သတင်း

ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရှိန်မြှင့်တင်ရန် antigen စမ်းသပ်မှုနည်းလမ်းသစ်ကို သုံးနေ

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကို “နောက်ဆုံးတိုက်ပွဲ” ဆင်နွှဲရန်အတွက် ကိုဗစ်-၁၉ ကူးစက်မှု စမ်းသပ်ခြင်း ပိုမိုလုပ်ဆောင်ပြီး ခြေရာခံကာ သီးခြားခွဲထားနိုင်ရန် antigen ကိုယ်ခံစွမ်းအားလှုံ့ဆော်သည့် စမ်းသပ်မှုအသစ်ကို အင်္ဂါနေ့က စတင်အသုံးပြုလိုက်သည်။

မြန်မာနိုင်ငံသည် ကိုရီးယားမှ လှူဒါန်းသည့် စမ်းသပ်ရေးကိရိယာများအပါအဝင် antigen စမ်းသပ်ရေး ကိရိယာ အစုံ ၄ သိန်း တင်သွင်းထားသည်။

ရခိုင်ပြည်နယ်တွင် တလအတွင်း ပြည်တွင်းကူးစက်မှု ပထမဆုံး စတင်ဖြစ်ပွားသည့် သြဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်း လူဦးရေ ၇ သန်းရှိသော ရန်ကုန်တွင်  ကူးစက်မှုပေါင်း ၉၅၀၀ ကျော်ရှိသည်။

ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နေသည့် ကျန်းမာရေးလုပ်သား ၁၀၀ ကျော်ကိုလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရပြီးဖြစ်သည်။

နေ့စဉ် polymerase chain reaction (PCR) စမ်းသပ်မှု ၅၀၀၀ ကျော် လုပ်ဆောင်နေကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ ထိုစမ်းသပ်မှုသည် နာရီအတန်ကြာတတ်သော်လည်း ဓါတ်ခွဲခန်းများတွင် စမ်းသပ်မှု မနိုင်မနင်းဖြစ်နေလျှင်မူ သုံးရက်အထိ ကြာတတ်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်ရှိ ဆေးရုံ ၉ ခုတွင် ပထမဆုံးအကြိမ် antigen စမ်းသပ်မှု ၆၀၀၀ ကျော်ပြုလုပ်သည်။

မြန်မာနိုင်ငံသည် antigen စမ်းသပ်ရေး ကိရိယာ အစုံ ၄ သိန်းတင်သွင်းထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ဧရာဝတီသို့ ကြာသပတေးနေ့တွင်ပြောသည်။

Antigen အလျှင်အမြန်စမ်းသပ်ရေး ကိရိယာ တစုံလျှင် ၅ အမေရိကန်ဒေါ်လာ ( ကျပ် ၆၅၀၀) ကုန်ကျပြီး PCR စမ်းသပ်မှုတခုပြုလုပ်လျှင် ကျပ် ၂ သိန်းခန့် (အမေရိကန်ဒေါ်လာ ၁၅၃) ကုန်ကျသည်။

Antigen စမ်းသပ်မှုသည် မိနစ် ၃၀ အတွင်း အဖြေသိရပြီး PCR စမ်းသပ်မှုသည် ဓါတ်ခွဲခန်းများတွင် ဝန်ပိနေပါက သုံးရက်အထိကြာကြောင်း ဒေါက်တာ သန်းနိုင်စိုး ပြောသည်။

Antigen စမ်းသပ်မှုများကို အရေးပေါ်လိုအပ်သည့် ဆေးဝန်ထမ်းများ၊ စောင်ကြည့်လူနာများနှင့် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း သိရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများတွင် အသုံးပြုသည်။

Antigen စမ်းသပ်မှုကြောင့် လူနာများကို ကိုဗစ်-၁၉ ကုသရေးဌာနများသို့ လွှဲပြောင်းပေးမှု ပိုမိုမြန်ဆန်လာပြီး ဆေးရုံးများတွင် ကုတင်နေရာလွတ် ပိုမိုရလာကြောင်း ဒေါက်တာ သန်းနိုင်စိုးပြောသည်။

လတ်တလော ရန်ကုန်ရှိဆေးရုံများတွင် စမ်းသပ်မှုအဖြေစောင့်နေသော လူနာများဖြင့် ပြည့်ကျပ်နေသည်။

“Antigen စမ်းသပ်မှုက မြန်ဆန်လို့ ဆုံးဖြတ်ချက်တွေ အလျှင်အမြန်ချလို့ရတယ်။ ဒါက ကျနော်တို့အတွက် အားသာချက်ပဲ”

“Antigen စမ်းသပ်မှုက မြန်ဆန်လို့ ဆုံးဖြတ်ချက်တွေ အလျှင်အမြန်ချလို့ရတယ်။ ဒါက ကျနော်တို့အတွက် အားသာချက်ပဲ”

ဟု ရန်ကုန်တိုင်း ကိုဗစ်-၁၉ တားဆီးကာကွယ်ကုသရေး ညှိနှိုင်းမှု ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“များများစမ်းသပ်နိုင်လေလေ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်လေလေပဲ” ဟု သူပြောသည်။

ရန်ကုန်ရှိဆေးရုံများတွင် antigen စမ်းသပ်မှုကို ပိုမိုလုပ်ဆောင်နေပြီး ရလဒ်များကိုလည်း သုံးသပ်နေကြောင်း သူပြောသည်။

ရန်ကုန်တိုင်းတွင် ဆေးရုံကုတင်နေရာ ၈၀၀၀ ကျော်ရှိပြီး နောက်ထပ် ကုတင်နေရာ ၁၅၀၀ ကိုလည်း ပြင်ဆင်နေသည်။

မြန်မာနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု ၈၀၀ ပတ်ဝန်းကျင်တွေ့နေရသည်။

ကြာသပတေးနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၄၃၈၆ ခုရှိပြီး လူ ၃၂၁ ဦး သေဆုံးကာ ၄၁၅၆ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထမြောက် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ပြီး ကူးစက်မှု ၁၁၄၈၄ ခုရှိသော မလေးရှားကိုကျော်တက်ကာ ကူးစက်မှု ၃၁၄၀၇၉ ရှိသော ဖိလစ်ပိုင်နိုင်ငံ၏နောက်တွင် ရှိနေသည်။ အင်ဒိုနီးရှားတွင် ကူးစက်မှု ၂၉၁၁၈၂ ရှိပြီး စင်္ကာပူတွင် ကူးစက်မှု ၅၇၇၈၄ ရှိသည်။

(Zaw Zaw Htwe ၏ Myanmar Uses New Test Kits to Intensify COVID-19 Containment Strategy  ကို ဘာသာပြန်သည်။)

You may also like these stories:

ကိုဗစ်ရောဂါပြင်းထန်လူနာများကို ကုသရန် သွေးရည်ကြည် ရှာရခက်နေ

ပြည်တွင်း၌ ကိုဗစ် ကာကွယ်ဆေးအတုများ ရောင်းဝယ်မှုကို တားမြစ်ရေး စီစဉ်

ကိုဗစ်ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားကုသမည်

Did you find apk for android? You can find new Free Android Games and apps.
Loading