• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Quarantine Center များတွင် အဆင့်မြင့်ပညာ ကဏ္ဍမှ ဝန်ထမ်းများ ပါဝင်ကူညီနိုင် ဟုဆို

by ဇင်လင်းထက်
25 September 2020
in သတင်း
A A
သုဝဏ္ဏ အားကစားကွင်းရှိ COVID-19 ရောဂါကုသရေးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန် ထမ်းများ  / မျိုးမင်းစိုး / ဧရာဝတီ

သုဝဏ္ဏ အားကစားကွင်းရှိ COVID-19 ရောဂါကုသရေးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန် ထမ်းများ / မျိုးမင်းစိုး / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

တက္ကသိုလ်များရှိ Quarantine Center များ၌ အဆင်မြင့်ပညာ ကဏ္ဍရှိ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် ဝန်ထမ်းများ ပါဝင် အကူအညီပေးလိုပါက မိမိဆန္ဒအလျှောက် ပါဝင်နိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက စက်တင် ဘာလ၂၃ ရက်တွင် ညွှန်ကြားလိုက်သည်။

မိမိတို့ဆန္ဒအလျှောက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ အပါအဝင် ပရဟိတ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်လိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည် ဟု အဆင့်မြင့် ပညာဦးစီးဌာန၏ ညွှန် ကြားချက်တွင် ဖော်ပြထားသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
51
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
588
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
184

အဆင့်မြင့်ပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက “သူတို့ Volunteer လုပ်ချင်လို့ ကျနော့်ဆီ ပါးစပ်နဲ့ ခွင့်တောင်းနေတာတွေကို ကိုယ့်ဖာသာကိုယ် လုပ်လို့ ပြောတာ။ သူတို့ ဆန္ဒရှိရင် လုပ်ကြပါပေါ့။ ကျနော်တို့ကို အကြောင်း ကြားနေရင် အချိန်ကြာနေမှာစိုးလို့ ဆန္ဒရှိရင် လုပ်ကြပါလို့ တရားဝင် အသိပေးထားတာ” ဟု ဧရာဝတီသို့ပြောသည်။

ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် ဝန်ထမ်းများသည် ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကာလတွင် မည်သည့် နေရာ မဆို မိမိဆန္ဒအလျှောက် ပါဝင်ကူညီနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန် အဝေးသင် တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူကလည်း အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားချက်သည် ခွင့်ပြုသင့်သည့် အကြောင်းအရာ ဖြစ်သဖြင့် ညွှန်ကြားချက်ကို ကြိုဆိုကြောင်း ပြောသည်။

“တခုခု လုပ်တိုင်းလုပ်တိုင်းမှာ ဆရာ၊ ဆရာမတွေက အ.ဆ.ည ကို တော်တော်များများ အကြောင်းကြားရလေ့ ရှိတယ်။ အကြောင်းမကြားဘဲ လုပ်တာသိရင် အရေးယူခံရနိုင်တယ်။ ကိုဗစ်ကာကွယ်ရေး ခေါင်းစဉ်နဲ့ဆိုရင် ပြောရမယ်ဆိုရင် ခွင့်ပြု ချက်မရှိဘဲ လုပ်ခွင့်ရှိတယ် ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်ဆိုပြီး ညွှန်ကြားလိုက်တာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနသည် ပထမအကြိမ် ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာသဖြင့် ပြီးခဲ့သည့် မတ်လ ၂၄ ရက်က တည်းက တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီ ကောလိပ်များ၌ ကျင်းပနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယာယီရပ်နား ကာ ကျောင်းများ ပိတ်လိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

တနိုင်ငံလုံးရှိ တက္ကသိုလ်အများစုတွင်လည်း ကိုဗစ်ရောဂါ သံသယ လူနာများထားရာ Quarantine Center များအဖြစ် ဖွင့် လှစ်ထားပြီး တက္ကသိုလ် ဆရာ၊ ဆရာမ အများစုသည်လည်း လက်ရှိတွင် နေအိမ်မှတဆင့် အလုပ် လုပ်နေကြသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “တက္ကသိုလ်တွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ပဋိဉာဉ်တွေ ဆွဲဖို့ ဆွေးနွေးကြတာတွေ ရှိတယ်။ နောက်တခါ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ဆရာအရည်အသွေး မြှင့်တင်တဲ့ သင်တန်းကို အွန်လိုင်းကတဆင့် ဆရာ၊ ဆရာမတွေ တက်နေတာရှိတယ်။ ကိုဗစ် တိုက်ဖျက်ရေး အတွက်ကတော့ ဆရာ၊ ဆရာမတွေက Quarantine Center တွေ လိုအပ်တာ ပံ့ပိုးနိုင်ဖို့ အလှူငွေ ကောက်နေတာတွေ ရှိတယ်။ ဒါတွေကို အဆင့်မြင့် ပညာကို ခွင့်ပြုချက် တောင်းစရာ မလိုဘဲ ပါဝင်လို့ ရတယ်ဆိုတဲ့ သဘောလို့ ထင်တယ်” ဟု ပြောကြားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန၏ ညွှန်ကြားချက်ကြောင့် Quarantine Center များတွင် အဆင့်မြင့်ပညာကဏ္ဍရှိ ပညာရေး ဝန် ထမ်းများ မိမိဆန္ဒအလျှောက်ပါဝင် ကူညီမှုများ လာနိုင်ခြင်း ရှိမရှိဆိုသည့် အခြေအနေမှာကား ခန့်မှန်းရ ခက်ခဲကြောင်း ၎င်း က ဆက်လက် ပြောဆိုသည်။

“စင်တာတွေမှာ လူကိုယ်တိုင် ပါဝင်ကူညီတဲ့သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီအလုပ်က တခြား သဘာဝ ဘေးလိုဟာမျိုးမှာ ကူညီတာမျိုးနဲ့ မတူဘူး။ ကိုယ်လည်း အကူးခံရနိုင်သလို၊ ကိုယ်က ရောဂါဖြန့်သလိုလည်း ဖြစ်နိုင်တယ်။ သေချာစနစ်တကျ တတ်သိ နားလည်အောင် သင်ကြားပြီးမှ လူကိုယ်တိုင် ပါဝင်တာ ပိုကောင်းလိမ့်မယ် ထင်တယ်” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီတွင် ထုတ်ပြန်သည့် အချက်အလက်များ အရ မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၇၈၂၇ ဦးရှိပြီး သေဆုံးသူ ၁၃၃ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။ ရောဂါပိုး ကူးစက်ခံထားရသူများထဲတွင် ကျန်းမာရေး ဝန်ထမ်းများပင် ပါဝင်နေသည်။

ထို့ပြင် ပိုးတွေ့ လူနာများ ပိုမိုများပြားလာသောကြောင့် Quarantine Center များတွင် လုပ်အားပေးနေသည့် စေတနာ့ ဝန် ထမ်းများမှာလည်း ယခင်ကထက် ပိုမိုပင်ပန်းစွာ ဝန်ဆောင်မှု ပေးနေရပြီး အထွေထွေကဏ္ဍ၊ ဆေးဝါးကျွမ်းကျင်နှင့် နည်းပ ညာ ကျွမ်းကျင်ကဏ္ဍများအတွက် စေတနာ့ ဝန်ထမ်းများ ပိုမို လိုအပ်နေကြောင်း Quarantine Center များရှိ စေတနာ့ ဝန် ထမ်းအချို့ထံမှ သိရသည်။

You may also like these stories:

ရိုးမရိပ်သာစင်တာ လိုအပ်ချက်များ အမြန် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတိပေး

ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ပိုး ကူးစက်ခံထားရ

Your Thoughts …
Tags: Quarantine Centervolunteerပညာရေးကဏ္ဍ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

အလှမယ် Lဘောက်နူး  / L Bawk Nu's Facebook

ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး

by ချစ်ပိုး
20 December 2020
3k

“မတတ်သာလို့ အလုပ်တွေ လုပ်လို့ ထွက်ရတယ်။ စားဝတ်နေရေးကြောင့် ထွက်ရတယ်။ အဲ့ဒါဆိုလည်း Mask တပ်မယ်။ Hand gel တွေ ကိုင်ထားစေချင်တယ်။

ယခုလာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပညာရေး အသုံးစရိတ် တောင်းခံမှုမှာ ၈ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသည် / ဧရာဝတီ

ပညာရေး ချေးငွေများကို အကျိုးရှိရှိ အသုံးပြုရန် တပ်မတော်သား ကိုယ်စားလှယ် ပြော

by မိုးမိုး
8 November 2019
20.1k

မြန်မာ့ပညာရေး ကဏ္ဍအတွက် နိုင်ငံတကာမှ ချေးယူသော ငွေများကို အမှန်တကယ် အကျိုးရှိရှိ အသုံးပြုရန် လိုအပ် သည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော်တွင် သတိပေး ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်ဝင်လာသော ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အပူချိန်တိုင်းနေကြသော သူနာပြုသင်တန်းသူများ / အောင်သီဟ  / ဧရာဝတီ

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ

by စမ်းယမင်းအောင်
29 March 2020
12.9k

မြန်မာနိုင်ငံဆရာဝန်များ အသင်းသည် ဆေးဝန်ထမ်းများနှင့် ဆေးဖက်ဆိုင်ရာ မဟုတ်သော ပြင်ပ စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်နေသည်။

မတ်လထိ ကျောင်းဖွင့်မည့်အပေါ် ကန့်ကွက်သည့် ကမ်ပိန်းတခု /  Representative Committee of ECSUs

ပညာရေးကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှုများ ရှိနေဆဲဟု ဝေဖန်ခံရ

by ထက်ခေါင်လင်း
11 January 2020
9.4k

တကယ့်ကို ပညာရေး ပြုပြင် ပြောင်းလဲမည်ဆိုလျှင် ကျောင်းသားများနှင့် လက်တွေ့ ထိတွေ့ ဆက်ဆံ နေကြရသည့် ဆရာ၊ ဆရာများ၏ အဆင့်အတန်းနှင့် စာသင်ကျောင်းများ၏ အဆင့်အတန်းကို တိုးမြှင့် ပေးရမည်

မိုင်းတုံမြို့နယ်တွင် ထားရှိသည့် Quarantine Center / Aung Kyaw Oo / Facebook

Quarantine Center ကို ပိတ်ထားသည့် မြို့နယ်ထွေအုပ်အား အစိုးရအဖွဲ့ထံ တိုင်ကြား

by နန်းလွင်နှင်းပွင့်
7 April 2020
23.1k

မိုင်းတုံမြို့နယ်၊ ပုံပါကျင် မြို့နယ်ခွဲ တွင် မတ်လအတွင်း ထိုင်းနိုင်ငံဘက်မှ ပြန်လာသူများထဲမှ ၂ ဦးမှာ ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်းများ ဖြစ်သဖြင့် ရောဂါခြေချုပ်ဖြင့် ထားပြီး ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ ပိုးမတွေ့ရှိဟုလည်း သိရသည်။

လူရွှင်တော်ကြီး မိုးဒီ  / ချစ်ပိုး / ဧရာဝတီ

ကိုဗစ်ရောဂါ ကုသစဉ်က အတွေ့အကြုံတွေကို ပြောပြလာတဲ့ မိုးဒီ

by ချစ်ပိုး
11 January 2021
13.5k

“ကိုယ်ရောက်သွားတဲ့ အဆောင်က မိုးလင်းမှန်းမသိ၊ မိုးချုပ်မှန်းမသိ နေ့တွေ ညတွေလည်း ပျောက်နေတာပေါ့။ ဆန်ပြုတ်ပဲ စားပြီး အသက်ရှင်နေတာပဲ သိတယ်။

Next Post
“Black Widow” ရုပ်ရှင်

“Black Widow” ရုပ်ရှင် ရုံတင်မယ့်ရက်ကို Disney နောက်ဆုတ်

ဘောလိဝုဒ် မင်းသမီး Deepika Padukone

မူးယစ်ဆေးကိစ္စ စစ်ဆေးမှုခံယူရန် မင်းသမီး Deepika Padukone ဆင့်ခေါ်ခံရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate