• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          နယ်မြေအငြင်းပွားမှုကြောင့် တပ်မတော်နှင့် RCSS တို့ စစ်ရေး တင်းမာ

          by နန်းလွင်နှင်းပွင့်
          7 October 2020
          in သတင်း
          Reading Time: 1 min read
          A A
          စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသော RCSS တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

          စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသော RCSS တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

          10.9k
          VIEWS
          Share on FacebookShare on Twitter

          ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး နယ်မြေကိစ္စ အငြင်းပွားမှု ဖြစ်နေကြောင်း သတင်း ရရှိသည်။

          တပ်မတော်နှင့် RCSS ကြား အောက်တိုဘာ ၃ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲသည် ပြေလည်သည်အထိ ညှိနှိုင်းနိုင်ခြင်းမရှိ သေးဘဲ တပ်မတော်ဘက်က RCSS ကို နယ်ကျော် လှုပ်ရှားသည်ဟု ပြောဆိုကာ RCSS ဘက်မှလည်း နယ်မကျော် ကြောင်း ပြောဆိုပြီး အပြန်အလှန် ငြင်းခုံမှုများ ရှိနေသည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          8.2k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          593
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          6.5k

          တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျောက်မဲက သူတို့နဲ့ ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ အဲဒါကြောင့်လည်း SSPP နဲ့လည်း သူတို့ တိုက်ပွဲ ဖြစ်တာလေ။ သူတို့နေရာက ရှမ်းတောင်ဘက်မှာ။ Bilateral ထိုးထားတဲ့ နေရာတွေ ရှိတယ်။ အဲဒီနေရာတွေကို ကျော်လွန်ပြီး မြောက်ဘက်ထိ ရောက်လာတာ။ အဲဒါပါပဲ”ဟု ဆိုသည်။

          အောက်တိုဘာ ၅ ရက်ကလည်း ကျောက်မဲမြို့နယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို RCSS တပ်ဖွဲ့ဝင် ၅ ဦးက အရပ်ဝတ်ဖြင့် လာပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်များ ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ် ချုပ် ဇော်မင်းထွန်းက ပြောသည်။

          ယမန်နေ့ မနက်ပိုင်းတွင်လည်း ကျောက်မဲမြို့နယ်၊ ရင်ကွဲတောင်အနီး ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများမှ ပြော သော်လည်း တပ်မတော်နှင့် RCSS နှစ်ဖက်လုံးမှ ယနေ့ စစ်ရေးအခြေအနေကို အတည်ပြု ပြောကြားနိုင်ခြင်း မရှိပါဟု ဆိုကြသည်။

          NCA မတိုင်မီ ချုပ်ဆိုသည့် Bilateral စာချုပ်များတွင် နယ်မြေ သတ်မှတ်သည့် သဘောတူညီချက်များ ပါသည်ဟု တပ် မတော်ဘက်မှ ပြောသော်လည်း RCSS ဘက်က သဘောတူထားခြင်း မရှိ ဟု ငြင်းဆိုသည်။

          RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေး က ကျောက်မဲမြို့နယ်တွင် စစ်ရေး တင်းမာနေဆဲ ဖြစ်ပြီး တပ် မတော်ဘက်မှ အင်အားထပ်ဖြည့်တင်း၍ ၎င်းတို့ တပ်ဖွဲ့ဝင်များရှိသည့် အနားတွင် လှုပ်ရှားနေဆဲဟု ဆိုသည်။

          တပ်မတော်ဘက်မှ နယ်မြေ ကျော်လွန် လှုပ်ရှားသည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “အခြေအမြစ် မရှိတဲ့ စကားပဲ။ NCA ထဲမှာလည်း အခန်းကဏ္ဍမှာ တခုမှ မပါတာတွေကို အမြဲတမ်း သုံးနေတဲ့ စကားတွေ ပါ။ တိုက်ပွဲကို ဆင်နွဲချင်လို့ အကြောင်းပြချက်တခုအဖြစ် အမြဲထည့်ထည့် ပြောပြီး ထိုးစစ်ဆင်နေတာ။ လုံးဝ မမှန်ကန် ပါဘူး။ RCSS တပ်ဖွဲ့ဝင်တွေကို မြောက်ပိုင်းမှာ မရှိစေချင်လို့ အကြောင်းပြချက် တခုအနေနဲ့ အမြဲ ထိုးစစ်ဆင်တယ်” ဟု ပြောသည်။

          RCSS သည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘော တူညီချက် တစောင်၊၂၀၁၂ ခုနှစ် ဇန်နဝါရီတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သဘောတူညီချက် တ စောင်၊ ၂၀၁၂ ခုနှစ် မေလတွင် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး သဘောတူညီချက် စာချုပ် တစောင်အပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို ချုပ်ဆိုထားကြသည်။

          NCA မတိုင်မီ ချုပ်ဆိုသည့် Bilateral စာချုပ်များတွင် နယ်မြေ သတ်မှတ်သည့် သဘောတူညီချက်များ ပါသည်ဟု တပ် မတော်ဘက်မှ ပြောသော်လည်း RCSS ဘက်က သဘောတူထားခြင်း မရှိ ဟု ငြင်းဆိုသည်။

          ၂၀၁၂ ခုနှစ် မေ ၁၉ ရက်က ကျိုင်းတုံမြို့တွင် သဘောတူ ချုပ်ဆိုခဲ့သည့် စာချုပ်၏ သဘောတူညီချက် (၂)၊ RCSS တပ် ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားရေး သဘောတူညီချက် တခု ဟူသည့် ခေါင်းစဉ်ဖြင့် ပါဝင်ပြီး ထိုထဲတွင် ပါဝင်သည့် နေရာများမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မုံးထနှင့် တာဆွယ်ပတ်ကြားတွင် တနေရာ၊ ရှမ်းပြည် နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ခွဲ နမ့်မယ်ကွန်းနှင့် နောင်အောမြောက်ခြမ်းတွင် တနေရာ၊ သံလွင်မြစ်ကူး ကူးတို့ဆိပ်များတွင် ၃ နေရာကို မြေပုံညွှန်းများဖြင့် နှစ်ဖက် သဘောတူညီထားသည့်အချက် ပါဝင်သည်။

          သို့သော် အဆိုပါ အချက်အလက်များသည် RCSS တပ်ဖွဲ့ တဖွဲ့လုံးအတွက် တပ်နေရာချထားရေး သဘောတူညီချက် ဟုတ် မဟုတ်ကို ဧရာဝတီမှ အတည်ပြုနိုင်ခြင်း မရှိပါ။

          ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက NCA စာချုပ်တွင် တပ်နေရာ ချထားရေး သဘောတူထားခြင်း မရှိဘဲ NCA ၏ နောက် ဆက်တွဲအဖြစ် ညှိနှိုင်းရမည့် တပ်နေရာ ချထားရေး သတ်မှတ်ရေးမှာလည်း ယနေ့ထိ လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် တပ်မ တော်ဘက်မှ ပြောသည့် နယ်မြေကျော်လွန်သည် ဆိုသည့် အချက်မှာ မမှန်ကန်ပါဟုလည်း ဆိုသည်။

          နှစ်ဖက်တပ်များ အနေဖြင့် နယ်မြေ ကင်းလှည့်ခြင်း၊ သွားလာခြင်းလုပ်ပါက တဖွဲ့နှင့်တဖွဲ့ အကြောင်းကြားပြီး နားလည်မှု ယူပါက အဆင်ပြေနိုင်သော်လည်း တပ်မတော်ဘက်မှ အင်အားဖြင့် အကြောင်း မကြားဘဲ သွားလာနေခြင်းကြောင့် ရှေ့ ဆက်လည်း တိုက်ပွဲဖြစ်နိုင်သည် ဟု ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။

          ဆက်လက်ပြီး ဒု ဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “RCSS ဘက်က အမြဲတမ်း ညှိနှိုင်းဖို့ တံခါးဖွင့်ထားတယ်။ ပြီးတော့ RCSS ဘက်က စပြီး ထိုးစစ်ဆင်တာတို့ တိုက်ပွဲ စတိုက်တာတို့ တခါမှ မရှိဘူး။ ရှမ်းမြောက်နဲ့ ပတ်သက်ရင် RCSS တပ်ဖွဲ့ဝင်တွေ က NCA မထိုးခင်ကတည်းက ရှိပြီးသား။ လားရှိုး၊ နမ့်ခမ်း၊ မူဆယ်ထိကို ရှိတယ်။ NCA မထိုးခင် ကတည်းက ရှိနေတာ။ ကျနော်တို့ ကြားမှာ နယ်မြေ သတ်မှတ်မှုက လုံးဝ မရှိသေးပါဘူး” ဟုလည်း ပြောဆိုသည်။

          အောက်တိုဘာ ၃ ရက်တွင် တိုက်ပွဲ အစပြုရခြင်းမှာ ကျောက်မဲမြို့နယ် ပုံဟိုးတောင်ခြေအနီး လုံခြုံရေးကင်းလှည့်နေသည့် တပ်မတော် စစ်ကြောင်းကို RCSS ဘက်မှ စပစ်ခတ်ခြင်းကြောင့် ကျောက်မဲမြို့နယ်အတွင်း အခြား နေရာများတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်ခြင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ပြောသည်။

          ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်က အပစ်ရပ် ကြေညာထားသည့် ကာလတွင် စတင် ထိုးစစ်ဆင်ခြင်းများ လုပ် ဆောင်ခြင်းမရှိဘဲ နယ်မြေလုံခြုံရေးအရ ကင်းလှည့်နေသည်ကို တိုက်ခိုက်ခံရခြင်းသာ ဖြစ်သည်ဟုလည်း ပြောဆိုထား သည်။

          RCSS ဘက်က တပ်မတော်၏ ပြောဆိုချက်မှာ မမှန်ကန်ကြောင်း ငြင်းဆိုပြီး RCSS တပ်ဖွဲ့ဝင်များ လှုပ်ရှားနေထိုင်နေသည့် နယ်မြေသို့ တပ်မတော်က စစ်ကြောင်း ဝင်လာပြီး စစ်ဆင်ရေး လုပ်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရပါသည်ဟု ပြောသည်။

          နယ်မြေကိစ္စအပြင် တိုက်ပွဲ စဖြစ်ရခြင်း အကြောင်းနှင့်လည်း တပ်မတော်နှင့် RCSS ကြား အပြန်အလှန် ငြင်းခုံနေဆဲ ဖြစ် သည်။

          တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘုန်းကြီးကျောင်း ၃ကျောင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ခိုလှုံနေရဆဲ ဖြစ်သည်။

          ခန့်ခဲကျေးရွာအုပ်စုမှ ဒေသခံအမျိုးသား ၁ ဦးမှာလည်း နေအိမ်အတွင်း ရှိနေစဉ် လက်နက်ကြီး ကျည်စ ထိမှန်သဖြင့် ကျောက်မဲ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

          ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS ကို နယ်မြေကျော်လွန် လှုပ်ရှားသည်ဟု ပြောဆိုသည်မှာ တပ်မတော် တဖက်တည်းမှ မဟုတ်ဘဲ ရှမ်းမြောက်တွင် အခြေစိုက် လှုပ်ရှားသည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့က ပြောဆိုမှုများ ရှိသည်။

          ၂၀၁၆ ခုနှစ်တွင် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းသို့ RCSS တပ်ဖွဲ့ဝင်များ ဝင်ရောက်လာ သဖြင့် TNLA နှင့် တိုက်ပွဲ ဖြစ်ပွားကာ TNLA နှင့် RCSS နှစ်ဖက် ခေါင်းဆောင်များကြားတွင်လည်း နယ်မြေ အငြင်းပွားမှု ဖြင့် မပြေလည်ကြပါ။

          ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင်လည်း နမ္မတူ၊ ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် RCSS နယ်မြေလုသည့် တိုက်ပွဲ များ ဖြစ်ပွားပြီး SSPP က TNLA နှင့် ပူးတွဲကာ RCSS ကို တိုက်ခိုက်ခဲ့သည်။

          ယနေ့ထိလည်း နမ္မတူမြို့နယ်တွင် TNLA နှင့် SSPP တို့ ပူးပေါင်းထားဆဲ ဖြစ်ပြီး RCSS နှင့် ပြေလည်ခြင်း မရှိပါ။

          ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS ဝင်ရောက် လှုပ်ရှားလာခြင်းမှာ တပ်မတော်က ခေါ်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား တပ် အချင်းချင်း ဖြစ်သည့် တိုက်ပွဲများတွင် RCSS ဘက်မှ တပ်မတော်က ကူတိုက်ပေးသည်ဟုလည်း TNLA နှင့်SSPP တို့က စွပ်စွဲထားသည်။

          TNLA နှင့် RCSS တို့ကြား တိုင်းရင်းသား တပ်အချင်းချင်း တိုက်ပွဲ မဖြစ်ရန်၊ ညှိနှိုင်းရန် ကြိုးစားသော်လည်း TNLA က RCSS ရှမ်းမြောက်မှ လုံးဝ ဆုတ်ခွာသွားရေးကို လက်ကိုင်ထားပြီး RCSS ဘက်က ရှမ်းပြည်နယ်တွင်း အတူယှဉ်တွဲ လှုပ်ရှားရေးကိုသာ ဆွေးနွေးလိုသဖြင့် နှစ်ဖက် ညှိနှိုင်းနိုင်ခြင်း မရှိပါ။

          You may also like these stories:

          တပ်မတော်နှင့် RCSS တိုက်ပွဲ ၊ ၁ ဦး ဒဏ်ရာရ ဒေသခံ ၈၀၀ ကျော် ထွက်ပြေး

          စည်းရုံးရေးဆင်းမည့် ပါတီများ အကြောင်းကြားရမည်ဟု RCSS ထုတ်ပြန်

          Your Thoughts …
          Tags: RCSSကျောက်မဲတပ်မတော်နယ်မြေအငြင်းပွား
          နန်းလွင်နှင်းပွင့်

          နန်းလွင်နှင်းပွင့်

          ဧရာဝတီ

          Similar Picks:

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          13.1k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          by သူရမောင်
          29 November 2023
          6.4k

          ကျောက်မဲအထွက် အေရှားဝေါ တိုးဂိတ်ထဲမှာရောက်ရှိနေတဲ့ စစ်ကြောင်းကို TNLA ဘက်က နိုဝင်ဘာလ ၂၇ ညနေ ၅ နာရီခန့်မှာ နာရီဝက်အကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး

          သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

          သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

          by ဧရာဝတီ
          12 November 2023
          3.1k

          ကျင်တီတံတားတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ကျောက်မဲမြို့ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁) မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဆက်တိုက်ပစ်ခတ်နေကြောင်း

          ဆွေးနွေး အဖြေရှာနည်းလမ်းသာ အကောင်းဆုံး ဆိုတဲ့ RCSS နှင့် မေးမြန်းခြင်း

          ဆွေးနွေး အဖြေရှာနည်းလမ်းသာ အကောင်းဆုံး ဆိုတဲ့ RCSS နှင့် မေးမြန်းခြင်း

          by ဧရာဝတီ
          23 August 2023
          2.6k

          တဖက်နဲ့တဖက်နဲ့ အလျှော့အတင်းထားပြီး စိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ပြီးတော့ တွေ့ဆုံညှိနှိုင်းကြဖို့ ရည်ရွယ်ချက်ရှိရင်တော့ အခြေအနေ ပြန်ကောင်းမယ်လို့ ယူဆတာပေါ့

          တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော် ထိပ်တန်းခေါင်းစဉ်များ ရာထူးအင်္ဂါစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

          တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

          by ထက်နိုင်ဇော်
          12 July 2019
          65.9k

          လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင်ရေး...

          တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

          တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

          by ထက်နိုင်ဇော်
          8 May 2020
          167.8k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

          Next Post
          COVID-19 ကြောင့် ကမ္ဘာကျော်ရုပ်ရှင် တော်တော်များများ ရက်ရွှေ့ဆိုင်းထားရပါတယ်။

          “Jurassic World” နဲ့ “The Batman” ရုပ်ရှင် ပြသမယ့်ရက် နောက်ဆုတ်

          ရခိုင်ပြည်နယ်မှာ အရွေ့တခု ရွေ့သွားတာမျိုး ကျမ မတွေ့ရဘူး (ရုပ်/သံ)

          ရခိုင်ပြည်နယ်မှာ အရွေ့တခု ရွေ့သွားတာမျိုး ကျမ မတွေ့ရဘူး (ရုပ်/သံ)

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.1k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved