ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ အောက်တိုဘာလ ၃ ရက်မှ စတင် ကာ ယနေ့အထိ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် စစ်သည်များ ထိခိုက်ကျဆုံးမှုလည်း များပြားကြောင်း သတင်း ရရှိသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ ရသေ့တောင်မြို့နယ်အတွင်း ကျောက်တန်းကျေးရွာအနီးနှင့် အောင်သာစည်ကျေး ရွာအနီး တောင်တန်းတို့၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။
ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “တိုက်ပွဲကတော့ တော်တော် ပြင်း ထန်တယ်။ ရသေ့တောင်မြို့မှာ ဖြစ်တဲ့ တိုက်ပွဲအထဲမှာ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ မနေ့ကလည်း တိုက်လေယာဉ် တွေနဲ့ လာရောက် ဗုံးကြဲတာ ရှိတယ်။ လက်နက်ကြီးတွေလည်း နေ့တိုင်း လှမ်းပစ်ခတ်တာ ရှိတယ်” ဟု ဧရာဝတီသို့ ဆို သည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းကျေးရွာနှင့် ထီးစွဲကျေးရွာကြား အောင်သာစည် ကျေးရွာအနီးရှိ နွားခြံကုန်း စိုးမိုးတောင်ကုန်းပေါ်တွင် နှစ်ဖက် မဆုတ်တမ်း အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိပြီး တပ်မတော်က လေကြောင်း၊ ရေကြောင်း၊ ကြည်းတပ်များမှ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်များ ရှိကြောင်းလည်း သိရသည်။
ကျောက်တန်း ကျေးရွာသူ တဦးက “ကျမတို့ အဲဒီရွာဘက်မှာ လူတွေ မရှိတာ ကြာပြီ။ တချို့စစ်ဘေးရှောင်စခန်းမှာ စား သောက်ရေး အဆင်မပြေလို့ ပြန်သွားတာတော့ ရှိတယ်။ အဲဒီလူတွေက တိုက်ပွဲဖြစ်လို့ ရွာထဲမှာပဲ ပိတ်မိတာ ရှိမယ် ထင် တယ်။ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်သံတော့ ကြားတယ်။ ရွာအခြေအနေ ဘယ်လိုရှိတယ် ဆိုတာ လည်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ အောက်တိုဘာလ ၆ ရက်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း မေယုမြစ်ထဲမှ တပ်မတော် စစ်ရေယာဉ် ပစ်ခတ်မှုကြောင့် ကံပြင်ကျေးရွာနှင့် ပြင်းဝန်းကျေးရွာတို့တွင် လက်နက်ကြီးကျ၍ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ် များသို့ ဆက်သွယ်ထားသည့် ရေလမ်း၊ ကုန်းလမ်းများကို AA အဖွဲ့ ပိတ်ဆို့ထားသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ် ကြောင်း ဆိုသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “ထီးစွဲ ကျေးရွာဘက်မှာ ဖြစ်တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။ ရေလမ်းရော၊ ကုန်းလမ်းရော ပိတ်ဆို့ထားတဲ့အတွက် တပ်အနေနဲ့ကတော့ ရေယာဉ်တွေ၊ လမ်းပန်းဆက်သွယ်ရေး ဘေး အန္တာရာယ် ကင်းရှင်းအောင် ဆောင်ရွက်လျက် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင် ဆက်သွယ်ထားသည့် ကားလမ်းမနှင့် စစ်တွေ- ဘူးသီးတောင်- ရသေ့တောင် ရေလမ်းကြောင်းကို ရက္ခိုင်စစ်တပ် (AA) က ထီးစွဲကျေးရွာအနီးရှိ စိုးမိုးကုန်းပေါ်မှ အခိုင်အမာ နေရာယူ၍ ဖြတ်တောက်၊ ပိတ်ဆို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းပြန်ကြားရေးဌာနက ယမန်နေ့က သတင်း ထုတ်ပြန်ထား သည်။
ယင်းပြင် AA တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလအတွင်းကလည်း တပ်မတော် စစ်ရေယာဉ်များကို ၆ ကြိမ်တိုင်တိုင် ပစ် ခတ်မှု ရှိသည့်အတွက် တပ်မတော်မှ ဇွန်လကတည်း လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၄ ရက် က အဆိုပါ စိုးမိုးကုန်းအား အပြီးတိုင် သိမ်းပိုက် ရရှိကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို တိုက်ပွဲအတွင်း AA အဖွဲ့ဝင်များထံမှ အလောင်း၊ လက်နက်များ သိမ်းဆည်းရမိသလို တပ်မတော်သား စစ်သည်တချို့ လည်း ထိခိုက်ကျဆုံးမှု ရှိကြောင်းကို တပ်မတော်က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၄ ရက်အတွင်း တိုက်ပွဲတွင် ရသေ့တောင်မြို့နယ်၊ အောင်သာစည် ကျေးရွာအနီးရှိ AA အဖွဲ့ စိုးမိုးကုန်း တောင်ကုန်းကို အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ဆီမှ အလောင်း၊ လက်နက်တချိုကို သိမ်းဆည်း ရမိကြောင်း လည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်၍ “ ရသေ့တောင်မြို့နယ်မှာတော့ ၄ ရက် ညပိုင်းမှာလည်း ဆက်ပြီး တိုက်ပွဲ ဖြစ် တယ်။ လမ်းပန်းဆက် သွယ်ရေးအတွက် ဖြတ်တောက်တဲ့ စခန်းတွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ တပ်က ယာယီ သိမ်းပိုက် ဖြန့်ချထားတဲ့ နေရာတွေကို အင်အား အလုံးအရင်းနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်ရှိတယ်။ ကျနော်တို့ဘက်က စစ်သည်၊ အရာရှိတချို့ ကျဆုံးခဲ့ တာရှိတယ်။ လက်နက်တချို့ပျက်စီးခဲ့တာ ရှိတယ်။ ပြီးရင် မနေ့ကလည်း အဲဒီနေရာကပဲ စစ်ရေ ယာဉ်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီနေရာကို ပြန်ရရှိနိုင်ရေးအတွက် သူတို့ (AA) ဆောင်ရွက်လျက် ရှိတယ်။ ဒီနေ့ကတော့ အသေးစိတ် မသိရသေးဘူး” ဟု ဆိုသည်။
AA သတင်း ပြန်ကြားရေးဌာနဘက်ကလည်း တပ်မတော် သိမ်းပိုက်သော စိုးမိုးကုန်းအား အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ပြန်လည် တိုက်ခိုက်ခဲ့ပြီး ၂၄ နာရီအတွင်း ပြန်လည် ရရှိခဲ့ကာ တပ်မတော်ဘက်မှ လက်နက်ငယ် ၄၀ ကျော်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိကာ တပ်မတော်သား ၃၀ ဦး ကျဆုံးမှုရှိကြောင်း အောင်တိုဘာလ ၅ ရက် ညနေပိုင်းက ပြန်လည် ထုတ်ပြန်ထားသည်။
ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ် ရှောင်အရေအတွက်၂၂၀၀၀၀ ကျော်အထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့ ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်ဖြစ်စဉ်များကြောင့် ယင်းမြို့နယ် ကံပြင်စစ်ဘေးရှောင်စခန်းမှ အသက် ၆၀ အရွယ် ဦးသင်္ကြန်အောင်ကို လက်နက်ကြီးကျည်စ ထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် စေတီပြင် တိုက်နယ် ဆေးရုံသို့ တက်ရောက် ကုသနေကြောင်းလည်း သိရသည်။
ထို့ပြင် ရသေ့တောင်မြို့နယ် ရက်ခုန်တိုင်ကျေးရွာ (သမီးလှရွာ) အနီး မေယုမြစ်ထဲကနေ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်ကြောင့် ကံပြင်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦး အောင်သန်းစိန်နှင့် ပြင်ဝန်းကျေးရွာမှ အသက် ၈၄ နှစ် အရွယ် ဦးမောင်စိုး၊ အသက် ၈ နှစ်အရွယ် မောင်မျိုးသန့်ဇင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ နေ့လယ်ပိုင်း၌ REC က ထုတ်ပြန်ထားသည်။
တပ်မတော်က စစ်တိုင်ကြီး ၅ ခုအား တဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အကြမ်း ဖက်သမားများ ရှိသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှာ မြင့်မားနေသည့်နေသည့်အတွက် ရခိုင်ပြည်နယ် တခုလုံး Stay at Home နေထိုင်ကြရန် အစိုးရက အမိန့်ထုတ်ပြန် ညွှန်ကြားထားသော်လည်း တပ်မတော်နှင့် AA အဖွဲ့တို့၏ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုကြောင့် နေ့ စဉ်နှင့်အမျှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း၊ စစ်ရှောင်စခန်းများ၌ စုဝေးကာ နေထိုင် နေကြရလျက်ရှိသည်။
You may also like these stories:
ကိုဗစ်ကာလ ရခိုင်၌ စစ်ဘေးရှောင် ၃ သောင်းကျော်အထိ တိုးလာ
ပျောက်ဆုံးနေသော အရပ်သားများကို ဖမ်းဆီးထားခြင်းမရှိဟု AA ငြင်း