အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ကိုယ်စားလှယ်လောင်းများကို ပုတ်ခတ်စော်ကားသော၊ အသရေဖျက်သော စာသားများ လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေခဲ့သည် ဟုဆိုကာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာ NLD အတွင်းရေးမှူးက Mi Htaw Mon အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရ သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ယင်းအကောင့်၌ ‘NLD ပါတီနှင့် NLD ရွေးထားသည့် သူခိုးကြမ်းပိုး စားဖား အ ကျင့် စာရိတ္တမကောင်း ပညာမဲ့ ကိုယ်စားလှယ်လောင်းအချို့’ စသည့် အစချီရေးသားချက်သည် NLD ပါတီနှင့် ကိုယ်စား လှယ်လောင်းများကို ပုတ်ခတ်စော်ကား၊ အသရေဖျက်ခြင်းသာမက ပြည်သူလူထုမှ အထင်မြင်လွဲမှားစေနိုင်သည့် ပို့စ်ဖြစ် ၍ အမှုဖွင့်ရခြင်း ဖြစ်ကြောင်း တရားလို NLD ရပ်ကျေးအတွင်းရေးမှူး ဦးနိုင်နိုင်ဝင်းက ဧရာဝတီကို အတည်ပြု ပြောသည်။
ဦးနိုင်နိုင်ဝင်းက “ပို့စ်မှာ NLD ပါတီနဲ့ NLD ကိုယ်စားလှယ်လောင်းများဆိုပြီး တိုက်ရိုက်ကြီး ရေးထားတာ။ ကိုယ်စားလှယ် လောင်းဆိုတော့ ကျနော်တို့ မြို့နယ်မှာ ၄ ယောက် ရှိတယ်လေ။ ၄ ယောက်စလုံး ထိတာပေါ့။ တဦးတယောက်ကိုပဲ နာမည် တပ်တယ် ဆိုရင်တော့ အဲဒီတဦးတယောက်ကပဲ သူ့ရဲ့နစ်နာမှုအတွက် သူစွဲရလိမ့်မှာ။ ကိုယ်စားလှယ်လောင်း အား လုံးဆိုတော့ ပါတီက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းဆိုတာ ကျနော်တို့ ပါတီဝင်တွေ အားလုံးနဲ့ သက်ဆိုင် တယ်လေ။ အဲဒါကြောင့် ပါတီဝင် တဦးတယောက်အနေနဲ့ စွဲတာပေါ့” ဟု ဆိုသည်။
Mi Htaw Mon အကောင့်ပိုင်ရှင်အား အောက်တိုဘာ ၃ ရက်၊ ည ၈ နာရီခန့်က ချောင်းဆုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် အမှုဖွင့်ခံရသူအား ရဲစခန်းက ခေါ်ယူစစ်ဆေးပြီးနောက် အာမခံပေး ထား ကြောင်း သိရသည်။
အဆိုပါ Mi Htaw Mon အကောင့်ပိုင်ရှင်၏ အမည်ရင်းမှာ မိတင်ဌေးမွန်ဖြစ်ပြီး ၎င်းသည် မွန်ညီညွတ်ရေးပါတီ (MUP) မှ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောလင်းအောင်၏ ကမ်ပိန်းမန်နေဂျာအဖြစ် ဆောင် ရွက်နေသူ ဖြစ်သည်။
မိတင်ဌေးမွန်က ၎င်းအနေဖြင့် NLD ပါတီအပေါ် ထိခိုက်အောင် လုပ်ထားခြင်းမျိုး မရှိဘဲ ယခု ရေးတင်သည့် ပို့စ်သည် လည်း မည်သည့် ဥပဒေပညာရှင်ကပဲ ကြည့်ကြည့် ၆၆(ဃ) မမြောက်သည်ကို သိနိုင်ကြောင်း၊ အကယ်၍ အမှုမြောက် အောင် ဆောင်ရွက်မည် ဆိုပါကလည်း ရင်ဆိုင်ရန် အသင့်ဖြစ်ကြောင်း ပြောဆိုသည်။
“တကယ်လို့ တရားဥပဒေကို တရားဥပဒေအတိုင်း ဖြေရှင်းမယ်ဆိုရင် ကျမရဲ့အမှုက လုံးဝ မမြောက်ဘူး။ သူတို့က အနိုင် ကျင့်ပြီးတော့ အမှုကို မဖြစ်ဖြစ်အောင်လုပ်လို့ ဖြစ်သွားလို့ရှိရင်လည်း ကျမက အေးအေးဆေးဆေး ရင်ဆိုင်သွားမယ်။ ဘာ ကြောင့်လဲဆို ဒါတွေဟာ အနိုင်ကျင့်ပြီးတော့ လုပ်တယ်ဆိုတာကို ရွာသားတွေ၊ လူတွေအားလုံး သိသွားအောင် ထုတ်ပြနိုင် တဲ့အတွက် ဂုဏ်ယူတယ်” ဟု မိတင်ဌေးမွန်က ပြောသည်။
၂၀၁၂ မှ ၂၀၁၅ အတွင်း ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားများ၏ မဲကို NLD ရရှိပြီး အနိုင်ရရှိရေးအတွက် ဝိုင်းကူ ကြိုး စားပေးခဲ့သူ ၁ ဦးအနေဖြင့် မည်သည့်ပါတီကဖြစ်စေ ကိုယ့်မြို့နယ်အတွက် စွမ်းဆောင်ပေးနိုင်သော၊ ဥပဒေရေးရာ ကျွမ်း ကျင်သော ပညာရှင် လွှတ်တော်ကိုယ်စားလှယ်မျိုး လိုချင်သည့်အတွက် ယခုလို ရေးသားထောက်ပြခြင်းသာ ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အရ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်တောင်း ယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ NLD ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)တို့တွင် အနိုင်ရရှိခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် အနိုင်ရရှိထားသည်။
You may also like these stories:
MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ဝန်ကြီးဌာန သတိပေး
၂၀၂၀ ရွေးကောက်ပွဲနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့၏ အသံ
မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်