သတင်း

မန္တလေးတိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီတို့ကို ကိုဗစ်ယာယီဆေးရုံအဖြစ် ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်လူနာများအား တိုးလာပါက ထားရှိကုသပေးနိုင်ရန် မန္တလေးတိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီတို့ကို ယာယီဆေးရုံအဖြစ် ပြင်ဆင်ကာ စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်း ကိုဗစ် ၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြော သည်။

ဝန်ကြီး ဦးဇာနည်အောင် က “တကယ်လို့ ကိုဗစ်လူနာတွေ ထပ်တိုးလာခဲ့ရင် အဲဒီနေရာတွေမှာ ထားနိုင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ သွားကြည့်ပြီး စီစဉ်ထားတဲ့သဘောပါ။ အခုလည်း ဆေးရုံမှာရှိနေတဲ့လူနာတွေလည်း ကျန်းမာရေးကောင်းလို့ ပြန်ဆင်းကြသလို လက်ရှိ ထားတဲ့ဆေးရုံမှာလည်း လူနာထားဖို့က ရှိပါသေးတယ်” ဟု ပြောသည်။

သို့ဖြစ်ရာ အောင်မြေသာစံမြို့နယ်ရှိ ကုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ဘောလုံး အကယ် ဒမီကျောင်းတို့တွင် ဆေးရုံသုံး ပစ္စည်းများ ထားရှိနိုင်ရန် အတွက် ပြီးခဲ့သည့်အပတ်က သွားရောက် စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းဆေးရုံတွင် ယာယီဆေးရုံ ပြုလုပ်ရန်အတွက် လိုအပ်သောဆေးဝါးများ ထပ်မံဖြည့်ရန် လိုအပ်ပြီး ကိုဗစ်လူနာ များအား အသင့် ဆေးကုသမှုပေးနိုင်မည့် အခြေအနေရှိ၍ ဘောလုံးအကယ်ဒမီကျောင်း၌ ဆေးရုံပုံစံ ပစ္စည်းကိရိယာ များ ထပ်မံပြင်ဆင်ပေးရမည်ဖြစ်ကာ ယာယီဆေးရုံ ၂ ခုအား စုစုပေါင်း လူနာ ၂၀၀ အတွက် ဆေးကုသမှုပေးနိုင်ရန် ပြင်ဆင်မည် ဖြစ်သည်။

လက်ရှိတွင် မန္တလေးခရိုင်အတွင်း စစ်ဆေးတွေ့ရှိရသည့် ကိုဗစ် ၁၉ ပိုးတွေ့လူနာများကို မန္တလေးမြို့ပေါ်ရှိ ကန်တော် နဒီ ဆေးရုံနှင့် ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံတို့၌ ထားရှိကုသလျက်ရှိသည်။

မန္တလေးတိုင်းတွင် စက်တင်ဘာ ၂၇ ရက်အထိ ပိုးတွေ့ရှိသူ ၂၅၃ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိပြီး တိုင်းအတွင်း၌ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ သက်ဆိုင်ရာနေရာများ၌ အသွားအလာ ကန့်သတ်ထားသူ ၂၆၀၀ ကျော် ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာ ၂၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာပေါင်း ၁၁၀၀၀ နီးပါးရှိလာပြီး ၎င်းအနက် သေဆုံးသူ ၂၂၆ ဦးသလို မန္တလေးတိုင်း၌လည်း ကိုဗစ်လူနာတေ့ွရှိမှု တိုးလာသဖြင့် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ပိုးတွေ့ရှိမှုများသည့် ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်တို့အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ပြည်ထောင်စုကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

You may also like these stories:

ကိုဗစ်ကြောင့် Stay at Home မြို့နယ်များတွင် ကွင်းဆင်း မဲဆွယ်ခွင့်မပြု

ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ

ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading