• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်တွင်း၌ ကိုဗစ် ကာကွယ်ဆေးအတုများ ရောင်းဝယ်မှုကို တားမြစ်ရေး စီစဉ်

by မျိုးပပစန်း
1 October 2020
in သတင်း
A A
ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံရမှု ရှိမရှိ တို့ဖတ်ယူကာ စစ်ဆေးနေစဉ် / ထက်ဝေ / ဧရာဝတီ

ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံရမှု ရှိမရှိ တို့ဖတ်ယူကာ စစ်ဆေးနေစဉ် / ထက်ဝေ / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ဈေးကွက်သို့ တရုတ်နိုင်ငံထုတ် COVID-19 ရောဂါ ကာကွယ်ဆေး အတုများ ဝင်ရောက်ခြင်း၊ ရောင်းဝယ်ခြင်း မရှိစေရန် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)၊ ဆေးဝါး ဦးစီးဌာနခွဲ ညွှန်ကြားရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဗဟို ကော်မတီက ညွှန်ကြားချက်အရ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားလို့ ထုတ်ပြန်လိုက်တာပါ။ ဘာလို့လဲ ဆိုတော့ အခု တရားမဝင် ဝင်တာတွေ ရှိနေတယ်။ ကာကွယ်ဆေးဆိုတာက ထိုးတဲ့ဆေးပဲ မမြင်နဲ့။ သူက သောက်ဆေး တွေရော ဘာတွေရော အမျိုးမျိုး ရှိတယ်။ အွန်လိုင်းကနေ ရောင်းနေတာ။ အဲဒါတွေက တရားမဝင်ဘူးဆိုတဲ့ သဘောမျိုး ကို ပြောတာ” ဟု ၎င်းက ဆိုသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
98
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
85
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
905

FDA အနေဖြင့် အွန်လိုင်းမှ ရောင်းချနေသူများကို သတိပေးခြင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့လည်း အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

လက်ရှိတွင် လူမှုကွန်ရက် Facebook စာမျက်နှာ၌ ကိုဗစ်ရောဂါ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးသည့် Test Kit ကို ငွေကျပ် ၂ သောင်းနှင့် ရောင်းချနေသည့်အပြင် တရုတ်နိုင်ငံထုတ် ဟု ဆိုသော COVID 19 ကာကွယ်ဆေးများကိုလည်း ရောင်းချ လျက်ရှိသည်။

ထိုသို့ ရောင်းချနေမှုများကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန် ကြားချက်အရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အကြောင်းကြားလာသဖြင့် စက်တင်ဘာလ တတိယပတ်က သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာထုတ်၍ ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း သိ ရသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေး၊ ကုသဆေးများကို ရောင်းချခွင့်ကို မည်သူမျှ မရရှိသေးကြောင်း၊ ယခုအချိန်တွင် ဆေးနှင့် ပတ်သက်သည့် အထောက်အထားများ ပြည့်စုံ လုံလောက်မှု မရှိသေးကြောင်း ဆေးဝါး ဦးစီးဌာနခွဲ ညွှန်ကြားရေးမှူး က ဆိုသည်။

အမျိုးသား ဆေးဝါး ဥပဒေတွင်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးများကို ကျန်းမာရေး ထောက်ခံချက် အသိအမှတ်ပြု မှတ် ပုံတင်ထားခြင်း မရှိဘဲ ဖြန့်ဖြူးရောင်းချပါက ပုဒ်မ ၁၈ အရ ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်းမှ ကျပ် ၅ သိန်း အထိ ဖြစ် စေ၊ ထောင်ဒဏ် ၇ နှစ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ COVID -19 ရောဂါဖြစ်ပွား၊ သေဆုံးမှု များပြားနေပြီး ကမ္ဘာ့နိုင်ငံကြီး ဖြစ်သည့် ရုရှား၊ အမေရိကန်၊ တရုတ်နဲ့ အနောက် ဥရောပနိုင်ငံများတွင် ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်နေသော်လည်း ယနေ့ချိန်အထိ WHO ၏ ဘေးကင်းကြောင်း အသိအမှတ်ပြု ထောက်ခံချက်ရရှိထားသည့် ကာကွယ်ဆေးမှာ မရှိသေး ကြောင်း FDA က ဆိုသည်။

ရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်းပြီး COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့် အခြေအနေ၊ ကုသဆေး ထုတ်လုပ်နိုင်သည့် အခြေ အနေ မရှိသော်လည်း ကာကွယ်ဆေး ပေါ်လာပါက အချိန်နှင့် တပြေးညီ မြန်မာနိုင် ငံသို့ ရောက်ရှိစေရန် ယခုအချိန်ကတည်းက စီစဉ်နေကြောင်းကို စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားသွားသည်။

၎င်းက ဆက်လက်၍ “ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ကနေ ဒီလို ဆေးထုတ်နေတဲ့ နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျမတို့ အနေနဲ့ မြန်မြန်ရဖို့ အလားအလာ ရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ ကျန်းမာရေးဌာနက ကြည့်ပြီး စမ်းသပ်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျမတို့လည်း မသေချောဘဲနဲ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေ မသုံးပါဘူး” ဟုလည်း ပြောဆိုသည်။

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာ မောင်မောင်လေး က “ကိုဗစ် ကာကွယ် ဆေးရယ်လို့ WHO က ထုတ်ပြန်ထားတာ မရှိပါဘူး။ ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်တဲ့ တိုင်းပြည်တွေ ရှိတော့ ဈေးကွက် ထဲမှာ လက်တွေ့ ရောင်းတာတွေ ကြားမိပါတယ်။ Delivery နဲ့ ပို့တာတွေဘာတွေတောင် ကြေညာထဲမှာ တွေ့မိတယ်။ တရုတ်ပြည်မှာက စပ်ဆေးတို့ ဘာတို့ ရှိတယ်တောင်ကြားတယ်။ ဒါပေမယ့် ဒါတွေက မှန်မှန်ကန်ကန် ပြောရရင် ဘယ်တခု မှ တရားဝင် သတ်မှတ်ထားတာ မရှိပါဘူး” ဟု ဆိုသည်။

ယခု ကိုဗစ်ကာလအတွင်း ဈေးကွက် လိုအပ်ချက်ရှိသော လက်သန့်ဆေးရည်များ၊ အရက်ပြန်၊ စီဗစ်၊ ပါတာစီတမော့ အစရှိ သည့် ဆေးဝါးများကို မြန်မာ့ဆေးဝါးလုပ်ငန်းက ပို၍ ထုတ်လုပ်ပေးနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းပြင် ကိုဗစ်ကာလသည် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးသဖြင့် ကာလမည်မျှကြာမည်ကို မှန်းဆရ ခက်ခဲသော ကြောင့်လည်း လိုအပ်သော ဆေးဝါးများအတွက် ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်း ကိရိယာများ၊ ထုပ်ပိုးပစ္စည်းများကို ယခု အောက်တိုဘာလမှ စတင်၍ အစိုးရက ဝယ်ယူရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ဆေးရုံများ၌် COVID-19 ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့် လုံလောက်မှု ရှိစေရေး အတွက် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေနှင့် ဝယ်ယူထားသည့် အပြင် GAVI (Global Vaccine Alliance) က အမေရိကန် ဒေါ် လာ ၁၀ သန်း၊ Global Fund က ဒေါ်လာ ၇ သန်း၊ Access to Health Fund က ဒေါ်လာ ၁၆ သန်း၊ WHO က ဒေါ်လာ ၅ သန်း၊ USAID က ဒေါ် လာ ၈ သန်း၊ ADB ဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း၊ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၈ သန်း အစရှိ သည့် အဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ထောက်ပံ့ပစ္စည်း ကိရိယာများ ရောက်ရှိထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတော် အစိုးရကလည်း အထူး အပိုဆောင်း ထောက်ပံ့ငွေ ကျပ် ၂၆၇ ဘီလီယံ ကျပ်နှင့် အလှူရှင်များ၏ ထောက်ပံ့ငွေများလည်း လက်ခံလျက် ရှိသည်။

You may also like these stories:

ဧရာဝတီတိုင်းရှိ ပရဟိတအဖွဲ့ ၃၀၀ ကျော် မြို့အဝင် စစ်ဆေးရေးဂိတ်များ၌ ကူညီပေးမှုများ ရပ်ဆိုင်း

COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဖွဲ့စည်း

COVID-19 အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် ဖွဲ့စည်းမည်

Your Thoughts …
Tags: COVID-19FDAကာကွယ်ဆေးအတု
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
၂၀၁၉ ဩဂုတ်လအတွင်း လန်ဒန်မြို့တွင် တရုတ်ကျောင်းသားများ ဆန္ဒပြနေစဉ် / Getty Images

တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်လို့ ခရီးသွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံအားလုံးက ခရီးသွားတွေကို ဂျပန်သို့ ဝင်ရောက်ခွင့်ပြုမည်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate