ကမ္ဘာကျော် သူကြွယ် သူဌေးကြီး ဘေလ်ဂိတ်၏ Bill & Melinda Gates Foundation မှ တည်ထောင်သော ကမာ္ဘ့ ကာကွယ်ဆေး မဟာမိတ် GAVI က COVID-19 ကာကွယ်ဆေးကို ဒေါ်လာ ၃ ဒေါ်လာဖြင့် ပေးနိုင်သင့်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ က ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများအတွက် အရည်အသွေးမြင့် COVID-19 အမြန်စစ်ဆေးရေး ကိရိယာများကို ၎င်းတို့တတ်နိုင်လောက်သည့် ချိုသာသော ဈေးနှုန်း ဖြစ်သည့် တခုလျှင် အမေရိကန် ၅ ဒေါ်လာ အမြင့်ဆုံးနှုန်းဖြင့် ရရှိနိုင်အောင် ပြုလုပ်ပေးရန် အစီအစဉ်များကို ကြေငြာပြီး နောက်တရက်တွင် အဆိုပါ ကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ COVID-19 ကာကွယ်ဆေး နဲ့ ပတ်သက်လို့ ဘယ်နိုင်ငံမှ နောက်မှာ မကျန်ခဲ့သင့်ပါဘူး။ ဒီပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ကို ဒီပန်းတိုင်ကိုရောက်ဖို့ နောက်ထပ်ခြေလှမ်း တလှမ်း ပိုနီးစေပါတယ်”
GAVI ၏အမှုဆောင်အရာရှိချုပ် ဒေါက်တာ Seth Berkley က “ဒီဟာက ကမ္ဘာ့တောင်ပိုင်းအတွက် ကမ္ဘာ့တောင်ပိုင်းက ကာကွယ်ဆေးထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေး ရရှိဖို့ အချိန်ရောက်လာရင် ဘယ်တိုင်းပြည်မှ မကျန်အောင် သေချာဖို့ ကျနော်တို့ကို ကူညီခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
“ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ COVID-19 ကာကွယ်ဆေး နဲ့ ပတ်သက်လို့ ဘယ်နိုင်ငံမှ နောက်မှာ မကျန်ခဲ့သင့်ပါဘူး။ ဒီပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ကို ဒီပန်းတိုင်ကိုရောက်ဖို့ နောက်ထပ်ခြေလှမ်း တလှမ်း ပိုနီးစေပါတယ်”ဟု သူကပြောသည်။
ကမ္ဘာတဝန်း လူ တသန်းကျော် သေဆုံးခဲ့ရသော ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် တညီတညွတ်တည်း လက်ခံထားသည့် မည်သည့် ကာကွယ်ဆေးမျှ မတွေ့ရသေးပါ။
“ဒီကာကွယ်ဆေးတွေက တလုံးကို အမြင့်ဆုံးဈေးနှုန်း တခုအနေနဲ့ ၃ ဒေါ်လာ ရှိပါမယ်။ Coalition for Epidemic Preparedness Innovations (CEPI)၊ Bill & Melinda Gates Foundation နဲ့ SII (Serum Institute of India) တို့လိုမျိုး မိတ်ဖက်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရရှိနိုင်မယ့် ဈေးနှုန်းတခု ဖြစ်ပါတယ်” ဟု GAVI ကပြောသည်။
အင်္ဂလန် အခြေစိုက် ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် အမေရိကန် ကာကွယ်ဆေးဖွံ့ဖြိုးရေး ကုမ္ပဏီ Novavax တို့က လိုင်စင်လျှောက်ထားခဲ့သော ကာကွယ်ဆေးများအတွက် SII ၏ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန် ရန်ပုံငွေ အထောက်အပံ့များက အကူအညီ ဖြစ်စေလိမ့်မည်ဟု ၎င်းကပြောသည်။ အကယ်၍ အဆိုပါ ဆေးများ လိုင်စင် အပြည့်အဝ ရရှိရေးနှင့် WHO ၏ စစ်ဆေးသုံးသပ်မှုများတွင် အောင်မြင်မှု ရရှိခဲ့လျှင် ဆေးရရှိရေး အဆင်ပြေစေလိမ့်မည် ဖြစ်သည်။
GAVI ၏ ထောက်ပံ့မှုရရှိရန် အရည်အချင်း ပြည့်မီသော ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ်အလတ် စီးပွားရေး ၉၂ ခု အပြင် ယခုအချိန်အထိ ဝင်ငွေမြင့်မားသော စီးပွားရေး ၇၅ ခုက COVAX Facility (COVID-19 စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ နှင့် ကာကွယ်ဆေးများ ရှာဖွေရေး၊ ထုတ်လုပ်ရေးနှင့် ညီတူညီမျှ ရရှိရေးကို အရှိန်မြှင့်တင်ရန် GAVI က ဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု) တွင် ပါဝင်ရန် တရားဝင် ကတိပြုပြီး ဖြစ်သည်။ (ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ GAVI သည် ကိုဗစ်တိုက်ဖျက်ရေး အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ သန်းအား မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့ခဲ့သည်။)
“ဆင်းရဲတဲ့သူတွေက ကျန်ရစ်ခဲ့ပြီး ချမ်းသာကြွယ်ဝသူတွေက ကာကွယ်ဆေးတွေ၊ ရောဂါရှာဖွေကုသမှုတွေနဲ့ ကုထုံးတွေ ကို ရခွင့်ရှိတဲ့ ကမာ္ဘတခုကို ကျနော်တို့ လက်မခံနိုင်ပါဘူး”
စက်တင်ဘာလ ၂၉ ရက်နေ့က ဘာရိန်းနိုင်ငံတွင် ပြုလုပ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ဖိုရမ်၌ အွန်လိုင်းဗီဒီယိုမှတဆင့် ပြောကြားခဲ့သော မိန့်ခွန်းတွင် WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဗိုင်းရပ်စ်အကြောင်းကို ထည့်သွင်း ပြောဆိုခဲ့သည်။
“ဆင်းရဲတဲ့သူတွေက ကျန်ရစ်ခဲ့ပြီး ချမ်းသာကြွယ်ဝသူတွေက ကာကွယ်ဆေးတွေ၊ ရောဂါရှာဖွေကုသမှုတွေနဲ့ ကုထုံးတွေ ကို ရခွင့်ရှိတဲ့ ကမာ္ဘတခုကို ကျနော်တို့ လက်မခံနိုင်ပါဘူး”ဟု Tedros Adhanom Ghebreyesus က ပြောသည်။
“COVID-19 Tools Accelerator နှင့် COVAX Facility ကို လက်လှမ်းမီစေခြင်းက တဆင့် ဒီလိုမဖြစ်အောင် သေချာစေဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။”
COVAX Facility အတွက် မည်သည့်နိုင်ငံများက လက်မှတ်ရေးထိုးထားသည်ကို အပြည့်အဝ ထုတ်ဖော်ပြောဆိုရန် WHO ကရော GAVI ကပါ ပြင်ဆင်ထားခြင်းမရှိခဲ့ပါ။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနှင့် ဆွစ်ဇာလန် နိုင်ငံတို့က လက်မှတ် ရေးထိုးထားပြီး COVAX ညှိနှိုင်းရေးမှူးများက တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါက်တာ Seth Berkley က ပြောသည်။
သမ္မတ Donald Trump က WHO ကို သဘောမကျခြင်းကြောင့် ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံက ပြောထားပြီး ဖြစ်သည်။ ရုရှားနိုင်ငံက မည်သို့ လုပ်မည် ဆိုသည်ကို မသိရသေးပါ။
COVAX Facility တွင် ပါဝင်ရန် ၎င်း၏ ရည်ရွယ်ချက်ကို တူရကီက ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း တရားဝင် ပူးပေါင်းပါဝင်လာခြင်း မရှိသေးပါ။
ကိုးကား။ ။ Anadolu Agency
You may also like these stories:
ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရှိန်မြှင့်တင်ရန် antigen စမ်းသပ်မှုနည်းလမ်းသစ်ကို သုံးနေ
ပြည်တွင်း၌ ကိုဗစ် ကာကွယ်ဆေးအတုများ ရောင်းဝယ်မှုကို တားမြစ်ရေး စီစဉ်
ကိုဗစ်ရောဂါပြင်းထန်လူနာများကို ကုသရန် သွေးရည်ကြည် ရှာရခက်နေ