• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန် ၄၄ မြို့နယ်၌ ကိုယ်စားလှယ်များထား၍ စားနပ်ရိက္ခာ ဖြန့်ဖြူးပေးမည်

by မျိုးပပစန်း
25 September 2020
in သတင်း
A A
ယခု စက်တင်ဘာလအတွင်းက တွေ့ရသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်မှ ဈေးတချို့ / ထက်ဝေ / ဧရာဝတီ

ယခု စက်တင်ဘာလအတွင်းက တွေ့ရသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်မှ ဈေးတချို့ / ထက်ဝေ / ဧရာဝတီ

21.8k
VIEWS
Share on FacebookShare on Twitter

Stay at Home ထုတ်ထားသည့် ရန်ကုန်တိုင်းမှ မြို့နယ် ၄၄ မြို့နယ်တွင် စားနပ်ရိက္ခာ ဖြန့်ဖြူးရောင်းချရေးအတွက် ကိုယ်စားလှယ်များ ထားကာ ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ၂၄ ရက်က ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲမှ သိရသည်။

ထို့အတွက် ရန်ကုန်တိုင်းရှိ ကိုကိုးကျွန်းမြို့နယ်မှ အပ ကျန် ၄၄မြို့နယ်တွင် ဈေးပေါင်း ၁၈၆ဈေးများမှ ဈေးသည်များ အနေဖြင့် ကုန်စည်ဖြန့်ဖြူးရာ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ သီးခြားသွားရောက်စရာ မလိုတော့ဘဲ၊ အဆိုပါ ကိုယ်စားလှယ် များမှ တဆင့် ကုန်စည်များ ဖြန့်ဖြူးရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
87
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.7k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
53

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးခင်ဟန်က “လိုတဲ့ ကုန်စည်ကို ကိုယ့်မြို့နယ်မှာ ရှိတဲ့ ကိုယ်စားလှယ်က ဘုရင့်နောင်မှာ လိုတဲ့ပစ္စည်းတွေ ပတ်ဝယ်မယ်။ ပြီးရင် သူ့မြို့နယ်မှာသူ သွားဖြန့်မယ်။ ပြောရရင်တော့ ၄၄ မြို့နယ်က ကိုယ်စားလှယ် တယောက်စီကပဲ လာဝယ်လို့ ရတဲ့သဘော ဖြစ်သွားတာပေါ့၊ အဲဒီမှာရှိတဲ့ ဈေးသည်တွေက ကိုယ် လိုတာ ကို ဘုရင့် နောင်ပွဲရုံကို သွားဝယ်စရာ မလိုဘူးပေါ့” ဟု ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးသို့ စားသောက်ကုန်များ အဓိက လက်လီ၊ လက်ကား ဖြန့်ဖြူးပေးနေသည့် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ယခု Stay at Home ကာလ ပထမရက်တွင် ပိတ်ထားသော်လည်း စက်တင်ဘာ ၂၅ရက်က ပွဲရုံပေါင်း ၁ ထောင်ခန့် ဖွင့်ထားသဖြင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်နေသေးကြောင်း၊ နောက်ရက်များတွင်မူ ပွဲရုံ ၇၀၀ကျော်သာ ဖွင့်နိုင်မည်ဟု ယူဆကြောင်း သူက ရှင်းပြသည်။

ထိုသို့ ပြုလုပ်ရခြင်းမှာ လူဦးရေ ထူထပ်မှုကို လျှော့ချရာလည်း ရောက်ခြင်းကြောင့် ယင်းစနစ်ဖြင့် ဝယ်ယူမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောသောကြောင့် ကုန်စည်ဒိုင်ဘက်မှလည်း သဘောတူထားကြောင်း စက် တင်ဘာလ၂၄ ရက်က ရန်ကုန်မြို့တော်ဝန်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာကို ပြောပြသည်။

“ကိုယ်စားလှယ်ကိုတော့ မြို့နယ် စည်ပင်က ရွေးမယ်။ ကျနော်တို့က ဘုရင့်နောင် ပွဲရုံက ဒိုင်အနေနဲ့ ရောင်းချပေးရုံပဲ”ဟု ဦးခင်ဟန်က ဆိုသည်။

ထို့ပြင် ရန်ကုန်သို့ ဝင်ရောက်မည့် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းသွားလာခွင့်နှင့် ကုန်စည်စီးဆင်း မှုအတွက် YCDC ၊ UMFCCI ၊ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် မြန်မာနိုင်ငံ အဝေးပြေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကလည်း Stay at Home သတ် မှတ်ထားသော မြို့နယ်များရှိ ဈေးများ၌ ရောင်းချမည့် ကုန်စိမ်း၊ သားငါးများကို ကုန်စိမ်းနှင့် သားငါးဒိုင်များမှ ယင်းမြို့ နယ်များသို့ တိုက်ရိုက် အရောက် ပို့ဆောင်ပြီး ဖြန့်ဖြူးရောင်းချရန်၊ မြို့နယ်အတွင်း နေထိုင်သည့် ဈေးရောင်းသူများက လည်း မြို့နယ်ကျော်လွန်၍ သွားရောက် ယူဆောင်ခြင်း မပြုရန် YCDC မှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ကြေညာထား သည်။

ယခုလို ရန်ကုန်မြို့၏ Stay at Home ကာလအတွင်း တမြို့နယ်နှင့် တမြို့နယ် ဖြတ်သန်းသွားလာခွင့်နှင့် ပတ်သက်၍ လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ခွင့်ပြုထားသည့် လုပ်ငန်းများဖြစ်သည့် ဘဏ်၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းများနှင့် နေ့စဉ် တကိုယ် ရေသုံးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေနှင့် အွန်လိုင်းမှ ခွင့်ပြုချက် ယူကာ လုပ်ဆောင်သည့် စနစ်ကို စက်တင်ဘာလ၂၅ ရက်မှ စတင် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

UMFCCI ၏ အတွင်းရေးမှူး ဦးအေးဝင်းက “ ဒီနေ့ က စပြီးတော့ ရဲတို့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက ညွှန်ကြားချက် ရှိတာ ပေါ့နော်။ တမြို့နယ်နဲ့ တမြို့နယ် မဖြတ်ကျော် အောင် ထိန်းရမယ့် တာဝန် ရှိတယ်။ ဒါပေမယ့် စားနပ်ရိက္ခာတွေကို ဆိုင် တွေ သွားပို့မယ့် ဖြန့်ဖြူးတဲ့သူတွေက ဒီနေရာမှာ အခက်အခဲ ရှိနိုင်တယ်။ ဒီအတွက်ကို အသင်းချုပ်ဘက်ကနေ ဆော့ဝဲလ် တခုကို ချက်ချင်း ရေးဆွဲနေတယ်။ မကြာခင် လွှင့်တင်နိုင်မယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

မြို့နယ်ဖြတ်ကျော်ခွင့် ခွင့်ပြုထားသည့် လုပ်ငန်းများက ယင်းဆော့ဝဲလ်နှင့် အွန်လိုင်းမှ စာရင်းပေးသွင်း၍ အမှန်တကယ် ခွင့်ပြုထားသည့် လုပ်ငန်းဖြစ်ပါက ချက်ချင်း ခွင့်ပြုမိန့် ရယူနိုင်သည်ဟု ၎င်းက ဆိုသည်။

“ခွင့်ပြုမိန့်က ဘယ်လိုထွက်လာမလဲဆိုရင် သူ့ဆီမှာ ဝန်ထမ်း ၁၀ ယောက်ရှိရင် အဲဒီ ၁၀ ယောက်စာရဲ့ အိုင်တီနံပါတ်နဲ့ အွန်လိုင်းမှာ တခါတည်း ထွက်လာမယ်။ အဲဒီတော့ တမြို့နယ်က တမြို့နယ်ကို ဖြတ်တယ်ဆိုရင် မသင်္ကာလို့ စစ်ရင် ဒီလူက ဖြတ်သန်းခွင့်ရှိလား ဆိုတာ ချက်ချင်း သိနိုင်မယ်” ဟု ဦးအေးဝင်းက ရှင်းပြသည်။

ထို့ကြောင့် အိုင်တီ နည်းပညာဖြင့် ကုန်စည်စီးဆင်းမှုကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရက သတ်မှတ်ထားသော Stay at Home ၁၄ ရက် ကာလအတွင်း အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူအားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ၎င်းက ပြောသည်။

You may also like these stories:

အစိုးရအနေဖြင့် စားနပ်ရိက္ခာအစား ငွေကြေးထောက်ပံရန် လုပ်ငန်းရှင်များတင်ပြ

လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်း အစိုးရ ထောက်ပံ့မည်

Your Thoughts …
Tags: Stay at homeကုန်စည်ဒိုင်စားနပ်ရိက္ခာ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

တရုတ်- မြန်မာ နယ်စပ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း / ဧရာဝတီ

တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား

by သက်ထားမောင်
4 December 2024
3.1k

စစ်တပ်မှ အချို့က စစ်ကောင်စီနှင့် တရုတ်တို့ ပူးပေါင်းပိတ်ဆို့၍ ထိုဒေသရှိလူများ အကုန်လုံး ငတ်နေကြပြီဟု ထင်နေကြခြင်းဖြစ်၏။

ဂွသို့ ဆုတ်ခွာနေသည့် စစ်တပ် ချင်းကွင်းတံတားကို မိုင်းခွဲ

ဂွသို့ ဆုတ်ခွာနေသည့် စစ်တပ် ချင်းကွင်းတံတားကို မိုင်းခွဲ

by ရိုးကျော်
25 July 2024
2.6k

သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် သံတွဲတောင်ဘက် ဂွမြို့နယ်ဘက်သို့ ဆုတ်ခွာတပ်စွဲနေပြီး ဒေသခံများအား လုံခြုံရေးအထူးတင်းကျပ်ထားသလို စစ်တပ်ဂိတ်များကိုလည်း ခြံစည်းရိုးများဖြင့် ကာရံထားကြောင်း

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ

by ရိုးကျော်
20 January 2024
2.4k

သံတွဲဒေသရဲ့ ထင်သာမြင်သာရှိတဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွား လာရေးလုပ်ငန်းတွေကို ပိတ်ဆို့လိုက်သလို လုပ်ငန်းအားလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ စက်သုံးဆီ ရောင်းဝယ်ဖောက် ကားမှုတွေကိုပါ ကန့်သတ်လိုက်တာပါ။

ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

ဆန်အိတ် ခံကတုတ် တွေ့ပြီးနောက် အလွဲသုံးစားလုပ်မှုကို WFP ရှုတ်ချ

by ဟိန်းထူးဈာန်
21 December 2024
1.7k

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP သိုလှောင်ရုံကို စစ်ကောင်စီတပ်များက လုယက် မီးရှို့သည်ဟု စွပ်စွဲခံရပြီးနောက် ခြောက်လအကြာတွင် ထိုသတင်းများ ထွက်လာခြင်းဖြစ်သည်။

ကရင်နီစစ်ရှောင်တို့ရဲ့ ဝိုးတဝါး အိမ်ပြန်လမ်း

ကရင်နီစစ်ရှောင်တို့ရဲ့ ဝိုးတဝါး အိမ်ပြန်လမ်း

by ခွာညို
19 March 2024
1.3k

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ မယ်စဲ့နှင့် ဖားဆောင်း မြို့နယ် ၈ မြို့နယ်အတွင်း လူဦးရေ ၄ သိန်းခွဲဝန်းကျင် ရှိသည့်အနက် ၃ သိန်းခွဲမှာ စစ်ဘေးရှောင်နေရပြီး...

Next Post
၂၀၂၀ ရွေးကောက်ပွဲက ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ အရိပ်မိုး ထိုးနေသည် / အောင်ကျော်ထက် / ဧရာဝတီ

ဂျုံမှုန့် ပြည်သူ၊ မရှိမဖြစ် တဆေးနဲ့ ဒီမိုကရေစီ ပေါင်မုန့်

တပ်မတော်က စတင်ကုသပေးနေသည့် မှော်ဘီ ဆေးဘက်ပညာသင်ကျောင်း / ဧရာဝတီ

ကိုဗစ် အတည်ပြု အရပ်သား လူနာများကို ကုသမှု စပေးနေပြီဟု တပ်မတော် ပြော

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate