ဖို့ လုပ်နေတယ်။ နောက်ရက်တွေ အခြေအနေကတော့ ဘာမှန်းကို မသိဘူးဖြစ်နေပါတယ်။ ကိုယ်စားလှယ်တွေရဲ့ အပြောအရဆိုရင် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၂၃ ကနေ စပြီး အောက်တိုဘာလဆန်းလောက်အထိ နားရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်”ဟု ဦးအားမာန်က မနေ့က ဧရာဝတီသို့ ပြောသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများ အနေဖြင့် လက်ရှိတွင် Work From Home သာ လုပ်ရမည် ဖြစ်ပြီး မဖြစ်မနေ သွားရန် လိုအပ်ပါက ကျန်းမာရေး စည်းမျဉ်းနှင့်အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများကို အကြောင်း ကြားပြီး ဆောင်ရွက်ရန် လိုကြောင်း ပြောသည်။

“သတင်းယူမယ်ဆိုရင်လည်း အွန်လိုင်းနဲ့ ၊ ဖုန်းနဲ့ ဆက်သွယ်ပြီ အမေး၊ အဖြေလုပ်တာမျိုးပဲ လုပ်ရမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ယခုအခြေအနေကြောင့် သတင်းမီဒီယာ လုပ်ငန်းများ အခက်ကြုံနေရသည့်အပေါ် ကူညီဖြေရှင်းပေးရန် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ထံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မနေ့က အကူအညီ တောင်းခံလိုက်သည်။

ရွေးကောက်ပွဲစည်းရုံးရေးကာလတွေမှာ သတင်းအမှန်တွေစီးဆင်းဖို့ပေါ့နော်။ ကိုဗစ်ကာလမှာ စီးဆင်းဖို့ လိုအပ်တယ်။ ဒါ ကြောင့်မိုလို့ ဒီလို မစီးဆင်းရင် ကောလာဟလသတင်းတွေ သတင်းမှားတွေ ပိုမိုပြန့်သွားနိုင်တယ်

“ရွေးကောက်ပွဲစည်းရုံးရေးကာလတွေမှာ သတင်းအမှန်တွေစီးဆင်းဖို့ပေါ့နော်။ ကိုဗစ်ကာလမှာ စီးဆင်းဖို့ လိုအပ်တယ်။ ဒါ ကြောင့်မိုလို့ ဒီလို မစီးဆင်းရင် ကောလာဟလသတင်းတွေ သတင်းမှားတွေ ပိုမိုပြန့်သွားနိုင်တယ်။ ဒါကြောင့်မိုလို့ အခုလို Home Stay ကာလမှာ မီဒီယာလုပ်ငန်းတွေကို အခုနက ထုတ်ပြန်ခဲ့တဲ့အထဲမှာ ထည့်သွင်းပေးဖို့ မေတ္တာရပ်ခံ စာပို့ တယ်”ဟု ကောင်စီ၏ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်အရ ကင်းလွတ်ခွင့်တွင် ထည့်သွင်းပေးထားသည့် လုပ်ငန်းများမှာ ဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ပါဝင်သည်။

ထို့ပြင် ရေသန်ု့ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာ ဝန်ထမ်းဆောင်ရန် သွားရောက်သူများမှလွဲ၍ အဖွဲ့အစည်းများ ကုမ္ပဏီများအနေဖြင့် နေအိမ်မှ လုပ်ငန်းဆောင်ရွက်ရန် ဟူ ၍ ဖြစ်သည်။

မြန်မာနိုင်ငံသို့ ကိုဗစ်ကပ်ရောဂါ ရောက်ရှိလာပြီး နောက်ပိုင်းတွင် သတင်းစာတိုက် အများစုသည် ဝင်ငွေ လျော့ကျလာပြီး နောက် ဆက်လက် ရပ်တည်နိုင်ရေး အခက်အခဲများ ရှိသဖြင့် ဝန်ထမ်းများ လျော့ချခြင်း၊ လစာများ လျော့ချခြင်းတို့ ပြုလုပ် ခဲ့ရသည်။

ထို့အတူ ၂၀၂၀ ခုနှစ်၊ မတ်လနောက်ပိုင်းတွင် သတင်းထောက်၊ ရုပ်သံ သတင်းထောက်၊ ဓါတ်ပုံ သတင်းထောက်၊ ကော်ပီ အယ်ဒီတာ၊ ဘာသာပြန် အယ်ဒီတာ စသည့် သတင်းသမား စုစုပေါင်း ၁၀၀ ကျော် အလုပ် ရပ်ဆိုင်းခံခဲ့ရသလို ယခုအခါ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရသူ သတင်းသမား အနည်းဆုံး ၅ ဦးအထိ ရှိနေပြီ ဖြစ်သည်။

You may also like these stories:

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို

ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ

Your Thoughts …
Tags: Stay at homeကိုဗစ် ကာလကျန်းမာရေး ဝန်ကြီးဌာနရန်ကုန်သတင်းစာ လုပ်ငန်း
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.4k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.7k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
28 November 2023
8.2k

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များက သံချပ်ကာယာဉ်များဖြင့် ဟန်ရေးပြခြင်း၊ စစ်ယာဉ် တန်းများ နံနက်နှင့် ညပိုင်းတို့၌ တကြိမ်စီ ကင်းလှည့်ခြင်း၊ ရဲစခန်းနှင့်ဌာနဆိုင်ရာ အဆောက်အအုံများအတွင်း အင်အား ဖြည့်တင်းကာ တပ်စွဲမှုများရှိ

Next Post
နာမည်ကျော် အစီအစဉ် တင်ဆက်သူ Ellen DeGeneres

အစီအစဉ် နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့သမျှအတွက် Ellen DeGeneres တောင်းပန်

ဗြိတိန်မှာ ကူးစက်မှု အသစ်တွေကြောင့် စည်းမျဉ်းအသစ်တွေ ထပ်တိုးဖို့ စီစဉ်နေတာပါ။

UK မှာ ကိုဗစ် ကူးစက်မှု မြင့်တက်လာတာကြောင့် ဒုတိယအကြိမ် Lockdown ဖြစ်နိုင်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate