• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်

by မင်းအောင်ခိုင်
13 October 2020
in သတင်း
A A
မောင်းတော်မြို့နယ်တွင် ရပ်ထားသော တပ်မတော် ရဟတ်ယာဉ်များ  / ထက်နိုင်ဇော်  / ဧရာဝတီ

မောင်းတော်မြို့နယ်တွင် ရပ်ထားသော တပ်မတော် ရဟတ်ယာဉ်များ / ထက်နိုင်ဇော် / ဧရာဝတီ

32.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ်( AA) တို့ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းက စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ်မတော်က ကြည်း၊ ရေ၊ လေတပ်များ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ ရသေ့တောင်မြို့နယ် သာစည်ကျေးရွာအနီးတောင်တန်းတွင် ယနေ့ မနက် ၁၀ ကျော် အချိန်က တကြိမ် ၊ မွန်းလွဲ ၃ နာရီကျော်အချိန်က တကြိမ် ၊ ညနေ ၄ နာရီ ကျော်က တကြိမ် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်သလို ကြည်းတပ် ၊ ရေတပ်များကလည်း လက်နက်ကြီး များဖြင့် လှမ်း၍ ပစ်ခတ်မှုများ ရှိနေကြောင်း ရသေ့တောင်ဒေသခံများက ပြောသည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
82
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
1.5k
စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
261

ရသေ့တောင်ဒေသခံ ဦးမောင်စောဝင်းက “ တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ ရက်ပိုင်းက အောင်သာစည်ကျေးရွာအနီးက တောင်တန်းမှာ ဖြစ်နေကြတာ။ တပ်မတော်က ဂျက်လေယာဉ် ၂ စီးနဲ့ မနက်ပိုင်းက တကြိမ် လာပစ်တယ်။

နေ့လည်ပိုင်းက တကြိမ် ၊ အခု ညနေ ၄ နာရီလောက်မှာလည်း တကြိမ် လာပစ်တယ်။ မြစ်ထဲကနေ စစ်ရေယာဉ် ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်။ အောင်သည်ရွာ ဘက်တော့ မီးခိုးလုံးတွေ ထွက်နေတာ တွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကလည်း “ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက ရသေ့တောင်မြို့နယ်မှာ ဖြစ်တဲ့တိုက်ပွဲထဲမှာ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ အရင် တိုက်ပွဲတုန်းက ရဟတ်ယာဉ် တွေနဲ့ လာဗုံးကြဲတာ။ အခု ဂျက်ဖိုက်တာတွေ ပါလာတယ်။ ရေတပ်ကလည်း ပစ်တယ်။ ကြည်းတပ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲမှာ လက်ရှိအချိန်အထိလည်း ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားနေသည့် အောင်သာ စည် ကျေးရွာ အပါအဝင် အနီးဝန်းကျင် ရှိ ကျေးရွာများမှ ရွာသားများမှာ စစ်ရေးပဋိပက္ခကြောင့် ပြီးခဲ့သော စက်တင်ဘာလ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေး နေရကြောင်းလည်း သိရသည်။

ယနေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်း ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

တိုက်ပွဲ ဖြစ်ပွားနေသော အောင်သာစည် ကျေးရွာ အနီးမှ မီးခိုးများ ထွက်နေစဉ်/ Maung Saw Win/facebook

ပြီးခဲ့သော အောက်တိုဘာလ ၃ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် အဆိုပါ ရသေ့တောင် မြို့နယ်အတွင်းက ကျောက်တန်း ကျေးရွာနှင့် ထီးစွဲကျေးရွာကြားက အောင်သာစည်ကျေးရွာအနီးရှိ နွားခြံကုန်း စိုးမိုး တောင်ကုန်းပေါ်တွင် တပ်မတော်နှင့် AA တို့ နှစ်ဘက် မဆုတ်တမ်း အပြန်အလှန်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။

အောက်တိုဘာလ ၄ ရက်နေ့အတွင်း တိုက်ပွဲတွင် ရသေ့တောင်မြို့နယ် ၊ အောင်သာစည် ကျေးရွာအနီးရှိ AAအဖွဲ့ စိုးမိုးကုန်းတောင်ကုန်းကို တပ်မတော် က အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့အလောင်း ၊ လက်နက်တချို့ကို သိမ်းဆည်း ရမိကြောင်း တပ်မတော်သတင်း ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

AA သတင်းပြန်ကြားရးဌာနကမူ တပ်မတော် သိမ်းပိုက်သော စိုးမိုးကုန်းအား အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြန်လည်တိုက်ခိုက် ခဲ့ပြီး ၂၄ နာရီအတွင်း ပြန်လည် ရရှိခဲ့ကာ တပ်မတော်ဘက်မှ လက်နက်ငယ် ၄၀ ကျော်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိကာ တပ်မတော်သား ၃၀ ဦးကျဆုံးမှု ရှိကြောင်း အောင်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန် ထားသည်။

ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော် ၊ ရသေ့တောင်၊ မြောက်ဦး မြို့နယ်တို့တွင် စစ်ရှောင်အရေအ တွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် များတွင် စစ်ရှောင်အရေ အတွက် ၂၂၀၀၀၀ ကျော်ထိ များပြား လာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( REC ) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

တပ်မတော်က စစ်တိုင်းကြီး ၅ ခု အား တဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အကြမ်းဖက်သမားများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။

You may also like these stories:

မြန်မာပြည်တွင် စစ်သုံ့ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်း

AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား

Your Thoughts …
Tags: AAတပ်မတော်တိုက်ပွဲရသေ့တောင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များကို COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်နေစဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ကာလအတွင်း ကုန်ကားပြေးဆွဲမှု ၆၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်မှ တရားမဝင်သွားလာ ရောင်းဝယ်မှုများ အရေးယူမည်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate