• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်တပ်လှုပ်ရှားမှုကြောင့် အိန္ဒိယသူပုန်များ ရွှေ့ပြောင်းနေရ

by ဧရာဝတီ
29 September 2020
in သတင်း
A A
အိန္ဒိယ- မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်များ / The Diplomat

အိန္ဒိယ- မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်များ / The Diplomat

11.9k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အနောက်မြောက်ပိုင်း နာဂဒေသရှိ အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် သူပုန်အုပ်စုများမှာ ၎င်းတို့၏ အခြေစိုက်စခန်းများကို ရွှေ့ပြောင်းနေရကြောင်း အိန္ဒိယသတင်းဋ္ဌာန Hindustan Times ဆိုသည်။

အထူးသဖြင့် ဦးယုံးအောင် ခေါင်းဆောင်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်( NSCN-K)၊ အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားနေသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ -အိုက်ဆက် မွီဘာ NSCN-IM နှင့် အာသံညီညွတ် သော လွတ်လပ်ရေးတပ်ဦး (ULFA-I) တို့သည့် ၎င်းတို့၏ ကေဒါများ မထိခိုက်စေရေးအတွက် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ များကိုသာမက မြန်မာတပ်မတော်ကိုပါ အနီးကပ်စောင့်ကြည့်နေရပြီး၊ ပိုမိုဘေးကင်းသည့် နေရာများသို့ စခန်းပြောင်း ရွှေ့မှုများ ပြုလုပ်နေရကြောင်း အိန္ဒိယ ထောက်လှမ်းရေးဌာနများ၏ အကဲဖြတ်ချက်များကို ကိုးကား၍ ရေးသားထား ခြင်းဖြစ်သည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
172
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
399
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
93

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသည့် အိန္ဒိယစစ်ဘက်အရာရှိတဦးက“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး မြန်မာနဲ့အိန္ဒိယ စစ်တပ်တွေအကြား ညှိနှိုင်းဆောင်ရွက်မှုရှိလာပြီး သူပုန်တွေအတွက် ဆုတ်ယုတ်မှုဖြစ်လာတယ်။ ဒါပေမယ့် သူတို့တွေက နေရာပြောင်းရွှေ့သွားနိုင်ကြတုန်းပဲ” ဟု ဆိုသည်။

မြန်မာ့တပ်မတော်သည် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီနှင့် မတ်လအတွင်း စစ်ကိုင်းတိုင်း ခန္တီးဒေသတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်( NSCN-K)၏ ဌာနချုပ် တကားစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ့တပ်မတော်အနေဖြင့် လက်ရှိ အနောက်မြောက်ပိုင်း နာဂဒေသတွင် လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။

“NSCN- K အနေနဲ့ ဒီဒေသမှာ ရှိနေလို့ တပ်မတော်က စစ်ရေးဆောင်ရွက်တာ မဟုတ်ပါဘူး၊ အဓိကကတော့ သူတို့အနေနဲ့ ဟိုဘက်က သောင်းကျန်သူတွေကို လက်ခံလို့ ဖြစ်တာပါ၊ ဒါကြောင့် တပ်မတော်က အဲဒီနေရာမှာ တာဝန်ယူထားတာရှိတယ်” လို့ ၎င်းကဆိုသည်။

အိန္ဒိယသူပုန်အုပ်စုများသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ပြင်းထန်ခြင်းကြောင့် ပေါ်ပေါက်လာသော အလုပ်လက် မဲ့ဖြစ်မှုများကို အသုံးချပြီး ၎င်းတို့အဖွဲ့များအတွက် အလုပ်လက်မဲ့များကို လူသစ်စုဆောင်းနေကြောင်း အိန္ဒိယ ထောက်လှမ်းရေး သတင်းများကဆိုကြောင်း Hindustan Times ရေးသားသည်။

အိန္ဒိယ – မြန်မာနယ်စပ် စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်သူတဦးက “ရခိုင်က AA ကို နှိမ်နင်းဖို့အတွက် မြန်မာ စစ်တပ်ကအိန္ဒိယဆီက ဂြိုလ်တုနည်းပညာ အကူအညီလိုချင်တယ်၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာတဲ့ အနေအထားမှာ အိန္ဒိယက လိုချင်နေတဲ့ NSCN-K ကို မြန်မာပြည်ထဲမှာ မထားဘဲ ရှင်းလင်းတာ၊ဌာနချုပ်ကို တက်သိမ်းတာတွေ လုပ်လာတာ။ နောက်တစ်ချက်က NSCN-K က ကသည်းနဲ့ အာသံ သူပုန်တွ၊အိန္ဒိယကို တော်လှန်နေတဲ့အဖွဲ့တွေကို လက်ခံပြီး စစ်ရေးလေ့ကျင့်ပေးတဲ့ကိစ္စတွေလည်း ပါတာပေါ့”ဟု သုံးသပ်ပြောဆိုသည်။

မြန်မာတပ်မတော်သည် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်( NSCN-K)၏ ဌာနချုပ် တကားစခန်းကို သိမ်း
ပိုက်ရာတွင် အာသံနှင့် ကသည်းသူပုန် စုစုပေါင်း ၂၄ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထောင်ဒဏ် ၂နှစ်စီ အပြစ်ပေးခဲ့ပြီးနောက် ၂၀၂၀ခုနှစ် ဧပြီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်

အလားတူ NSCN- K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ၅ဦးနှင့် ငယ်သား ၆ ဦးကိုလည်း ၂၀၁၉ ခုနှစ် မတ်လတွင် ဖမ်းဆီး ကာ မတရားအသင်း အဖွဲ့ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂နှစ်စီချမှတ်ခဲ့ပြီးနောက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

You may also like these stories:

အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မှု ပျက်အောင်လုပ်ခြင်း လက်မခံဟု တပ်မတော်ပြော

အိန္ဒိယလက်နက်ကိုင်သူပုန်များ ထွက်သွားရန် မြန်မာတောင်းဆို

စခန်းသိမ်းခံရမှုကြောင့် NCA ထိုးရေး/မထိုးရေး မဆွေးနွေး နိုင်သေးဟု NSCN-K ပြော

နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော

နာဂအဖွဲ့ NSCN-K မှ ခေါင်းဆောင်ပိုင်း၅ဦး ထုတ်ပယ်ခံရ

နာဂအဖွဲ့ NSCN-K ခေါင်းဆောင်ဟောင်း ၅ ဦးကို ထောင်၂ နှစ်စီ ချမှတ်

အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ်

ဦးယုံးအောင် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာ

အိန္ဒိယ အစိုးရကို တော်လှန်သည့် ကသည်းသူပုန် ၂၂ ဦးကို မြန်မာ ပြန်လွှဲပေး

နာဂခေါင်းဆောင်ဟောင်း ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

Your Thoughts …
Tags: နာဂမြန်မာ့တပ်မတော်အိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.2k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
စက်တင်ဘာလ ၁၆ ရက် နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး အင်အားပြပွဲတခု / USDP Facebook

မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်

ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ကူးစက်မှုတွေ တဖန်ပြန် မြင့်တက်နေပါတယ်။

ဥရောပမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် စည်းမျဉ်းသစ် ထုတ်ပြန်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate