• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲဘက်ပြေးမှုနဲ့ ဖမ်းဆီး

by ထွန်းထွန်း
30 September 2020
in သတင်း
A A
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်  / UDP

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် / UDP

43.6k
VIEWS
Share on FacebookShare on Twitter

နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ် ကျော် မြင့်ဟွာဟူအား ရဲဘက်ပြေးမှုနှင့် စက်တင်ဘာ ၂၉ ရက်နေ့ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောဆိုသည်။

၎င်းနှင့် ပတ်သက်သည့် ဆက်နွယ်မှုများအား လုံခြုံရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ယမန့်နေ့က သမ္မတရုံးအနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ညပိုင်းတွင်ပင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
223
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
485
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

ဦးဇော်ဌေးက “မနေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိဖမ်းဆီးစစ်ဆေးနေသည့် အခြေအနေများနှင့် ပတ်သက်၍လည်း စိစစ်ဖော်ထုတ်ရေး ရဲလုပ်ငန်းစဉ်များ အပြီးပြတ်သေးသည့်အတွက် ဆောင်ရွက်နေဆဲသာဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်း၏ပါတီ UDP တာဝန်ရှိသူများထံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ သော် လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

တပ်မတော်ဘက်မှလည်း ဦးကျော်မြင့်အား ဖမ်းဆီးမှုကို သိရှိကြောင်း အတည်ပြုခဲ့ပြီး အသေးစိတ်အား ရဲတပ်ဖွဲ့ထံ မေးမြန်းရန် ဧရာဝတီသို့ ပြန်လည်ဖြေဆိုထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ သည် “မည်သူမဆို မိမိအား စွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှားစီရင်သော ပြစ်မှုအတွက်ဖြစ်စေ၊ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင်၊ သို့တည်းမဟုတ် ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှထွက်ပြေးလျှင်(သို့တည်းမဟုတ်) ထွက်ပြေးရန် အားထုတ်လျှင်ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟု ပြဌာန်းထားသည်။

ပုဒ်မ ၂၂၄ ဖြင့် ပြစ်မှုထင်ရှားပါက စီရင်ပါက ယင်းပြစ်ဒဏ်သည် မူလပြစ်မှုအပြင် အပိုခံရမည့်ပြစ်ဒဏ်ဖြစ်ကြောင်း လည်း သိရသည်။

ဦးကျော်မြင့်သည် မြန်မာကျုံယွမ်းကုမ္ပဏီအား ထူထောင်လုပ်ကိုင်ခဲ့ရာမှ ၁၉၉၇ ခုနှစ် ဒီဇင်လာလတွင် အမည်ပျက်စာရင်းသွင်းခံရကာ ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရသော်လည်း အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်သည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်ပြီး ဦးကျော်မြင့်အနေဖြင့် နိုင်ငံပုဒ်မ-၅(ည)ဖြင့်သာ အရေးယူခံရ ခြင်းဖြစ်ပြီး ငွေကြေးအရှုပ်အရှင်းများကြောင့် မဟုတ်ကြောင်း UDP ပါတီ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ဧရာဝတီသို့ ရှင်းလင်း ပြောထားသည်။

ထွက်ပြေးလွတ်မြောက်ပြီးနောက် ကနေဒါနိုင်ငံတွင် နေထိုင်နေစဉ် ကုမ္ပဏီရှယ်ယာများနှင့်ပတ်သက်ပြီး ပြဿနာ များဖြစ်ပေါ်ခဲ့ကြောင်းနှင့် တရားရုံးမှလည်း ၎င်းအား ဒဏ်ငွေချမှတ်အရေးယူခြင်းများရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ပါတီအသုံးစရိတ်များနှင့် ပတ်သက်၍ ဦးကျော်မြင့်၏ ကုမ္ပဏီတခုဖြစ်သည့် Myanmar Kyaw ကုမ္ပဏီကတဆင့် စိုက်ထုတ်အကုန်အကျခံကာ ပါတီစည်းရုံးရေးအတွက် ငွေကြေးများ သုံးစွဲနေခြင်းနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်မှုများရှိနေသည်။

ယင်းသို့ မေးခွန်းထုတ်မှုများအပေါ် Myanmar Kyaw ကုမ္ပဏီနှင့် ပတ်သက်၍ သိလိုပါကလည်း သက်ဆိုင်ရာ အခွန်ရုံးတွင် စုံးစမ်းနိုင်ကြောင်း ဦးကျော်မြင့်က ပါတီ၏ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောထားသည်။

UDP ပါတီအား ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံရွေး ကောက်ပွဲ ကော်မရှင်ထံတွင် အမှတ်စဉ် ၁၆ ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့သည်။

နှင်းဆီပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနောက် ကိုယ်စားလှယ်လောင်း ဒုတိယအများ ဆုံး ဝင်ပြိုင်သည့် ပါတီတခုဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် UDP ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

You may also like these stories:

၅ နှစ်အတွင်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက် သာအောင် ဆောင်ရွက်ပေးမယ်

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်မှုများ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

Your Thoughts …
Tags: UDPမိုက်ကယ်ကျော်မြင့်ရဲဘက်ပြေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အခြေခံလူတန်းစား ဘဝ တိုးတက်မြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်

သွေးသောက်အဖွဲ့မှာ ဘယ်သူတွေ ပါလဲ

by ဧရာဝတီ
13 June 2022
9.2k

ဧရာဝတီက စုံစမ်းသိရှိရသော အချက်အလက်တွေအရ လူမှုကွန်ရက်များတွင် နာမည်ခံဦးဆောင်နေသော သွေးသောက်အဖွဲ့ခေါင်းဆောင်များ၏ နောက်ကွယ်တွင် စစ်တပ်ပါဝင် နေသည်မှာ ထင်ရှားနေသည်။

မိုက်ကယ်ကျော်မြင့်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan နှင့် တခမ်းတနား တွေ့ဆုံခဲ့သည်

နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ

by ဧရာဝတီ
28 October 2020
28.8k

အရာအားလုံးမှ ပေါ်ထွက်လာသော မေးခွန်းမှာ မြန်မာနိုင်ငံ၏ ထိရှကျိုးပျက် လွယ်သည့် ကူးပြောင်းရေး ဖြစ်စဉ်ကို ဖျက်ဆီးရန် ကြီးမားသော စီစဉ် ကြံစည်မှုတခု ရှိ မရှိပင်။

မျိုးချစ်အမည်ခံ စစ်တပ်ထောက်ခံသူ မိုက်ကယ်ကျော်မြင့် / မိုက်ကယ်ကျော်မြင့် facebook မှ ကူးယူဖော်ပြသည်

မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့၏ အမှုများ စစ်ကောင်စီက ရုပ်သိမ်းပေး

by ဧရာဝတီ
19 May 2021
42.2k

စစ်တပ်ကို ထောက်ခံကြောင်း အစဉ်တစိုက်ပြောကာ NLD အစိုးရအပေါ် ဝေဖန်တိုက်ခိုက်သဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင် ဆိုသူတို့အား စစ်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့က အမှုများ ရုတ်လိုက်ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ  / ဧရာဝတီ

ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ

by ထွန်းထွန်း
18 June 2019
48.8k

ဝရမ်းပြေးဖြစ်သူ မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးစဉ် လက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းပြေး လက်ခံမှု ပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ခြင်းသည် အခြားသော ဝရမ်းပြေးများနှင့် ပတ်သက် သူများအား သတိပေး  တပ်လှန့်လိုက်ခြင်းဖြစ်သည်။

UDP ပါတီ၊ ဗဟိုတွဲဘက် အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦး / ထွန်းထွန်း / ဧရာဝတီ

၅ နှစ်အတွင်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက် သာအောင် ဆောင်ရွက်ပေးမယ်

by ထွန်းထွန်း
24 September 2020
58k

ပါတီစည်းရုံးရေးတွေကို ငွေကြေးပုံအော သုံးစွဲကာ ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့လည်း ဝေဖန် ထောက်ပြ မှုတွေ ရှိနေတဲ့အတွက် ပါတီက ဆောင်ရွက်နေတဲ့ အခြေအနေတွေကို UDP ပါတီ၊ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထက်ဦးနဲ့ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီမိုကရေစီပါတီသစ်(ကချင်- NDP-K) ၏ နာယက ဦးဇခုန်တိန့်ယိန်း / မျိုးမင်းစိုး / ဧရာဝတီ

UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်း မရှိဟု ဦးဇခုန်တိန့်ယိန်း ဆို

by နန်းလွင်နှင်းပွင့်
1 October 2020
96.7k

ဦးဇခုန်တိန့်ယိန်းက ၎င်းနာယကအဖြစ် ဦးဆောင်နေသည့် ဒီမိုကရေစီပါတီသစ် (ကချင်) က ပါတီအချင်းချင်း ညီညွတ်မှုကို လိုအပ်သော်လည်း ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့် ကင်းကင်းရှင်းရှင်းသာ ရှိလိုပါသည်ဟုလည်း စာထဲတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။

Next Post
"The Lion King" ရုပ်ရှင်

“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ Disney

ကိုဗစ်ကာလမှာ မသန်စွမ်းသူတွေ အကူအညီရဖို့ ညီတူ Application ဖန်တီး

ကိုဗစ်ကာလမှာ မသန်စွမ်းသူတွေ အကူအညီရဖို့ ညီတူ Application ဖန်တီး

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate