• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရသေ့တောင်တွင် လက်နက်ကြီးကျ ရွာသား ၄ ဦး ဒဏ်ရာရ

by မင်းအောင်ခိုင်
14 October 2020
in သတင်း
A A
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ /  Zaw Zaw  / Facebook

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ / Zaw Zaw / Facebook

4.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာအတွင်း အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် က လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့်အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ လက်နက်ကြီး ထိမှန်သူများမှာ ပြာပင်ရင်းကျေးရွာသားမှာ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြထွန်း၊ အသက် ၅၆ နှစ် အရွယ် ဦးဘချို၊ အသက်၂၈ နှစ် အရွယ် ကိုမောင်မြခိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုသန်းစိန်မောင်တို့ ဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
131
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.4k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
477

ဒဏ်ရာ ရရှိသူ ကိုသန်းစိန်မောင်က “ကျနော်တို့ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ပထမ ရွာထဲကို လက်နက်ကြီး တလုံးလာ ကျတယ်။ ကျနော်တို့ ရွာသားတွေက စာသင်ကျောင်းထဲမှာ စုပြီး ဝပ်နေကြတဲ့အချိန် နောက် ထပ် ၃ လုံး လာကျတယ်။ အဲဒီမှာ ကျည်အစတွေ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် AA တို့သည် အောက်တိုဘာ ၄ရက်ကတည်းက ရသေ့တောင်မြို့နယ် ထီးဆွဲရွာအနီး စိုးမိုးကုန်းများ သိမ်း ပိုက်နိုင်ရေးအတွက် အပြန်အလှန် တိုက်ပွဲများဖြစ်နေခြင်းဖြစ်သည်။

ပြာပင်ကျေးရွာသားများက ၎င်းတို့ ရွာထဲသို့ ကျရောက်သည့် လက်နက်ကြီးကျည်ဆန်များမှာ ရသေ့တောင် အခြေစိုက် တပ်မတော် တပ်ရင်းများမှ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်းပြောဆိုသော်လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။

ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွ့ဲ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ဒဏ်ရာ ရရှိသူများကို သွားရောက် သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ရသေ့တောင်မြို့ခံ ကိုဘက္ကာက “ဒဏ်ရာ ရသူ ၄ ယောက်မှာ ၃ ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်။ အခုတော့ ကျနော်တို့ စက်လှေနဲ့ ရသေ့တောင် ဆေးရုံကို ပို့ ဆောင်ပေးလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီး ထိမှန်ခဲ့သူ ပြာပင်ရင်း ကျေးရွာသား ၄ ဦးမှာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်မောင်း စသည့် နေရာများတွင် လက်နက်ကြီးအစအန ထိမှန်သည့်ဒဏ်ရာများဖြင့် ရသေ့တောင် ဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

လက်နက်ကြီး ထိမှန်သော ပြာပင်းရင်းကျေးရွာသားများကို ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဓာတ်ပုံ – CJ)

အဆိုပါ ပြာပင်ရင်း ကျေးရွာတွင်း အိမ်ခြေ ၁၀၀ ကျော် ရှိပြီး ထိုသို့ ရွာထဲသို့ လက်နက်ကြီးကျည်ဆန်များ ကျရောက် ပေါက်ကွဲသည့်အတွက် လက်ရှိအချိန်တွင် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

တပ်မတော်နှင့် AA အကြား တိုက်ပွဲကြောင့် အောက်တိုဘာလ ၆ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်း လက်နက် ကြီးကျ၍ ကံပြင် ကျေးရွာသား ၁ ဦးနှင့် ပြင်ဝန်း ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို၊ အောက်တိုဘာလ ၅ ရက်တွင်လည်း စဖိုကျွန်း ကံပြင်ကျေးရွာ စစ်ဘေး ရှောင်စခန်းအတွင်း လက်နက်ကြီးကျ၍ အသက် ၇၃ နှစ်အရွယ် ဦးသင်္ကြန်အောင်မှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် အတွက် စစ်တွေ ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေရသည်။

ယင်းပြင် စက်တင်ဘာလ ၁၇ ရက်ကလည်း ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာအတွင်း လက်နက်ကြီး ကျ ရောက် ပေါက်ကွဲသဖြင့် ရွာသား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA)တို့ အောက်တိုဘာလ ၁၃ ရက်ကလည်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တပ်မတော်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့ပြီး နှစ်ဖက် စစ်သည်များ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။

အလားတူ အောက်တိုဘာလ ၃ ရက်မှ ၅ ရက် အထိလည်း အဆိုပါ အောင်သာစည်ကျေးရွာအနီးရှိ AA စိုးမိုးထားသည့် တောင်ကုန်းအား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိကြောင်း နှစ်ဖက် စလုံးက ထုတ်ပြန်ထားကြသည်။

ယမန်နေ့က ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး AA တပ်ဖွဲ့များ စိုးမိုးထားသည့် တောင်ကုန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ AAတို့ အောင်သာစည်၊ ကျောက်တန်း စသည့်ကျေးရွာများဘက်သို့ ဆုတ်ခွာသွား ကြောင်း၊ ၎င်း ကျေးရွာများကို AAတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် သည်။

ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်တို့တွင် စစ်ရှောင် အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင် အရေအတွက်၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က အောက် တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

တပ်မတော်က စစ်တိုင်းကြီး ၅ ခုအား တဖက်သတ် အပစ်ခတ် ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အကြမ်း ဖက်သမားများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။

ကိုရိုနာဗိုင်းရပ်စ်ပိုး တနေ့တခြား ကူးစက်မှု မြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်တခုလုံးအား Stay at Home နေထိုင် ကြရန် နိုင်ငံတော် အစိုးရမှ အမိန့်ထုတ်ပြန် ညွှန်ကြားထားသော်လည်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့တို့၏ နှစ် ဖက် စစ်ရေး လှုပ်ရှားမှုကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေ ကြ ရသည်။

You may also like these stories:

ရခိုင်မြောက်ပိုင်း၌ မိုင်းနှင့် ကြွင်းကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀ ရှိ

လက်နက်ကြီးကျည် ထိမှန်သည့် အမ်းဒေသခံ၂ ဦး စစ်တွေ ဆေးရုံ၌ ကုသမှုခံယူ

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်

Your Thoughts …
Tags: AAတပ်မတော်ပြာပင်ရင်းကျေးရွာရသေ့တောင်လက်နက်ကြီးကျည်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မင်းသမီး Gal Gadot

ပထမဆုံး "Wonder Woman" ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot

ဘရာဇီးဟာ ကမ္ဘာမှာ COVID-19 ကူးစက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။

ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူ ၁ သိန်းခွဲကျော်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate