သတင်း

ထိုင်းကျန်းမာရေး အာဏာပိုင်များ မြန်မာနိုင်ငံကို စောင့်ကြည့်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသစ်များ တရိပ်ရိပ်တက်လာနေရာ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန (DDC) က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် မြန်မာမြို့ကြီးများကို စောင့်ကြည့်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုင်းနိုင်ငံတွင် ဒုတိယလှိုင်းမဖြစ်ပေါ်ရေးအတွက် အထောက်အကူဖြစ်စေရန် အလုပ်သမားငှားရမ်းခြင်း အထူးသဖြင့် မြန်မာအလုပ်သမား ငှားရမ်းခြင်းကို ရပ်ဆိုင်းသင့်ကြောင်း DDC ညွှန်ကြားရေးမှူးချုပ် ဆူဝန်နာချိုင် ဝပ်တန်နာယင်ချာယွန်ချိုင်က စက်တင်ဘာလ ၂၄ ရက်နေ့တွင်ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုတိုးလာပြီး စုစုပေါင်း ၆၇၄၅ မှုရှိလာကြောင်းကို သိရှိပြီးနောက် ဒေါက်တာ် ဆူဝန်နာချိုင်က သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာခြင်းသည် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသည့် ပုံစံနှင့်တူနေကြောင်းလည်း သူပြောသည်။ အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်မှုသစ် နေ့စဉ် တသိန်းခန့်ရှိနေသည်။ နယ်နိမိတ်ခြင်း ထိစပ်နေသောနိုင်ငံများမှ အခြေအနေကို ကျန်းမာရေးနှင့် လုံခြုံရေး အာဏာပိုင်များက အနီးကပ်စောင့်ကြည့်နေသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ ကိုဗစ်-၁၉ ကူးစက်မှုများသည် တိုးနေသောကြောင့် စိုးရိမ်စရာဖြစ်ကြောင်း အထူးသဖြင့် မလေးရှားနိုင်ငံတွင် စက်တင်ဘာလ ၂၄ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၀၃၅၈ ဦးရှိကြောင်း ဒေါက်တာ ဆူဝန်နာချိုင်ပြောသည်။

စိုးရိမ်စရာ အခြေအနေများကြောင့် မြန်မာအစိုးရသည် မြို့တော်ဟောင်း ရန်ကုန်ကို လော့ဒေါင်းပြန်ချထားရပြီး ကျောင်းများနှင့် အထည်ချုပ်စက်ရုံများကိုလည်း ပိတ်ထားရသည်။

နေအိမ်မှ အလုပ်လုပ်ရန် ပြည်သူလူထုကို ပြောထားရသည်။ ရောဂါထိန်းချုပ်ရန် တင်းကျပ်သည့် အစီအမံများကိုလည်း ချမှတ်ထားရသည်။

၎င်းတို့ဌာနအနေဖြင့် ကိုဗစ် ဒုတိယလှိုင်း အန္တရာယ်ကို စိုးရိမ်ကြောင်း DDC မှ ကူးစက်ရောဂါဌာနခွဲအကြီးအကဲ ဝါလိုင်ရက် ချိုင်ဖူ ပြောသည်။

စက်တင်ဘာ ၂၄ ရက်နေ့ စာရင်းအရ ကန်ချနာဘူရီနှင့်ထိစပ်နေသည့် မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၁၆၉ ခု၊ မယ်ဟောင်ဆောင်၊ တာ့က်နှင့် ကန်ချနာဘူရီတို့နှင့် ထိစပ်နေသည့် ကရင်ပြည်နယ်တွင် ကူးစက်မှု ၃၆ ခု၊ ချင်းရိုင်၊ ချင်းမိုင်နှင့် မယ်ဟောင်ဆောင်တို့နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တွင် ကူးစက်မှု ၂၃ ခု နှင့် ကန်ချနာဘူရီ၊ ရက်ချာဘူရီ၊ ဖက်ချာဘူရီ၊ ပရာချွပ် ခီရိ ခန် နှင့် ရနောင်းတို့နှင့် ထိစပ်နေသော တနင်္သာရီတိုင်းတွင် ကူစက်မှု ၂၁ ခု ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် နာမည်ကောင်းရနေပြီး စက်တင်ဘာလ ၃ ရက်နေ့အထိ ပြည်တွင်းကူးစက်မှု လုံးဝ မရှိဘဲ နေခဲ့သည်။

You may also like these stories:

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်

တာချီလိတ်-မယ်ဆိုင် ပုံမှန်ကုန်သွယ်ရေး ပြန်ဖြစ်ရန် ထိုင်းနိုင်ငံက ပြန်လည်ညှိနှိုင်း

ရွှေလီမြို့ Lockdown ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading