သတင်း

COVID-19 ရောဂါဖြင့် ဒုအရာခံဗိုလ်အဆင့် တပ်မတော်သားတဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

COVID-19 ကူးစက်ရောဂါပိုး တွေ့သဖြင့် ကုသမှုခံယူနေသည့် ဒုအရာခံဗိုလ်အဆင့်ရှိ စစ်သည်၁ ဦး ကွယ်လွန်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားသည်။

“ သေဆုံးမှုက ၂ ယောက်ရှိပါပြီ။ အငြိမ်းစား ဆရာမကြီး ၁ ယောက်ရယ်၊ ဟိုတနေ့ကမှ ဒုအရာခံဗိုလ် အဆင့်ရှိတဲ့ စစ်သည် တယောက်ရယ်။ စစ်သည်က သူကတော့ အရင်ကတည်းက ကင်ဆာအခံရှိတယ်လို့ သိရတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း က ရှင်းပြသည်။

ယင်း စစ်သည် သေဆုံးသည့် ရက်စွဲအတိအကျကိုမူ မသိရှိရသေးပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြု ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၂၄ ရက်နေ့ တနေ့တည်းတွင်ပင် ရန်ကုန်မြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ၊ ကုတင် ၅၀၀ ၌ ကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သို့သော် ယင်းသေဆုံးသူများသည် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများ ဟုတ်/မဟုတ် အတည်မပြုနိုင်သေးပေ။
တပ်မတော် စစ်မှုထမ်းများအတွင်း COVID-19 ရောဂါပိုး တွေ့ရှိမှုအနေဖြင့်လည်း စက်တင်ဘာ ၂၃ ရက်နေ့အထိ စာရင်းများအရ ၇၀ ဦးအထိရှိပြီ ဖြစ်ပြီး ပထမလှိုင်းအဖြစ် ကူးစက်မှုအတွင်း ပိုးတွေ့ရှိသူ ၁၇ ဦးနှင့် ဒုတိယလှိုင်း အဖြစ် ကူးစက်မှုတွင် ၅၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပထမလှိုင်း ကူးစက်မှုအဖြစ် တွေ့ရှိခဲ့သည့် တပ်မတော်သား ၁၇ ဦးလုံး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံများမှ ဆင်းခဲ့ပြီဖြစ်ပြီး ကျန်သူများအား ဆက်လက် ကုသမှုပေးလျှက်ရှိကြောင်းလည်း သိရသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းအထိ COVID-10 ရောဂါပိုး အတည်ပြုလူနာ ၈၅၁၄ ဦးဖြစ်ပြီး ၎င်းတို့ထဲမှ ပြန်လည်သက်သာကောင်းမွန်လာသူ ၂၃၈၁ ဦးနှင့် သေဆုံးခဲ့သူ ၁၇၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

အင်းစိန်ရွာမ စာသင်တိုက်ရှိ သံဃာနှင့် လူ ၂၇၉ ဦး တွင် ကိုဗစ်ပိုး ထပ်တွေ့

ကိုဗစ် အတည်ပြု အရပ်သား လူနာများကို ကုသမှု စပေးနေပြီဟု တပ်မတော် ပြော

ရန်ကုန် ၄၄ မြို့နယ်၌ ကိုယ်စားလှယ်များထား၍ စားနပ်ရိက္ခာ ဖြန့်ဖြူးပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading