သတင်း

ရွေးကောက်ပွဲမဲဆွယ်ရာ ဒေါ်နယ်ထရမ့် ပြန်လာပြီ

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေးသို့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်ရောက်လာသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့သည့် အသက် ၇၄ နှစ် အရွယ် ရီပတ်ဘလစ်ကန်သမ္မတက “အခုအချိန်က စပြီး နောက် ၂၂ ရက် ကြာရင် အိမ်ဖြူတော်မှာ ကျနော်တို့ နောက်ထပ် ၄ နှစ် အနိုင်ရတော့မယ်။ ကျနော်တို့ရဲ့ တိုင်းပြည်ကို အရင်ကရှိခဲ့ဖူးတာထက် ပိုပြီးကြီးကျယ်ခန်းနားလာအောင် လုပ်တော့မယ်” ဟု သူ၏ ပြန်လည်ရွေးကောက်ခံရရေး အဓိကကျသည့် စစ်မြေပြင်များထဲမှ တခု ဖြစ်သည့် ဖလော်ရီဒါ ပြည်နယ်တွင် ပြောကြားခဲ့သည်။

မျက်နှာဖုံး ဝတ်ဆင်ထားခြင်း မရှိဘဲ ဒေါ်နယ်ထရမ့်က ကြီးမားသော လူအုပ်တခု၏ ရှေ့တွင် ၁ နာရီခန့် စကားပြောခဲ့ပြီး ကမာ္ဘပေါ်မှ မည်သည့်နိုင်ငံထက်မဆို ပိုမိုများပြားစွာဖြင့် အမေရိကန်နိုင်ငံမှ လူပေါင်း ၂၁၀၀၀၀ ကျော်ကို သေဆုံးစေခဲ့သော ဗိုင်းရပ်စ်ပိုးအပေါ် သူ၏ ခံနိုင်ရည် ကိုယ်ခံအားနှင့် ပတ်သက်၍ ဝင့်ကြွားခဲ့သည်။

“ကျနော်က အရမ်းကို အင်အားရှိနေတယ်လို့ ခံစားရတယ်။ ခင်ဗျားတို့က တစုံတခုကို အနိုင်ယူနိုင်တဲ့အခါ အဲဒါက ကောင်းမွန်တဲ့ ခံစားချက်ကို ပေးတယ်။ အခုဆိုရင် ခင်ဗျားက ရောဂါပြီးတယ်လို့တောင် ပြောတယ်။ ဘယ်လောက်အတွက် ဖြစ်မလဲ ဆိုတာ ကျနော်မသိပါဘူး။ တချို့က တဘဝလုံးအတွက်လို့ ပြောတယ်။ တချို့ လူတွေက တော့ ၄ လ လောက်လို့ပြောတယ်”

“ကျနော်က အရမ်းကို အင်အားရှိနေတယ်လို့ ခံစားရတယ်။ ခင်ဗျားတို့က တစုံတခုကို အနိုင်ယူနိုင်တဲ့အခါ အဲဒါက ကောင်းမွန်တဲ့ ခံစားချက်ကို ပေးတယ်။ အခုဆိုရင် ခင်ဗျားက ရောဂါပြီးတယ်လို့တောင် ပြောတယ်။ ဘယ်လောက်အတွက် ဖြစ်မလဲ ဆိုတာ ကျနော်မသိပါဘူး။ တချို့က တဘဝလုံးအတွက်လို့ ပြောတယ်။ တချို့ လူတွေက တော့ ၄ လ လောက်လို့ပြောတယ်” ဟု သူကပြောသည်။

ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွင် သူ၏ ရွေးကောက်ပွဲအလားအလာ အပေါ် မယိုင်မလဲ အကောင်းဘက်မှအမြင် ဆက်လက်ထားရှိသော်လည်း သူက ဒီမိုကရက်တစ်ပါတီမှ စိန်ခေါ်သူ အသက် ၇၇ နှစ်အရွယ် ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ နောက်တွင် ရောက်နေပြီး ကွာခြားချက်က ၁၀ ရာခိုင်နှုန်းကျော် လွန်နေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် Real Clear Politics အချက်အလက်များအရ သိရသည်။

ထိုအချိန်တွင် ဂျိုးဘိုင်ဒင်က ယခင် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့သည့် နေရာဖြစ်သည့် အနောက်အလယ်ပိုင်းပြည်နယ် တခုဖြစ်သော အိုဟိုင်းအိုး ပြည်နယ်သို့သွား၍ ဒေါ်နယ်ထရမ့်အပေါ် ဖိအားထပ်ပေးခဲ့သည်။ သူတို့ ၂ ဦးက ထိုပြည်နယ်တွင် ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရကြောင်း သဘောထား စစ်တမ်း ကောက်ယူမှုများက ဖော်ပြနေသည်။

“ဇန်နဝါရီလအကုန်မှာ (ကူးစက်ရောဂါကြောင့်) နောက်ထပ် လူပေါင်း ၂၀၀၀၀၀ အထိ ကျနော်တို့ ဆုံးရှုံးရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ အဲဒါတွေ အားလုံးဟာ သမ္မတက စတော့ဈေးကွက် တခုတည်းကိုပဲ စိုးရိမ်ပူပန်နေခဲ့လို့၊ သူက သိပ္ပံပညာကို လိုက်နာဖို့ ငြင်းဆန်ခဲ့လို့ ဖြစ်ပါတယ်” ဟု ဂျိုးဘိုင်ဒင်က ပြောသည်။

ဒေါ်နယ်ထရမ့်က သိပ္ပံပညာအပေါ် လျစ်လျူရှုခြင်းနှင့် ပတ်သက်သော ဂျိုးဘိုင်ဒင်၏ ထိုးနှက်ချက်သည် မျက်နှာဖုံးတပ်ရန် တွန့်ဆုတ်မှု အပါအဝင် အလွန် ကူးစက်လွယ်သော ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သမ္မတ၏ (တခါတရံတွင်) မထီမဲ့မြင် နိုင်လွန်းသော သဘောထားကို ရည်ညွှန်းခြင်းဖြစ်သည်။

အောက်စည်းတွင် ရောက်နေသော ဒေါ်နယ်ထရမ့်၏ အနေအထားက စက်တင်ဘာ ၂၉ ရက်တွင် ဂျိုးဘိုင်ဒင်နှင့် ပထမဆုံးအကြိမ် အချေအတင် စကားစစ်ထိုးမှုအပြီး ယခုအခါ ပိုမိုရှင်းလင်းလာသည်။ အဆိုပါ စကားစစ်ထိုးပွဲသည် ကြားဖြတ်ပြောဆိုခြင်း၊ အသုံးအနှုန်း ကြမ်းတမ်းခြင်းနှင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ပိုင်းရက်များအတွင်း သမ္မတ၏ကြေညာချက်တို့ကြောင့် မှတ်မှတ်ရရဖြစ်စေခဲ့သည်။

အပြင်းဖျားခြင်းကို ခံစားခဲ့ရပြီး သူ၏ ရောဂါကြောင့် အောက်ဆီဂျင် ၂ ကြိမ် ပေးခဲ့ရပြီးနောက် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သမ္မတက အခြားသူများအား ကူးစက်စေနိုင်မည့် အန္တရာယ်မရှိတော့ကြောင်း သူ၏ ဆရာဝန် ဒေါက်တာရှောင်ကွန်လေးက ပြောကြားခဲ့သည်။

ဖလော်ရီဒါ မဲဆွယ်ပွဲ မစတင်မီ ၄ နာရီအလိုတွင် ထုတ်ပြန်ခဲ့သော သမ္မတ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် နောက်ဆုံး ကြေငြာချက်တွင် ဒေါက်တာရှောင်ကွန်လေးက နောက်ပိုင်းရက်များတွင် ဒေါ်နယ်ထရမ့် ၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည် ဟု ပြောကြားခဲ့သည်။

ဖလော်ရီဒါ မဲဆွယ်ပွဲ မစတင်မီ ၄ နာရီအလိုတွင် ထုတ်ပြန်ခဲ့သော သမ္မတ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် နောက်ဆုံး ကြေငြာချက်တွင် ဒေါက်တာရှောင်ကွန်လေးက နောက်ပိုင်းရက်များတွင် ဒေါ်နယ်ထရမ့် ၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည် ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သော လများအတွင်း ဗိုင်းရပ်စ်ပိုး၏ ခြိမ်းခြောက်မှုကို ထပ်ခါတလဲလဲ လျှော့တွက်ခဲ့ခြင်းနှင့် ကူးစက်ရောဂါကို ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့ခြင်းတို့ကြောင့် ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်ခံနေခဲ့ရသော်လည်း သူ၏ အမြန်ပြန်လည် နာလန်ထလာမှုက သမ္မတကို သတ္တိရှိလာစေပုံရသည်။

ဒေါ်နယ်ထရမ့်က COVID-19 ကို မကြောက်ကြရန် ပြည်သူများကို ပြောကြားခဲ့ပြီး ယခုအခါ သူက ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ရောဂါပြီးဆုံးသွားပြီ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားမရှိဘဲ အောက်တိုဘာလ ၁၁ ရက်နေ့က Twitter တွင် ရေးသားခဲ့ရာ ရောဂါနှင့် ပတ်သက်၍ “နားလည်မှု လွဲမှားစေနိုင်သော၊ ထိခိုက်စေနိုင်သော သတင်းအချက်အလက် ဖြန့်ဝေခြင်း” မှ တားဆီးထားသည့် ၎င်းတို့၏ စည်းကမ်းကို ချိုးဖောက်ခြင်းတခု အဖြစ် Twitter က အဆိုပါ မက်ဆေ့ချ်ကို သတိပေးခဲ့သည်။ (ဒေါ်နယ်ထရမ့်၏ ရေးသားမှုကို ဖြုတ်ချခြင်း မပြုသော်လည်း အများပြည်သူ သိရှိနိုင်ရန် သတိပေးစာနှင့်အတူ ယှဉ်တွဲဖော်ပြပေးထားသည်)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် စီးပွားရေးက မဲဆန္ဒရှင်များအတွက် အဓိက ပြဿနာများ ဖြစ်သည်ဟု မြင်ကြသော်လည်း ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်များက လစ်ဘရယ် ပုံရိပ်တခု ဖြစ်သည့် တရားသူကြီး ရုသ်ဘေဒါ ဂျင်းစ်ဘာ့ဂ် Ruth Bader Ginsburg သေဆုံးသွားခြင်းကြောင့် ပေါ်ပေါက်လာသည့် တရားရုံးချုပ်မှ နေရာကို ဖြည့်ရန် သမ္မတ၏ ရွေးချယ်မှုကို အထက်လွှတ်တော်က အတည်ပြုပေးရေး အလောတကြီး ကြိုးပမ်းနေကြသည်။

တသက်တာအတွက် ခန့်အပ်ခြင်း ဖြစ်သည့် တရားရုံးချုပ် တရားသူကြီး နေရာကို နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအပြီးတွင် မဲဆန္ဒရှင်များက တိုင်းပြည်ကို မည်သူက ဦးဆောင်သည့်ကြောင်း ရွေးချယ်ပေးပြီးသည့် နောက်မှသာ အတည်ပြုသင့်ကြောင်း ဒီမိုကရက်များက ပြောသည်။

သို့သော်လည်း ရှေးရိုးစွဲ တရားသူကြီး အေမီဘားရက် Amy Barrett ကို ခန့်အပ်ရေး ရီပတ်ဘလစ်ကန် ထိန်းချုပ်ထားသည့် အထက်လွှတ်တော်၏ တရားစီရင်ရေး ကော်မတီတွင် ကြားနာမှုကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပြီး ရီပတ်ဘလစ်ကန်များက ရွေးကောက်ပွဲမတိုင်မီ အထက်လွှတ်တော်တွင် နောက်ဆုံး အတည်ပြု ဆုံးဖြတ်ပေးနိုင်ရန် ကြိုးစားနေသည်။

တရားရုံးချုပ်တွင် အေမီဘားရက်၏ တည်ရှိမှုက ကိုယ်ဝန်ဖျက်ချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရွေးကောက်ပွဲရလဒ်များအတွက် ဥပဒေရေးရာ စိန်ခေါ်မှုများ စသည့် အရေးကြီးသော ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်ချရမည့် အဖွဲ့ဝင် ၉ ဦး ရှိသော တရားရုံးချုပ်တွင် ရှေးရိုးစွဲဝါဒီများက လူများစုဖြစ်နေခြင်းကို ပိုမိုခိုင်မာ သွားစေလိမ့်မည်ဖြစ်သည်။

ကိုးကား။ ။ Kyodo

ကိုဗစ်ရောဂါအတွက် ဒေါ်နယ်ထရမ့်ကို ကျွေးတဲ့ ဆေးတွေ

တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ

ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ

တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading